Match Report Premier League UCL&UEL

အေဝးကြင္းမွာ ေျခစြမ္းျပၿပီး အုပ္စု(ဂ)ကို ဦးေဆာင္တဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းဟာ မာေဆးလ္နဲ႔ ယွဥ္ၿပဳိင္ကစားတဲ့ လူစာရင္းမွာ တုိက္စစ္မွဴးေတြ မပါႏုိင္လုိ႔ ကစားသမားသစ္ ဖယ္ရန္ ေတာရက္စ္ကို အေထာင္ေနရာမွာထားၿပီး ပြဲထြက္လာခဲ့ရာမွာ စတာလင္ကို အေထာင္ထားတာထက္ ပုိမုိေကာင္းမြန္ခဲ့ၿပီး အေဝးကြင္းမွာ ဂိုးျပတ္ႏုိင္ပြဲနဲ႔ မ်က္ႏွာပန္းလွခဲ့ပါတယ္။

ဘယ္ေနာက္ခံလူေနရာမွာ ဇင္ခ်န္ကို ပါဝင္လာတာက ကန္ဆယ္လို ကစားသေလာက္ေတာ့ မေကာင္းခဲ့ဘဲ အခ်ိတ္ဆက္ အနည္းငယ္ ပ်က္ေနခဲ့ေပမယ့္ လိုအပ္ေနတဲ့ သြင္းဂိုးကိုေတာ့ ပြဲခ်ိန္ ၁၈ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ အေျမာ္အျမင္ရွိတဲ့ ေပးပုိ႔မွဳကို ေတာရက္စ္က မာေဆးလ္ေနာက္တန္းကို လွလွပပ ေက်ာ္ျဖတ္ၿပီး ဂိုးသမားနဲ႔အေတြ႕မွာ အနီးကပ္ပိတ္သြင္းယူႏုိင္ခဲ့ပါတယ္။

ေဘာလုံးပုိင္ဆုိင္မွဳကို ဦးစားေပးၿပီး ပုိင္မွ လုပ္ဖို႔ ႀကဳိးစားတဲ့ မန္စီးတီးကို အိမ္ရွင္ေတြ ေကာင္းေကာင္း မတုံ႔ျပန္ႏုိင္ခဲ့ဘဲ အေဝးကန္ခ်က္တခ်ဳိ႕နဲ႔သာ ၿခိမ္းေျခာက္ႏုိင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့သလို ေဘာလုံးပုိင္ဆုိင္မွဳ အမ်ားစုကိုေတာ့ ဧည့္သည္ေတြက ထိန္းခ်ဳပ္ထားခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ မာေဆးလ္က တိုးဗန္နဲ႔ စီးတီးရဲ႕ စတာလင္တို႔ ကန္ခ်က္ေတြ လြဲေခ်ာ္အၿပီးမွာေတာ့ ဇင္ခ်န္ကိုအစား လူစားဝင္လာခဲ့တဲ့ ကန္ဆယ္လိုနဲ႔အတူ ကစားေပါက္ ပုိေခ်ာင္လာခဲ့တဲ့ မန္ခ်က္စတာသားေတြ ဒုတိယအႏုိင္ဂိုးရခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွ ဖိုဒန္ရဲ႕ ျဖတ္တင္ေဘာကို စတာလင္ ေခါင္းတုိက္ခ်ေပးတာကတစ္ဆင့္ ဂြန္ဒိုးဝမ္က အနီးကပ္ သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဒီဘ႐ိုင္းနားရဲ႕ အနိမ့္ေဘာျဖတ္ပုိ႔တာကို ေတာရက္စ္ကို လူလဲလုိက္လို႔ အေထာင္တုိက္စစ္ကို ျပန္ေရာက္သြားခဲ့တဲ့ စတာလင္က အနီးကပ္ ပိတ္သြင္းၿပီး တတိယအႏုိင္ဂိုးကို ရယူႏုိင္ခဲ့ၿပီး ဒီရာသီမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပုံစံေတြကို ျပန္လည္တည္ေဆာက္ႏုိင္ခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့လို႔ အုပ္စု(ဂ)ကို မန္စီးတီးကို ၆ မွတ္နဲ႔ ဦးေဆာင္ႏုိင္ခဲ့ၿပီး ေနာက္တစ္ဆင့္အတြက္ အေျခအေန ပုိေကာင္းသြားခဲ့သလို ဒဏ္ရာေတြေၾကာင့္ ရလဒ္နဲ႔ ကစားပုံဆုိးေနခဲ့တဲ့ အသင္းအတြက္ေတာ့ ဂြါဒီယိုလာအေနနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္တင္ေပးႏုိင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာပါ ဆက္လက္ေျခစြမ္းျပႏုိင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းဟာ မာဆေးလ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ လူစာရင်းမှာ တိုက်စစ်မှူးတွေ မပါနိုင်လို့ ကစားသမားသစ် ဖယ်ရန် တောရက်စ်ကို အထောင်နေရာမှာထားပြီး ပွဲထွက်လာခဲ့ရာမှာ စတာလင်ကို အထောင်ထားတာထက် ပိုမိုကောင်းမွန်ခဲ့ပြီး အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲနဲ့ မျက်နှာပန်းလှခဲ့ပါတယ်။

ဘယ်နောက်ခံလူနေရာမှာ ဇင်ချန်ကို ပါဝင်လာတာက ကန်ဆယ်လို ကစားသလောက်တော့ မကောင်းခဲ့ဘဲ အချိတ်ဆက် အနည်းငယ် ပျက်နေခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးကိုတော့ ပွဲချိန် ၁၈ မိနစ်မှာ ဒီဘရိုင်းနားရဲ့ အမြော်အမြင်ရှိတဲ့ ပေးပို့မှုကို တောရက်စ်က မာဆေးလ်နောက်တန်းကို လှလှပပ ကျော်ဖြတ်ပြီး ဂိုးသမားနဲ့အတွေ့မှာ အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးပြီး ပိုင်မှ လုပ်ဖို့ ကြိုးစားတဲ့ မန်စီးတီးကို အိမ်ရှင်တွေ ကောင်းကောင်း မတုံ့ပြန်နိုင်ခဲ့ဘဲ အဝေးကန်ချက်တချို့နဲ့သာ ခြိမ်းခြောက်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့သလို ဘောလုံးပိုင်ဆိုင်မှု အများစုကိုတော့ ဧည့်သည်တွေက ထိန်းချုပ်ထားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ မာဆေးလ်က တိုးဗန်နဲ့ စီးတီးရဲ့ စတာလင်တို့ ကန်ချက်တွေ လွဲချော်အပြီးမှာတော့ ဇင်ချန်ကိုအစား လူစားဝင်လာခဲ့တဲ့ ကန်ဆယ်လိုနဲ့အတူ ကစားပေါက် ပိုချောင်လာခဲ့တဲ့ မန်ချက်စတာသားတွေ ဒုတိယအနိုင်ဂိုးရခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှ ဖိုဒန်ရဲ့ ဖြတ်တင်ဘောကို စတာလင် ခေါင်းတိုက်ချပေးတာကတစ်ဆင့် ဂွန်ဒိုးဝမ်က အနီးကပ် သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဒီဘရိုင်းနားရဲ့ အနိမ့်ဘောဖြတ်ပို့တာကို တောရက်စ်ကို လူလဲလိုက်လို့ အထောင်တိုက်စစ်ကို ပြန်ရောက်သွားခဲ့တဲ့ စတာလင်က အနီးကပ် ပိတ်သွင်းပြီး တတိယအနိုင်ဂိုးကို ရယူနိုင်ခဲ့ပြီး ဒီရာသီမှာ ပျောက်ဆုံးနေခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ပုံစံတွေကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ အုပ်စု(ဂ)ကို မန်စီးတီးကို ၆ မှတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်တစ်ဆင့်အတွက် အခြေအနေ ပိုကောင်းသွားခဲ့သလို ဒဏ်ရာတွေကြောင့် ရလဒ်နဲ့ ကစားပုံဆိုးနေခဲ့တဲ့ အသင်းအတွက်တော့ ဂွါဒီယိုလာအနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာပါ ဆက်လက်ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.