Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၇.၁၀.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းပရိသတ္ေတြရဲ႕ စိုးရိမ္မွဳေတြကေတာ့ တကယ္ျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ အနည္းဆုံး ႏွစ္ပတ္လြဲေခ်ာ္မယ္လို႔ နည္းျပ ဂြါဒီယိုလာ အတည္ျပဳသြားခဲ့ၿပီး တစ္လအထိ နားရႏိုင္။

– အေဂြ႐ိုရဲ႕ ဒဏ္ရာေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရခ်ိန္မွာ တျခားတုိက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကေတာ့ ထရိန္နင္ ျပန္ဆင္းခဲ့ၿပီျဖစ္ၿပီး ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းကို ရင္ဆုိင္ဖို႔ ဘရမ္းေမာလ္လိန္းကို သြားမယ့္ လူစာရင္းထဲ ပါဝင္လာႏုိင္။

– မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အသင္းက သက္တမ္းမတုိးခဲ့ရင္ လာမယ့္ ေမလမွာ ထြက္ခြာႏုိင္ခြင့္ကို ရရွိထားတယ္လို႔ ကၽြမ္းက်င္သူတစ္ဦးက သုံးသပ္ခဲ့ၿပီး ဘာစီလိုနာက ထြက္ခြာခဲ့စဥ္ကလိုမ်ဳိးပဲ တစ္ႏွစ္ အနားယူသြားဖြယ္ရွိေနတယ္လို႔ဆုိ။

– ပါတီဇန္ ဘဲလ္ဂရိတ္ဒ္အသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ ဆားဘီယားလူငယ္ေတာင္ပံကစားသမား ဖိလစ္ စတီဗာႏိုဗစ္ခ်္ကို မန္စီးတီး အသင္းအေနနဲ႔ ယူ႐ို ၈ သန္းေပးေခၚယူႏုိင္ၿပီး ဒီရာသီမွာ အသုံးျပဳဖုိ႔ထက္ လာမယ့္ရာသီမွာ ပါဝင္ႏုိင္ဖို႔ပဲ ရည္ရြယ္ထား။

– မိုနာကိုအသင္းမွာ အတူကစားခဲ့ၾကတဲ့ သူငယ္ခ်င္း ကိုင္လ်န္ အမ္ဘာေပကို လာမယ့္ေႏြရာသီမွာ အစ္တီဟတ္မွာ ေတြ႕ျမင္ခ်င္တယ္လို႔ ဘာနာဒို ေဆးလ္ဗားက ေျပာၾကားလုိက္ၿပီး သူ႕ကို ရရွိရင္ အသင္းအတြက္ ပုိေကာင္းလာစရာပဲရွိတယ္လို႔ဆုိ။

– အက္သလက္တစ္သတင္းဌာနရဲ႕ မန္စီးတီးသတင္းေတြကို ကိုင္တြယ္သူ ဆမ္လီးက အဲရစ္ ဂါစီယာ ထြက္မသြားခဲ့ခ်ိန္မွာ အသင္းမွာ ဆက္ရွိေနတဲ့ ဂၽြန္စတုန္းစ္ရဲ႕ ေရြးခ်ယ္မွဳဟာ မွားယြင္းေၾကာင္း ေျပာလုိက္ၿပီး တစ္ခါတစ္ေလမွာ တုိက္ပြဲဝင္ဖို႔ဆုိတာ တကယ္တမ္း လိုအပ္ရဲ႕လားလို႔ ေမးခြန္းထုတ္သြား။

– အသင္းရဲ႕ တုိက္စစ္မွဴးေတြ ဒဏ္ရာနဲ႔ ႀကံ့ခိုင္မွဳ မျပည့္ဝတဲ့ ျပႆနာကို ေျဖရွင္းဖို႔အတြက္ ေနာက္ခံလူေဟာင္း မီကာ ရစ္ခ်တ္က အႀကံေပးသြားခဲ့ၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ မန္ခ်က္စတာစီးတီး အကယ္ဒမီထြက္တုိက္စစ္မွဴးေဟာင္း ဒန္နီယယ္လ္ စတာရစ္ခ်္ကို ေခၚယူဖို႔ တုိက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းပရိသတ်တွေရဲ့ စိုးရိမ်မှုတွေကတော့ တကယ်ဖြစ်လာခဲ့ပြီဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ အနည်းဆုံး နှစ်ပတ်လွဲချော်မယ်လို့ နည်းပြ ဂွါဒီယိုလာ အတည်ပြုသွားခဲ့ပြီး တစ်လအထိ နားရနိုင်။

– အဂွေရိုရဲ့ ဒဏ်ရာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရချိန်မှာ တခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ကတော့ ထရိန်နင် ပြန်ဆင်းခဲ့ပြီဖြစ်ပြီး ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကို ရင်ဆိုင်ဖို့ ဘရမ်းမောလ်လိန်းကို သွားမယ့် လူစာရင်းထဲ ပါဝင်လာနိုင်။

– မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အသင်းက သက်တမ်းမတိုးခဲ့ရင် လာမယ့် မေလမှာ ထွက်ခွာနိုင်ခွင့်ကို ရရှိထားတယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့ပြီး ဘာစီလိုနာက ထွက်ခွာခဲ့စဉ်ကလိုမျိုးပဲ တစ်နှစ် အနားယူသွားဖွယ်ရှိနေတယ်လို့ဆို။

– ပါတီဇန် ဘဲလ်ဂရိတ်ဒ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ဆားဘီယားလူငယ်တောင်ပံကစားသမား ဖိလစ် စတီဗာနိုဗစ်ချ်ကို မန်စီးတီး အသင်းအနေနဲ့ ယူရို ၈ သန်းပေးခေါ်ယူနိုင်ပြီး ဒီရာသီမှာ အသုံးပြုဖို့ထက် လာမယ့်ရာသီမှာ ပါဝင်နိုင်ဖို့ပဲ ရည်ရွယ်ထား။

– မိုနာကိုအသင်းမှာ အတူကစားခဲ့ကြတဲ့ သူငယ်ချင်း ကိုင်လျန် အမ်ဘာပေကို လာမယ့်နွေရာသီမှာ အစ်တီဟတ်မှာ တွေ့မြင်ချင်တယ်လို့ ဘာနာဒို ဆေးလ်ဗားက ပြောကြားလိုက်ပြီး သူ့ကို ရရှိရင် အသင်းအတွက် ပိုကောင်းလာစရာပဲရှိတယ်လို့ဆို။

– အက်သလက်တစ်သတင်းဌာနရဲ့ မန်စီးတီးသတင်းတွေကို ကိုင်တွယ်သူ ဆမ်လီးက အဲရစ် ဂါစီယာ ထွက်မသွားခဲ့ချိန်မှာ အသင်းမှာ ဆက်ရှိနေတဲ့ ဂျွန်စတုန်းစ်ရဲ့ ရွေးချယ်မှုဟာ မှားယွင်းကြောင်း ပြောလိုက်ပြီး တစ်ခါတစ်လေမှာ တိုက်ပွဲဝင်ဖို့ဆိုတာ တကယ်တမ်း လိုအပ်ရဲ့လားလို့ မေးခွန်းထုတ်သွား။

– အသင်းရဲ့ တိုက်စစ်မှူးတွေ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် နောက်ခံလူဟောင်း မီကာ ရစ်ချတ်က အကြံပေးသွားခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ မန်ချက်စတာစီးတီး အကယ်ဒမီထွက်တိုက်စစ်မှူးဟောင်း ဒန်နီယယ်လ် စတာရစ်ချ်ကို ခေါ်ယူဖို့ တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.