Premier League

ကွင်းလယ်မှာ ပေါ့ဂ်ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် တွဲကစားလို့ အလုပ်မဖြစ်နိုင်ကြောင်း ကာရေဂါ သုံးသပ်

Daily Mail သတင်းရဲ့ ဖော်ပြချက်အရ
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်မှာ ပေါ့ဂ်ဘာနဲ့ ဘရူနို ဖာနန်ဒက်ဇ်ကို တွဲဖက်ကစားလို့ ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့
ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီကာရေဂါက ပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။


သူတို့နှစ်ဦးဟာ တသင်းထဲမှာ အတူတူကစားလို့မရကြောင်း ဂျေမီကသုံးသပ်ခဲ့ပြီး ပြီးခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဥ်မှာလည်း ပေါ့ဂ်ဘာဟာ အရန်ခုံမှာထိုင်နေခဲ့ရသလို ဖာနန်ဒက်စ်ဟာ ပွဲထွက်လာခဲ့ပြီး ဖရက်ဒ်၊ တော်မီနေးတို့ရဲ့ ကွင်းလယ်နဲ့အတူ တွဲဖက်ကစားသွားခဲ့တာကို တွေ့ခဲ့ရတာပါ။


ဒါ့အပြင် ဂျေမီက ဒွန်နီ ဗန်ဒီဘိခ် ကို ခေါ်ယူ စာချုပ်ချုပ်ဆိုခဲ့တာကိုလည်း မိမိအနေနဲ့ နားမလည်နိုင်အောင်ဖြစ်ရကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဂျေမီက ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်း အတွဲအဖက်၊ ကစားပုံနဲ့ ပတ်သက်ပြီး အခုလို ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။


” ပေါ့ဂ်ဘာကို အရန်ခုံမှာ ချန်ထားခဲ့လို့ ယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားကို ကျွန်တော် အမှန်တကယ် လေးစားမိပါတယ်။ ယူနိုက်တက်အသင်းရဲ့ ခရစ္စတယ်ပဲ့လေ့စ်နဲ့ပွဲအပြီးတည်းက သူတို့နှစ်ယောက် တွဲဖက်ကစားလို့မရဘူးလို့ ကျွန်တော်ပြောခဲ့ပြီးသားပါ။ ”


” ဗန်ဒီဘိခ် ရဲ့ ခေါ်ယူမှုကိုလည်း ကျွန်တော် နားမလည်နိုင်ပါဘူး။ သူက No 10 Role မှာ ကစားသူပါ။ ဖာနန်ဒက်ဇ်ကလည်း အဲဒီနေရာမှာ ကစားတယ်။ ပေါ့ဂ်ဘာလည်း ကစားနိုင်တဲ့နေရာပါ။ ဖာနန်ဒက်စ် က No 10 Role အတွက် ပိုကောင်းတဲ့သူဖြစ်ပြီး ပေါ့ဂ်ဘာ က ပြသနာပါ။ ကွင်းလယ်မှာ ဖရက်ဒ် နဲ့ တော်မီနေး အတွဲအဖက်က အသင်းအတွက် ပိုကောင်းစေမှာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် ဖလားအတွက်တော့ ဖရက်ဒ် တော်မီနေးနဲ့ မလုံလောက်ပါဘူး။”

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Daily Mail သတင္းရဲ႕ ေဖာ္ျပခ်က္အရ
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကြင္းလယ္တိုက္စစ္မွာ ေပါ့ဂ္ဘာနဲ႕ ဘ႐ူနို ဖာနန္ဒက္ဇ္ကို တြဲဖက္ကစားလို႔ ဘယ္ေတာ့မွ အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔
ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်မီကာေရဂါက ေျပာဆိုသြားခဲ့ေၾကာင္း သိရပါတယ္။


သူတို႔ႏွစ္ဦးဟာ တသင္းထဲမွာ အတူတူကစားလို႔မရေၾကာင္း ေဂ်မီကသုံးသပ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႕ ပြဲစဥ္မွာလည္း ေပါ့ဂ္ဘာဟာ အရန္ခုံမွာထိုင္ေနခဲ့ရသလို ဖာနန္ဒက္စ္ဟာ ပြဲထြက္လာခဲ့ၿပီး ဖရက္ဒ္၊ ေတာ္မီေနးတို႔ရဲ႕ ကြင္းလယ္နဲ႕အတူ တြဲဖက္ကစားသြားခဲ့တာကို ေတြ႕ခဲ့ရတာပါ။


ဒါ့အျပင္ ေဂ်မီက ဒြန္နီ ဗန္ဒီဘိခ္ ကို ေခၚယူ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာကိုလည္း မိမိအေနနဲ႕ နားမလည္နိုင္ေအာင္ျဖစ္ရေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ေဂ်မီက ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္ပိုင္း အတြဲအဖက္၊ ကစားပုံနဲ႕ ပတ္သက္ၿပီး အခုလို ေဝဖန္သုံးသပ္သြားခဲ့ပါတယ္။


” ေပါ့ဂ္ဘာကို အရန္ခုံမွာ ခ်န္ထားခဲ့လို႔ ယူနိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားကို ကြၽန္ေတာ္ အမွန္တကယ္ ေလးစားမိပါတယ္။ ယူနိုက္တက္အသင္းရဲ႕ ခရစၥတယ္ပဲ့ေလ့စ္နဲ႕ပြဲအၿပီးတည္းက သူတို႔ႏွစ္ေယာက္ တြဲဖက္ကစားလို႔မရဘူးလို႔ ကြၽန္ေတာ္ေျပာခဲ့ၿပီးသားပါ။ ”


” ဗန္ဒီဘိခ္ ရဲ႕ ေခၚယူမႈကိုလည္း ကြၽန္ေတာ္ နားမလည္နိုင္ပါဘူး။ သူက No 10 Role မွာ ကစားသူပါ။ ဖာနန္ဒက္ဇ္ကလည္း အဲဒီေနရာမွာ ကစားတယ္။ ေပါ့ဂ္ဘာလည္း ကစားနိုင္တဲ့ေနရာပါ။ ဖာနန္ဒက္စ္ က No 10 Role အတြက္ ပိုေကာင္းတဲ့သူျဖစ္ၿပီး ေပါ့ဂ္ဘာ က ျပသနာပါ။ ကြင္းလယ္မွာ ဖရက္ဒ္ နဲ႕ ေတာ္မီေနး အတြဲအဖက္က အသင္းအတြက္ ပိုေကာင္းေစမွာပါ။ ဒါေပမယ့္ ပရီးမီးယားလိဂ္ ဖလားအတြက္ေတာ့ ဖရက္ဒ္ ေတာ္မီေနးနဲ႕ မလုံေလာက္ပါဘူး။”

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.