Premier League

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၂၇.၁၀.၂၀၂၀


ယနေ့ည မစ်ဂျီလန်းအသင်းနဲ့ ကစားရမယ့် လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ သီယာဂို အယ်လ်ကန်တာရာ၊ ဂျိုယယ်လ် မာတစ်ပ်နဲ့ နာဘီ ကီးတားတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း နဲ့ အခြားဒဏ်ရာပြဿနာများ ကင်းစင်နေကြောင်း နည်းပြ ယာဂင် ကလော့ပ် အတည်ပြု။


လီဗာပူးအသင်းဟာ နှစ်ပေါင်း ၆၀ ကြာ အသုံးပြုခဲ့တဲ့ အသင်းရဲ့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းကို လာမယ့်လမှာ စွန့်ခွာပြီး အသစ်ပြင်ဆင်ထားတဲ့ Kirkby က လေ့ကျင့်ရေးကွင်းသစ်မှာ ပြောင်းရွှေ့လေ့ကျင့်တော့မှာဖြစ်တယ်လို့ The Athletic သတင်းက အတည်ပြုဖော်ပြခဲ့။

လာမယ့်ရက်ပိုင်းတွေမှာ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ပွဲစဥ်တွေကို ၃ ရက် တပွဲနှုန်းနဲ့ ကစားသွားရတော့ဖြစ်လို ခက်ခဲ ကြမ်းတမ်းလာတော့မယ့် ဖိအားပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်သွားမှာဖြစ်​ကြောင်း ကွင်းလယ်ကစားသမား ဟန်ဒါဆန် ပြောကြား။


ကလပ်အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ယှဥ်ပြိုင်ကစားခွင့်ရခဲ့တဲ့ ဒိန်းမတ်ကလပ် မစ်ဂျီလန်းအသင်းရဲ့ တာဝန်ရှိသူတွေဟာ လီဗာပူးလ်ရဲ့အသင်းရဲ့ အမာခံပရိသတ်တွေဖြစ်ကြပြီး Jorgen Kjaer ဆိုတဲ့ အသင်းတာဝန်ရှိသူတဦးဟာ လီဗာပူးလ်အသင်းနဲ့ အုပ်စုတစ်ခုတည်း အတူကျခဲ့တဲ့နောက် ဝမ်းသာမျက်ရည်ကျခဲ့ရကြောင်း သိရ။


မာဆေးဆိုဒ်ဒါဘီမှာ ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာဟာ တစ်ဦးချင်းသီးသန့် အပေါ့စားလေ့ကျင့်ခန်းတွေကို ပြန်လည်ပြုလုပ်နေပြီး ဒဏ်ရာကမပြင်းထန်ပေမယ့် ပေါ့ဆလို့မရတဲ့ အခြေအနေဖြစ်ကြောင်း သိရ။


SportMail က ပြုစုခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံး ပြည်ပကစားသမား XI စာရင်းမှာ လက်ရှိ လီဗာပူးလ်အသင်းက ဂိုးသမား အယ်လစ်ဆန် ဘက်ကာ၊ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်၊ တိုက်စစ်မှူးတွေဖြစ်တဲ့ မာနေး နဲ့ မိုဆာလားတို့ ပါဝင်လာခဲ့။


အန်ဖီးလ်မြေမှာ လက်ခံယှဥ်ပြိုင်ရမယ့် မစ်ဂျီလန်းအသင်းရဲ့ သမိုင်းကြောင်းကို နည်းပြ ကလော့ပ်က ကောင်းကောင်းသိထားပြီး ဒေါ့မွန်အသင်းကနေ အနားယူစဥ်က အဆိုပါအသင်းမှာ သွားရောက်နည်းပြဖို့အထိ ကြိုးစားခဲ့ဖူးကြောင်း ဖွင့်ဟခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ယေန႕ည မစ္ဂ်ီလန္းအသင္းနဲ႕ ကစားရမယ့္ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ သီယာဂို အယ္လ္ကန္တာရာ၊ ဂ်ိဳယယ္လ္ မာတစ္ပ္နဲ႕ နာဘီ ကီးတားတို႔ ပါဝင္နိုင္ဦးမွာ မဟုတ္ေၾကာင္း နဲ႕ အျခားဒဏ္ရာျပႆနာမ်ား ကင္းစင္ေနေၾကာင္း နည္းျပ ယာဂင္ ကေလာ့ပ္ အတည္ျပဳ။


လီဗာပူးအသင္းဟာ ႏွစ္ေပါင္း ၆၀ ၾကာ အသုံးျပဳခဲ့တဲ့ အသင္းရဲ႕ မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းကို လာမယ့္လမွာ စြန႔္ခြာၿပီး အသစ္ျပင္ဆင္ထားတဲ့ Kirkby က ေလ့က်င့္ေရးကြင္းသစ္မွာ ေျပာင္းေ႐ႊ႕ေလ့က်င့္ေတာ့မွာျဖစ္တယ္လို႔ The Athletic သတင္းက အတည္ျပဳေဖာ္ျပခဲ့။

လာမယ့္ရက္ပိုင္းေတြမွာ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ နဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို ၃ ရက္ တပြဲႏႈန္းနဲ႕ ကစားသြားရေတာ့ျဖစ္လို ခက္ခဲ ၾကမ္းတမ္းလာေတာ့မယ့္ ဖိအားျပင္းထန္တဲ့ စိန္ေခၚမႈေတြကို အေကာင္းဆုံးရင္ဆိုင္သြားမွာျဖစ္​ေၾကာင္း ကြင္းလယ္ကစားသမား ဟန္ဒါဆန္ ေျပာၾကား။


ကလပ္အသင္းသမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ယွဥ္ၿပိဳင္ကစားခြင့္ရခဲ့တဲ့ ဒိန္းမတ္ကလပ္ မစ္ဂ်ီလန္းအသင္းရဲ႕ တာဝန္ရွိသူေတြဟာ လီဗာပူးလ္ရဲ႕အသင္းရဲ႕ အမာခံပရိသတ္ေတြျဖစ္ၾကၿပီး Jorgen Kjaer ဆိုတဲ့ အသင္းတာဝန္ရွိသူတဦးဟာ လီဗာပူးလ္အသင္းနဲ႕ အုပ္စုတစ္ခုတည္း အတူက်ခဲ့တဲ့ေနာက္ ဝမ္းသာမ်က္ရည္က်ခဲ့ရေၾကာင္း သိရ။


မာေဆးဆိုဒ္ဒါဘီမွာ ဒဏ္ရာရရွိခဲ့တဲ့ လီဗာပူးလ္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာဟာ တစ္ဦးခ်င္းသီးသန့္ အေပါ့စားေလ့က်င့္ခန္းေတြကို ျပန္လည္ျပဳလုပ္ေနၿပီး ဒဏ္ရာကမျပင္းထန္ေပမယ့္ ေပါ့ဆလို႔မရတဲ့ အေျခအေနျဖစ္ေၾကာင္း သိရ။


SportMail က ျပဳစုခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ အေကာင္းဆုံး ျပည္ပကစားသမား XI စာရင္းမွာ လက္ရွိ လီဗာပူးလ္အသင္းက ဂိုးသမား အယ္လစ္ဆန္ ဘက္ကာ၊ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္၊ တိုက္စစ္မႉးေတြျဖစ္တဲ့ မာေနး နဲ႕ မိုဆာလားတို႔ ပါဝင္လာခဲ့။


အန္ဖီးလ္ေျမမွာ လက္ခံယွဥ္ၿပိဳင္ရမယ့္ မစ္ဂ်ီလန္းအသင္းရဲ႕ သမိုင္းေၾကာင္းကို နည္းျပ ကေလာ့ပ္က ေကာင္းေကာင္းသိထားၿပီး ေဒါ့မြန္အသင္းကေန အနားယူစဥ္က အဆိုပါအသင္းမွာ သြားေရာက္နည္းျပဖို႔အထိ ႀကိဳးစားခဲ့ဖူးေၾကာင္း ဖြင့္ဟခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.