Match Report Premier League UCL&UEL

ႏိုင္ပြဲက ဖာဘင္ညဳိရဲ႕ ဒဏ္ရာနဲ႔ မခ်ဳိၿမိန္ႏုိင္ခဲ့တဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ခ်န္ပီယံလိဂ္အုပ္စုတြင္းမွာ ဒုတိယေျမာက္ ေပးဂိုးမရွိႏုိင္ပြဲတစ္ပြဲကို ရရွိခဲ့ေပမယ့္ ေနာက္တန္းမွာ ဝင္ကစားေနခဲ့ၿပီး အားထားရတဲ့ ခံစစ္ ကစားသမား ဖာဘင္ညဳိရဲ႕ ဒဏ္ရာေၾကာင့္ မေပ်ာ္ရႊင္ႏုိင္ခဲ့ဘဲ လာမယ့္ပြဲစဥ္ေတြအတြက္ စိတ္ပူစရာျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ဖာဘင္ညဳိနဲ႔ ဂိုမက္ဇ္တုိ႔အတြဲကို အသုံးျပဳလာခဲ့တဲ့ လီဗာပူးလ္ေနာက္တန္းဟာ သာမန္ထိုးေဖာက္မွဳနဲ႔ ဖိအားေပးမွဳေတြကို ရင္ဆုိင္ႏုိင္ေပမယ့္ လွ်ပ္တစ္ျပက္ အငိုက္ဖမ္းတဲ့ တုိက္စစ္ေတြကိုေတာ့ တုံ႔ျပန္မွဳ ေႏွးေကြးေနခဲ့တာေၾကာင့္ ေစာေစာစီးစီးမွာပဲ အယ္လစ္ဆန္ ကာကြယ္ခဲ့ရၿပီး တစ္ဖက္ ေနာ့စ္ဂ်ဲလန္းတုိက္စစ္မွဴး အဆုံးသတ္ပုံကလည္း ညံ့ဖ်င္းခဲ့လို႔ ခံသာခဲ့တာျဖစ္ပါတယ္။

အဓိက ကစားသမားေတြကို အနားေပးထားၿပီး ဂ်ဳိတာ၊ အုိရီဂီနဲ႔ ရွာက်ီရီတို႔ရဲ႕ သုံးေယာက္တိုက္စစ္အတြဲကေတာ့ စကားေျပာလုိ႔ေကာင္းတဲ့ အဆင့္မွာ မရွိေသးဘဲ မီနာမီႏိုကလည္း သူတုိ႔ကို လုံေလာက္ေအာင္ ေထာက္ပံ့ေပးႏုိင္မွဳမ်ဳိး မရွိတာေၾကာင့္ ပထမပုိင္းမွာ ဂိုးမရွိရလဒ္နဲ႔ သေရက်ေနခဲ့ပါတယ္။

ဒီအခ်ိန္မွာ ပြဲခ်ိန္ မိနစ္ ၃၀ ကတည္းက Makeshift Center Back ဖာဘင္ညဳိမွာ ေပါင္ေနာက္ေၾကာဒဏ္ရာရရွိသြားခဲ့တာကလည္း အသင္းအတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး လူငယ္ကစားသမား ရီးစ္ ဝီလီယမ္စ္ လူစားဝင္ခဲ့ရတာပါ။

ဒုတိယပိုင္းမွာေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္အစား ဗိုင္နယ္လ္ဒြမ္ကို ထည့္ၿပီး တုိက္စစ္ဆင္ကစားခဲ့သလို တြဲလုံးေတြ ပိုမိလာခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ညာေတာင္ပံက အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ရွာက်ီရီနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး အနိမ့္ေဘာခ်ဳိးေပးတာကို အသင့္ေနရာယူထားတဲ့ ဂ်ဳိတာက အဖြင့္ဂိုးအျဖစ္ ပိတ္သြင္းယူႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ လီဗာပူးလ္တုိ႔ မာေနး၊ ဆာလားနဲ႔ ဖာမီႏိုတုိ႔ကို ထည့္သြင္းသြားခဲ့သလို ပြဲခ်ိန္ မိနစ္ ၉၀ ေက်ာ္မွာေတာ့ ဆာလားက ပင္နယ္တီကို ပါးပါးနပ္နပ္ရယူၿပီး သူကိုယ္တုိင္ ကန္သြင္းခဲ့လို႔ ဒုတိယအႏုိင္ဂိုးနဲ႔ လီဗာပူးလ္တုိ႔ ရလဒ္ျပတ္သားခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဖာဘင္ညဳိအစား လူစားဝင္ကစားခဲ့တဲ့ ရီးစ္ ဝီလီယမ္စ္ကို ပရီးမီးယားလိဂ္ပြဲေတြမွာ ဆက္လက္အားကိုးဖုိ႔ကေတာ့ စြန္႔စားရမယ့္ ဆုံးျဖတ္ခ်က္ျဖစ္လာခဲ့သလို ကင္းမရြန္းေနာက္ခံလူ မာတစ္ မပါဝင္ႏုိင္ေသးရင္ေတာ့ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ ဆုိးရြားတဲ့ ဒဏ္ရာရစာရင္းနဲ႔အတူ လာမယ့္ပြဲစဥ္ေတြအတြက္ ေခါင္းခဲရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL, BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ ဒုတိယမြောက် ပေးဂိုးမရှိနိုင်ပွဲတစ်ပွဲကို ရရှိခဲ့ပေမယ့် နောက်တန်းမှာ ဝင်ကစားနေခဲ့ပြီး အားထားရတဲ့ ခံစစ် ကစားသမား ဖာဘင်ညိုရဲ့ ဒဏ်ရာကြောင့် မပျော်ရွှင်နိုင်ခဲ့ဘဲ လာမယ့်ပွဲစဉ်တွေအတွက် စိတ်ပူစရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဖာဘင်ညိုနဲ့ ဂိုမက်ဇ်တို့အတွဲကို အသုံးပြုလာခဲ့တဲ့ လီဗာပူးလ်နောက်တန်းဟာ သာမန်ထိုးဖောက်မှုနဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နိုင်ပေမယ့် လျှပ်တစ်ပြက် အငိုက်ဖမ်းတဲ့ တိုက်စစ်တွေကိုတော့ တုံ့ပြန်မှု နှေးကွေးနေခဲ့တာကြောင့် စောစောစီးစီးမှာပဲ အယ်လစ်ဆန် ကာကွယ်ခဲ့ရပြီး တစ်ဖက် နော့စ်ဂျဲလန်းတိုက်စစ်မှူး အဆုံးသတ်ပုံကလည်း ညံ့ဖျင်းခဲ့လို့ ခံသာခဲ့တာဖြစ်ပါတယ်။

အဓိက ကစားသမားတွေကို အနားပေးထားပြီး ဂျိုတာ၊ အိုရီဂီနဲ့ ရှာကျီရီတို့ရဲ့ သုံးယောက်တိုက်စစ်အတွဲကတော့ စကားပြောလို့ကောင်းတဲ့ အဆင့်မှာ မရှိသေးဘဲ မီနာမီနိုကလည်း သူတို့ကို လုံလောက်အောင် ထောက်ပံ့ပေးနိုင်မှုမျိုး မရှိတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိရလဒ်နဲ့ သရေကျနေခဲ့ပါတယ်။

ဒီအချိန်မှာ ပွဲချိန် မိနစ် ၃၀ ကတည်းက Makeshift Center Back ဖာဘင်ညိုမှာ ပေါင်နောက်ကြောဒဏ်ရာရရှိသွားခဲ့တာကလည်း အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး လူငယ်ကစားသမား ရီးစ် ဝီလီယမ်စ် လူစားဝင်ခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်အစား ဗိုင်နယ်လ်ဒွမ်ကို ထည့်ပြီး တိုက်စစ်ဆင်ကစားခဲ့သလို တွဲလုံးတွေ ပိုမိလာခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ညာတောင်ပံက အလက်ဇန်းဒါး-အာနိုးလ်ဒ်က ရှာကျီရီနဲ့ ဝမ်းတူးရိုက်ထွက်ပြီး အနိမ့်ဘောချိုးပေးတာကို အသင့်နေရာယူထားတဲ့ ဂျိုတာက အဖွင့်ဂိုးအဖြစ် ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ မာနေး၊ ဆာလားနဲ့ ဖာမီနိုတို့ကို ထည့်သွင်းသွားခဲ့သလို ပွဲချိန် မိနစ် ၉၀ ကျော်မှာတော့ ဆာလားက ပင်နယ်တီကို ပါးပါးနပ်နပ်ရယူပြီး သူကိုယ်တိုင် ကန်သွင်းခဲ့လို့ ဒုတိယအနိုင်ဂိုးနဲ့ လီဗာပူးလ်တို့ ရလဒ်ပြတ်သားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဖာဘင်ညိုအစား လူစားဝင်ကစားခဲ့တဲ့ ရီးစ် ဝီလီယမ်စ်ကို ပရီးမီးယားလိဂ်ပွဲတွေမှာ ဆက်လက်အားကိုးဖို့ကတော့ စွန့်စားရမယ့် ဆုံးဖြတ်ချက်ဖြစ်လာခဲ့သလို ကင်းမရွန်းနောက်ခံလူ မာတစ် မပါဝင်နိုင်သေးရင်တော့ နည်းပြ ယာဂန် ကလော့ပ်အတွက် ဆိုးရွားတဲ့ ဒဏ်ရာရစာရင်းနဲ့အတူ လာမယ့်ပွဲစဉ်တွေအတွက် ခေါင်းခဲရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL, BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.