Premier League

ရီးရဲလ္မက္ဒရစ္ကို ေလးစားတဲ့ စကားေတြ ေျပာသြားတဲ့ စတာလင္

ယူအီးအက္ဖ္ေအရဲ႕ ပြဲပယ္ျပစ္ဒဏ္ခံခဲ့ရၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းမယ္လို႔ သတင္းထြက္ခဲ့တဲ့ ရာဟင္းမ္ စတာလင္က လာလီဂါထိပ္သီးအသင္းနဲ႔ ပတ္သက္ၿပီး အထင္ႀကီးစကားေတြ ေျပာသြားလို႔ သူ႔အနာဂတ္ကို စိတ္၀င္စားစရာျဖစ္လာပါတယ္။

ထြက္ေပၚေနတဲ့ သတင္းမွာ စတာလင္ကို ရီးရဲလ္မက္ဒရစ္က ေပါင္သန္း(၁၈၀)နဲ႔ ေခၚမယ္လို႔ ဆိုေနပါတယ္။ ဒါေပမယ့္ သူကေတာ့ မန္စီးတီးအသင္းအတြက္ပဲ အာရံုအျပည့္စိုက္ထားတယ္လို႔ ေျပာထားသလုိ သူ႔ေအးဂ်င့္ကလည္း ရီးရဲလ္မက္ဒရစ္နဲ႔ ပတ္သက္တဲ့ သတင္းေတြအေပၚ ျငင္းဆိုထားပါတယ္။

“အခု ကၽြန္ေတာ္က မန္စီးတီးကစားသမားျဖစ္ၿပီး အသင္းမွာလည္း ေပ်ာ္ေနပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ေျပာသလိုပဲ ရီးရဲလ္မက္ဒရစ္က အသင္းေကာင္းတစ္သင္းပါ။ သူတို႔ရဲ႕ အျဖဴဂ်ာစီနဲ႔ ျမင္လိုက္ရရင္ အသင္းရဲ႕ အဆင့္အတန္းတစ္ခုကိုပါ တန္းျမင္ႏိုင္မွာျဖစ္ၿပီး တကယ့္ကို အဆင့္ျမင့္တဲ့အသင္းပါ။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ကၽြန္ေတာ္ဟာ မန္စီးတီးနဲ႔ စာခ်ဳပ္ရွိေသးလို႔ စာခ်ဳပ္အေပၚ ေလးစားရမွာပါ။ အခု ေလာေလာဆယ္ အမွတ္ေပးပြဲမွာ ကၽြန္ေတာ္တို႔ ထင္ထားသလို ျဖစ္မလာခဲ့တာေတာင္ ဒီအသင္းမွာ ကစားရတာကို ေပ်ာ္ပါတယ္”လို႔ AS သတင္းစာနဲ႔ အင္တာဗ်ဴးမွာ ရာဟင္စတာလင္က ေျပာပါတယ္။

စတာလင္ရဲ႕ ေအးဂ်င့္ျဖစ္သူ အိတ္ဒီ ၀ါ့ဒ္ကလည္း အခုတစ္ပတ္အေစာပိုင္းက သူ႔ကစားသမားဟာ မန္စီးတီးအသင္းအတြက္ပဲ ရာႏႈန္းျပည့္ အာရံုစိုက္ထားတယ္လို႔ ေျပာခဲ့သလို ဘယ္အေျပာင္းအေရႊ႕သတင္းေတြေၾကာင့္မွ အာရံုစိုက္မွဳ လြင့္ျပယ္မွာမဟုတ္ဘူးလို႔ ဆိုထားပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ပရီးမီးယားလိဂ္မွာ လီဗာပူးနဲ႔ (၂၂)မွတ္အထိ ကြာဟေနေပမယ့္ တျခားျပည္တြင္းၿပိဳင္ပြဲ(၂)ရပ္မွာ ခ်န္ပီယံျဖစ္ခြင့္ ရွိေနေသးသလို ခ်န္ပီယံလိဂ္မွာလည္း ရီးရဲလ္မက္ဒရစ္နဲ႔ ရႈံးထြက္အဆင့္ပြဲ ကစားရမွာျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ယူအီးအက်ဖ်အေရဲ့ ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းမယ်လို့ သတင်းထွက်ခဲ့တဲ့ ရာဟင်းမ် စတာလင်က လာလီဂါထိပ်သီးအသင်းနဲ့ ပတ်သက်ပြီး အထင်ကြီးစကားတွေ ပြောသွားလို့ သူ့အနာဂတ်ကို စိတ်ဝင်စားစရာဖြစ်လာပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းမှာ စတာလင်ကို ရီးရဲလ်မက်ဒရစ်က ပေါင်သန်း(၁၈၀)နဲ့ ခေါ်မယ်လို့ ဆိုနေပါတယ်။ ဒါပေမယ့် သူကတော့ မန်စီးတီးအသင်းအတွက်ပဲ အာရုံအပြည့်စိုက်ထားတယ်လို့ ပြောထားသလို သူ့အေးဂျင့်ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် ငြင်းဆိုထားပါတယ်။

“အခု ကျွန်တော်က မန်စီးတီးကစားသမားဖြစ်ပြီး အသင်းမှာလည်း ပျော်နေပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောသလိုပဲ ရီးရဲလ်မက်ဒရစ်က အသင်းကောင်းတစ်သင်းပါ။ သူတို့ရဲ့ အဖြူဂျာစီနဲ့ မြင်လိုက်ရရင် အသင်းရဲ့ အဆင့်အတန်းတစ်ခုကိုပါ တန်းမြင်နိုင်မှာဖြစ်ပြီး တကယ့်ကို အဆင့်မြင့်တဲ့အသင်းပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ မန်စီးတီးနဲ့ စာချုပ်ရှိသေးလို့ စာချုပ်အပေါ် လေးစားရမှာပါ။ အခု လောလောဆယ် အမှတ်ပေးပွဲမှာ ကျွန်တော်တို့ ထင်ထားသလို ဖြစ်မလာခဲ့တာတောင် ဒီအသင်းမှာ ကစားရတာကို ပျော်ပါတယ်”လို့ AS သတင်းစာနဲ့ အင်တာဗျူးမှာ ရာဟင်စတာလင်က ပြောပါတယ်။

စတာလင်ရဲ့ အေးဂျင့်ဖြစ်သူ အိတ်ဒီ ဝါ့ဒ်ကလည်း အခုတစ်ပတ်အစောပိုင်းက သူ့ကစားသမားဟာ မန်စီးတီးအသင်းအတွက်ပဲ ရာနှုန်းပြည့် အာရုံစိုက်ထားတယ်လို့ ပြောခဲ့သလို ဘယ်အပြောင်းအရွှေ့သတင်းတွေကြောင့်မှ အာရုံစိုက်မှု လွင့်ပြယ်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ (၂၂)မှတ်အထိ ကွာဟနေပေမယ့် တခြားပြည်တွင်းပြိုင်ပွဲ(၂)ရပ်မှာ ချန်ပီယံဖြစ်ခွင့် ရှိနေသေးသလို ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ရှုံးထွက်အဆင့်ပွဲ ကစားရမှာဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.