Premier League

၂၂.၂.၂၀၂၀ တစ္ေန႔တာ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– အရန္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို ဖလားပြဲေတြမွာ အသုံးျပဳေနျခင္းကို ရပ္တန္႔ၿပီး ဦးစားေပးဂိုးသမား ဘန္းဒ္ လီႏိုကို အိုလံပီယာေကာ့စ္နဲ႔ပြဲမွာ ျပန္လည္သုံးစြဲခဲ့တဲ့ နည္းျပ မုိက္ကယ္ အာတီတာ၏ ဆုံးျဖတ္ခ်က္ကို အသင္းဂႏၴဝင္ေနာက္ခံလူ မာတင္ ကီးယြန္းက ႀကဳိဆိုလိုက္ပါတယ္။

– ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမား ဘူကာယို ဆာကာကို အသင္းမွာ ဆက္ရွိေနေစဖို႔ စီနီယာ ကစားသမားေတြကလည္း စည္း႐ုံးေနၾကၿပီး ဂိုးသမား လီႏိုက သူဟာ အသင္းမွာ ႏွစ္ေပါင္းမ်ားစြာ ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းဆုိခဲ့သလို တုိက္စစ္မွဴး လာကာဇက္ကလည္း စာခ်ဳပ္သစ္ကို လက္မွတ္ထိုးဖို႔ ဆုိခဲ့တာပါ။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီက သူဟာ နည္းျပအေျပာင္းအလဲမွာ အမ်ားႀကီး အက်ဳိးရွိခဲ့သလို အသားက်လာတယ္လုိ႔လည္း ခံစားရၿပီး အသင္းနဲ႔ လာမယ့္ေႏြရာသီေနာက္ပုိင္းမွာလည္း ဆက္လက္ရွိေနခ်င္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

– ကြင္းလယ္နဲ႔ ေတာင္ပံႏွစ္ခုစလုံးမွာ ကစားႏုိင္တဲ့ ဗလင္စီယာအသင္းရဲ႕ ကားလို႔စ္ ဆုိလာကို ေႏြရာသီေဈးကြက္မွာ ေခၚယူႏုိင္ဖို႔ နည္းျပ အာတီတာက အလိုရွိေနၿပီး အသင္းကိုေတာ့ အေျပာင္းအေရႊ႕ေတြကို ယူ႐ို ၂၀၂၀ မတုိင္ခင္လုပ္ေဆာင္ဖို႔ သတိေပးထားတာလည္းျဖစ္ပါတယ္။

– အုိလံပီယာေကာ့စ္နဲ႔ပြဲမွာ ဒဏ္ရာရွိသြားတဲ့ ေနာက္ခံလူ ဆုိကရာတစ္ဟာ မနက္ျဖန္ကစားမယ့္ အဲဗာတန္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ပြဲမွာ မပါဝင္ခဲ့တဲ့ ဘယ္လာရင္၊ အုိေဇးလ္နဲ႔ ေတာ္ရဲရားတို႔ကေတာ့ ျပန္ကစားဖို႔ အဆင္သင့္ျဖစ္ေနခဲ့ၿပီလို႔ ဆုိပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အရန်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ဖလားပွဲတွေမှာ အသုံးပြုနေခြင်းကို ရပ်တန့်ပြီး ဦးစားပေးဂိုးသမား ဘန်းဒ် လီနိုကို အိုလံပီယာကော့စ်နဲ့ပွဲမှာ ပြန်လည်သုံးစွဲခဲ့တဲ့ နည်းပြ မိုက်ကယ် အာတီတာ၏ ဆုံးဖြတ်ချက်ကို အသင်းဂန္ထဝင်နောက်ခံလူ မာတင် ကီးယွန်းက ကြိုဆိုလိုက်ပါတယ်။

– ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဘူကာယို ဆာကာကို အသင်းမှာ ဆက်ရှိနေစေဖို့ စီနီယာ ကစားသမားတွေကလည်း စည်းရုံးနေကြပြီး ဂိုးသမား လီနိုက သူဟာ အသင်းမှာ နှစ်ပေါင်းများစွာ ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်းဆိုခဲ့သလို တိုက်စစ်မှူး လာကာဇက်ကလည်း စာချုပ်သစ်ကို လက်မှတ်ထိုးဖို့ ဆိုခဲ့တာပါ။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီက သူဟာ နည်းပြအပြောင်းအလဲမှာ အများကြီး အကျိုးရှိခဲ့သလို အသားကျလာတယ်လို့လည်း ခံစားရပြီး အသင်းနဲ့ လာမယ့်နွေရာသီနောက်ပိုင်းမှာလည်း ဆက်လက်ရှိနေချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

– ကွင်းလယ်နဲ့ တောင်ပံနှစ်ခုစလုံးမှာ ကစားနိုင်တဲ့ ဗလင်စီယာအသင်းရဲ့ ကားလို့စ် ဆိုလာကို နွေရာသီဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ နည်းပြ အာတီတာက အလိုရှိနေပြီး အသင်းကိုတော့ အပြောင်းအရွှေ့တွေကို ယူရို ၂၀၂၀ မတိုင်ခင်လုပ်ဆောင်ဖို့ သတိပေးထားတာလည်းဖြစ်ပါတယ်။

– အိုလံပီယာကော့စ်နဲ့ပွဲမှာ ဒဏ်ရာရှိသွားတဲ့ နောက်ခံလူ ဆိုကရာတစ်ဟာ မနက်ဖြန်ကစားမယ့် အဲဗာတန်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ ဘယ်လာရင်၊ အိုဇေးလ်နဲ့ တော်ရဲရားတို့ကတော့ ပြန်ကစားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီလို့ ဆိုပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.