Match Report UCL&UEL

အဂ်ါနေ့ည ချန်ပီယံလိဂ်ပွဲစဥ် ပွဲပြီးရလဒ် နဲ့ သုံးသပ်ချက်များ

မိုချန်ဂလာဘတ် ၂-၂ ရီးယဲလ်မက်ဒရစ်

အုပ်စုအဖွင့်ပွဲစဥ်မှာ ရှက်တာဒိုးနက်ကို အရေးနိမ့်ထားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ မိုချန်ဂလာဘတ်ရဲ့ နှစ်ဂိုးပြတ်ဦးဆောင်မှုကို နောက်ကလိုက်ကစားခဲ့ရပြီး ကာရင်မ် ဘန်ဇီမာနဲ့ ကက်စမဲရိုးရဲ့ နောက်ကျချေပဂိုးတွေနဲ့ အတူ အဝေးကွင်းမှာ သရေရလာဒ်နဲ့ ရမှတ်တမှတ်ကို ရယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ် ၃-၂ ဆဲလ်ဘတ်

ပြီးခဲ့တဲ့ တပတ်က ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ်ခဲ့ရတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တဦးတည်း ၂ ဂိုးသွင်းယူသွားခဲ့တဲ့ ယော်အာဖီးလစ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ဆဲလ်ဘတ်အသင်းကို အနိုင်ရရှိသွားခဲ့ပြီး သုံးမှတ်စတင်ရရှိခဲ့ပါတယ်။

လိုကိုမိုးတစ် မော်စကို ၁-၂ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်အသင်းဟာ ဂိုရက်ဇ်ကာရဲ့ အဖွင့်ဂိုးနဲ့ လိုကိုမိုးတစ်အသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၇၀ မှာ ကောင်တာကနေတဆင့် ချေပဂိုးပေးခဲ့ရပြီး ၇၉ မိနစ်မှာ ဂျိုရွှာ ကင်းမစ်ချ်ရဲ့ လှပတဲ့ကန်ချက်နဲ့ ဒုတိယပိုင်းအနိုင်ဂိုးဟာ ဘိုင်ယန်အသင်းရဲ့ ချန်ပီယံလိဂ် ၁၃ ပွဲဆက် နိုင်ပွဲကို ပုံဖော်ပေးသွားနိုင်ခဲ့ပါတယ်။

ရှက်တာဒိုးနက် ၀-ဝ အင်တာမီလန်

လူကာကူ ဦးဆောင်လာခဲ့တဲ့ အင်တာမီလန်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို အရန်လူအင်အားနဲ့ အနိုင်ယူပြခဲ့တဲ့ ရှက်တာဒိုးနက်ကို အခွင့်အရေးတချို့နဲ့ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့ပြီး ပွဲအပြီးမှာ သရေရလာဒ်နဲ့ပြီးဆုံးခဲ့ကာ အုပ်စုနှစ်ပွဲဆက် စိတ်ပျက်ဖွယ်ရာ သရေရလာဒ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

အခြား ချန်ပီယံလိဂ် အုပ်စုပွဲစဥ်များမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ အံ့ဖွယ် ၁၃ ဂိုးသွင်းပြီး ဂိုးမိုးရွာခဲ့တဲ့ အိုင်းယက်စ်အသင်းဟာ အတ္တလန်တာအသင်းကို နှစ်ဂိုးစီ သရေကျခဲ့ပြီး ပေါ်တိုအသင်းကတော့ အိုလံပီယာကို့စ်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

REF: FOX SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုခ်န္ဂလာဘတ္ ၂-၂ ရီးယဲလ္မက္ဒရစ္

အုပ္စုအဖြင့္ပြဲစဥ္မွာ ရွက္တာဒိုးနက္ကို အေရးနိမ့္ထားခဲ့တဲ့ ရီးယဲလ္မက္ဒရစ္အသင္းဟာ မိုခ်န္ဂလာဘတ္ရဲ႕ ႏွစ္ဂိုးျပတ္ဦးေဆာင္မႈကို ေနာက္ကလိုက္ကစားခဲ့ရၿပီး ကာရင္မ္ ဘန္ဇီမာနဲ႕ ကက္စမဲရိုးရဲ႕ ေနာက္က်ေခ်ပဂိုးေတြနဲ႕ အတူ အေဝးကြင္းမွာ သေရရလာဒ္နဲ႕ ရမွတ္တမွတ္ကို ရယူနိုင္ခဲ့ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ ၃-၂ ဆဲလ္ဘတ္

ၿပီးခဲ့တဲ့ တပတ္က ဘိုင္ယန္ျမဴးနစ္အသင္းကို ရႈံးနိမ္ခဲ့ရတဲ့ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ တဦးတည္း ၂ ဂိုးသြင္းယူသြားခဲ့တဲ့ ေယာ္အာဖီးလစ္ရဲ႕ ေနာက္က်အနိုင္ဂိုးေၾကာင့္ ဆဲလ္ဘတ္အသင္းကို အနိုင္ရရွိသြားခဲ့ၿပီး သုံးမွတ္စတင္ရရွိခဲ့ပါတယ္။

လိုကိုမိုးတစ္ ေမာ္စကို ၁-၂ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္အသင္းဟာ ဂိုရက္ဇ္ကာရဲ႕ အဖြင့္ဂိုးနဲ႕ လိုကိုမိုးတစ္အသင္းကို ဦးေဆာင္နိုင္ခဲ့ေပမယ့္ မိနစ္ ၇၀ မွာ ေကာင္တာကေနတဆင့္ ေခ်ပဂိုးေပးခဲ့ရၿပီး ၇၉ မိနစ္မွာ ဂ်ိဳ႐ႊာ ကင္းမစ္ခ်္ရဲ႕ လွပတဲ့ကန္ခ်က္နဲ႕ ဒုတိယပိုင္းအနိုင္ဂိုးဟာ ဘိုင္ယန္အသင္းရဲ႕ ခ်န္ပီယံလိဂ္ ၁၃ ပြဲဆက္ နိုင္ပြဲကို ပုံေဖာ္ေပးသြားနိုင္ခဲ့ပါတယ္။

ရွက္တာဒိုးနက္ ၀-ဝ အင္တာမီလန္

လူကာကူ ဦးေဆာင္လာခဲ့တဲ့ အင္တာမီလန္အသင္းဟာ ရီးယဲလ္မက္ဒရစ္အသင္းကို အရန္လူအင္အားနဲ႕ အနိုင္ယူျပခဲ့တဲ့ ရွက္တာဒိုးနက္ကို အခြင့္အေရးတခ်ိဳ႕နဲ႕ ၿခိမ္းေျခာက္နိုင္ခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့ၿပီး ပြဲအၿပီးမွာ သေရရလာဒ္နဲ႕ၿပီးဆုံးခဲ့ကာ အုပ္စုႏွစ္ပြဲဆက္ စိတ္ပ်က္ဖြယ္ရာ သေရရလာဒ္ကို ပိုင္ဆိုင္သြားခဲ့ပါတယ္။

အျခား ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မ်ားမွာေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲမွာ အံ့ဖြယ္ ၁၃ ဂိုးသြင္းၿပီး ဂိုးမိုး႐ြာခဲ့တဲ့ အိုင္းယက္စ္အသင္းဟာ အတၱလန္တာအသင္းကို ႏွစ္ဂိုးစီ သေရက်ခဲ့ၿပီး ေပၚတိုအသင္းကေတာ့ အိုလံပီယာကို႔စ္အသင္းကို ႏွစ္ဂိုးျပတ္နဲ႕ အနိုင္ရခဲ့ေၾကာင္း သိရပါတယ္။

REF: FOX SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.