Premier League

ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာပြီလား

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့ညက ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ တိုက်စစ်မှူး ဟာရီကိန်း နဲ့ ဆွန်ဟောင်မင်တို့ရဲ့ အကောင်းဆုံး တွဲဖက် ခြေစွမ်းပြမှုအတူ အနိုင်သုံးမှတ်ကို ရရှိခဲ့ပြိီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


ဘန်လေနဲ့ပွဲမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆွန်ဟောင်မင်ရဲ့ ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး ဒါဟာ သူတို့နှစ်ဦး တိုက်စစ်အတွဲရဲ့ လက်ရှိရာသီ ၉ ကြိမ်မြောက် အတွဲအဖက် ဂိုးဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ သူတို့နှစ်ဦးပေါင်း တွဲဖက်ရရှိတဲ့ ဂိုးပေါင်း ၂၉ ဂိုးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။


ဒါဟာ ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ လမ်းပတ် နဲ့ ဒရော့ဘာတို့အတွဲ စံချိန်တင်ရှိထားခဲ့တဲ့ နှစ်ဦးပေါင်း အတွဲအဖက်သွင်းဂိုး ၃၆ ဂိုးကို မီဖို့ ၇ ဂိုးသာ လိုတော့တဲ့ အခြေအနေကို ရောက်ရှိလာခဲ့တာပါ။


” သိပ်ကိုကောင်းမွန်တဲ့ ခံစားချက်ပါ။ ကျွန်တော် နဲ့ ဆွန်နဲ့ အချိတ်အဆက်ပိုင်းတိုးတက်လာခဲ့သလို ကျွန်တော်တို့နှစ်ယောက် ဒီထက်ပိုပြီး အတွဲအဖက်မိလာဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော်က ကွင်းလယ်ဘက်ကို ဘောလုံးဆင်းယူနေချိန် သူက နောက်ခံလူတွေကြားထဲ တ်ိုးဝင်ဖို့ နားလည်မှုရှိရှိချိတ်ဆက်လာနိုင်လို့ ပိုပြီး ယုံကြည်မှုရှိလာစေတာပါ။ ဒီနေ့ပွဲမှာ ကျွန်တော် ဖန်​တီးပေးတာ သိပ်မကောင်းပေမယ့် ဆွန်ကတော့ အပိုင်အဆုံးသတ်သွားနိုင်ခဲ့ပါတယ်။ ” လို့ ဟာရီကိန်း ပွဲအပြီးမှာ BBC ကို ပြောပြသွားခဲ့ပါတယ်။


စပါးစ်နည်းပြ မော်ရင်ညိုကတော့ သူတို့နှစ်ယောက်က တယောက် ဘယ်နေရာမှာ ရှိမလဲဆိုတာ တယောက် သိကြကြောင်း၊ ဒါဟာ သူတို့တိုက်စစ်ဆင်ဖို့ လွယ်ကူစေကြောင်း၊ သူတို့နှစ်ယောက်ရဲ့ ကစားပုံအတွက် နည်းပြဟောင်း ပိုချက်တီနိုကိုပါ ကျေးဇူးတင်ရမှာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ၿပီးခဲ့တဲ့ညက ဘန္ေလအသင္းနဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ တိုက္စစ္မႉး ဟာရီကိန္း နဲ႕ ဆြန္ေဟာင္မင္တို႔ရဲ႕ အေကာင္းဆုံး တြဲဖက္ ေျခစြမ္းျပမႈအတူ အနိုင္သုံးမွတ္ကို ရရွိခဲ့ၿပိီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ပိုင္းကို တက္လွမ္းသြားနိုင္ခဲ့ပါတယ္။


ဘန္ေလနဲ႕ပြဲမွာ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းဟာ ဆြန္ေဟာင္မင္ရဲ႕ ဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့ၿပီး ဒါဟာ သူတို႔ႏွစ္ဦး တိုက္စစ္အတြဲရဲ႕ လက္ရွိရာသီ ၉ ႀကိမ္ေျမာက္ အတြဲအဖက္ ဂိုးျဖစ္လာခဲ့ၿပီး ပရီးမီးယားလိဂ္မွာ သူတို႔ႏွစ္ဦးေပါင္း တြဲဖက္ရရွိတဲ့ ဂိုးေပါင္း ၂၉ ဂိုးအထိ ရွိလာခဲ့ၿပီလို႔ သိရပါတယ္။


ဒါဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၳဝင္ကစားသမားေတြျဖစ္တဲ့ လမ္းပတ္ နဲ႕ ဒေရာ့ဘာတို႔အတြဲ စံခ်ိန္တင္ရွိထားခဲ့တဲ့ ႏွစ္ဦးေပါင္း အတြဲအဖက္သြင္းဂိုး ၃၆ ဂိုးကို မီဖို႔ ၇ ဂိုးသာ လိုေတာ့တဲ့ အေျခအေနကို ေရာက္ရွိလာခဲ့တာပါ။


” သိပ္ကိုေကာင္းမြန္တဲ့ ခံစားခ်က္ပါ။ ကြၽန္ေတာ္ နဲ႕ ဆြန္နဲ႕ အခ်ိတ္အဆက္ပိုင္းတိုးတက္လာခဲ့သလို ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဒီထက္ပိုၿပီး အတြဲအဖက္မိလာဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ကြၽန္ေတာ္က ကြင္းလယ္ဘက္ကို ေဘာလုံးဆင္းယူေနခ်ိန္ သူက ေနာက္ခံလူေတြၾကားထဲ တ္ိုးဝင္ဖို႔ နားလည္မႈရွိရွိခ်ိတ္ဆက္လာနိုင္လို႔ ပိုၿပီး ယုံၾကည္မႈရွိလာေစတာပါ။ ဒီေန႕ပြဲမွာ ကြၽန္ေတာ္ ဖန္​တီးေပးတာ သိပ္မေကာင္းေပမယ့္ ဆြန္ကေတာ့ အပိုင္အဆုံးသတ္သြားနိုင္ခဲ့ပါတယ္။ ” လို႔ ဟာရီကိန္း ပြဲအၿပီးမွာ BBC ကို ေျပာျပသြားခဲ့ပါတယ္။


စပါးစ္နည္းျပ ေမာ္ရင္ညိုကေတာ့ သူတို႔ႏွစ္ေယာက္က တေယာက္ ဘယ္ေနရာမွာ ရွိမလဲဆိုတာ တေယာက္ သိၾကေၾကာင္း၊ ဒါဟာ သူတို႔တိုက္စစ္ဆင္ဖို႔ လြယ္ကူေစေၾကာင္း၊ သူတို႔ႏွစ္ေယာက္ရဲ႕ ကစားပုံအတြက္ နည္းျပေဟာင္း ပိုခ်က္တီနိုကိုပါ ေက်းဇူးတင္ရမွာျဖစ္ေၾကာင္း ေျပာျပသြားခဲ့ပါတယ္။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.