Premier League

နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု – ၂၇.၁၀.၂၀၂၀


ချယ်လ်ဆီးအသင်းဟာ အခုအချိန်မှာ အသင်းတသင်းအနေနဲ့ တိုးတက်နေဆဲ ကာလ ဖြစ်သော်ငြား ထိပ်တန်းအသင်းတစ်သင်း ဖြစ်နိုင်တဲ့ အရည်အသွေးများ ရှိနေကြောင်း ဆီဗီးလားအသင်းရဲ့ အားကစားဒါရိုက်တာ မွန်ချီက ပြောကြား။


ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံထားရသော အန်တိုနီယို ရူဒီဂါဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲမှာ အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းခံရပြီးနောက် ခရက်စ်နိုဒါအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ပွဲထွက်ပါဝင်လာနိုင်ဖွယ်ရှိနေပြီး နည်းပြလမ်းပတ်နဲ့ ဆက်ဆံရေးအဆင်ပြေလျက်ရှိ။


ဘန်လေနဲ့ပွဲမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆွန်ဟောင်မင်အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ သူတို့နှစ်ဦးပေါင်း တွဲဖက်ရရှိတဲ့ ဂိုးပေါင်း ၂၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သလို လမ်းပတ်နဲ့ဒရော့ဘာတို့အတွဲရဲ့ စံချိန်ဖြစ်တဲ့ ၃၆ ဂိုးကို မီရန် ၇ ဂိုးသာလို။


ဆီဆာ အက်ဇ်ပီလီကွေတာရဲ့ပုခုံး‌ပေါ်ကို ခုန်တက်ပြီး ခန္ဓာကိုယ်နဲ့ ဖိသွားခဲ့တဲ့ မက်ဂွိုင်းယားရဲ့ဖြစ်ရပ်ကို လမ်းပတ်က ဝေဖန်ခဲ့ပြီးနောက် မက်ဂွိုင်းယားဟာ သူ့ကို ရီးစ် ဂျိမ်းစ်က အတင်းဖက်ဆွဲထားတဲ့ပုံကို အင်စတေစရမ်မှာ တင်ရှိပြီး ပြန်လည်တုံ့ပြန်ခဲ့။


ဖရန့် ​လမ်းပတ်နဲ့ ၉ နှစ်ကြာ အတူတွဲကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းဖော်ဟောင်း မိုက်ကယ် အက်ဆီယန်ဟာ လမ်းပတ် ရဲ့ ချဲလ်ဆီးနည်းပြဘဝ အောင်မြင်လာဖို့ အချိန်ယူဖို့ လိုအပ်သလို သူဟာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သတ်လို့ ထဲထဲဝင်ဝင် နားလည်ထားသူဖြစ်ကြောင်း လမ်းပတ်ကို ထောက်ခံခဲ့။


ဖူလ်ဟမ်းအသင်းမှာ အငှားထွက်ကစားနေရတဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်နေသလို ချယ်လ်ဆီးအသင်းတွင် မိမိအနာဂတ် ဆက်လက်တည်ရှိမယ်လို့ ယုံကြည်နေ။


အသင်းရဲ့ ဂန္ထဝင်ဂိုးသမား ပီတာချက်လို ကွင်းတွင်း ကွင်းပြင် စံပြပုဂ္ဂိုလ်တယောက်ရှိနေခြင်းဟာ ချယ်လ်ဆီးအသင်းရဲ့ဂိုးသမားတွေအတွက် အပေါင်းလက္ခဏာများစွာဆောင်ပေးနေသလို သူဟာ ရဲရင့်ထက်မြက်တဲ့ ခေါင်းဆောင်တဦးဖြစ်ကြောင်း မိုက်ကယ်အက်ဆီယန် ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခ်ယ္လ္ဆီးအသင္းဟာ အခုအခ်ိန္မွာ အသင္းတသင္းအေနနဲ႕ တိုးတက္ေနဆဲ ကာလ ျဖစ္ေသာ္ျငား ထိပ္တန္းအသင္းတစ္သင္း ျဖစ္နိုင္တဲ့ အရည္အေသြးမ်ား ရွိေနေၾကာင္း ဆီဗီးလားအသင္းရဲ႕ အားကစားဒါရိုက္တာ မြန္ခ်ီက ေျပာၾကား။


ယခုႏွစ္ရာသီတြင္ ခ်ယ္လ္ဆီးအသင္းလူစာရင္းမွ ခ်န္လွပ္ျခင္းခံထားရေသာ အန္တိုနီယို ႐ူဒီဂါဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ပြဲမွာ အသင္းလူစာရင္းထဲ ျပန္လည္ထည့္သြင္းခံရၿပီးေနာက္ ခရက္စ္နိုဒါအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲထြက္ပါဝင္လာနိုင္ဖြယ္ရွိေနၿပီး နည္းျပလမ္းပတ္နဲ႕ ဆက္ဆံေရးအဆင္ေျပလ်က္ရွိ။


ဘန္ေလနဲ႕ပြဲမွာ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းဟာ ဆြန္ေဟာင္မင္အတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့ၿပီး ဒါဟာ ပရီးမီးယားလိဂ္မွာ သူတို႔ႏွစ္ဦးေပါင္း တြဲဖက္ရရွိတဲ့ ဂိုးေပါင္း ၂၉ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္သလို လမ္းပတ္နဲ႕ဒေရာ့ဘာတို႔အတြဲရဲ႕ စံခ်ိန္ျဖစ္တဲ့ ၃၆ ဂိုးကို မီရန္ ၇ ဂိုးသာလို။


ဆီဆာ အက္ဇ္ပီလီေကြတာရဲ႕ပုခုံး‌ေပၚကို ခုန္တက္ၿပီး ခႏၶာကိုယ္နဲ႕ ဖိသြားခဲ့တဲ့ မက္ဂြိုင္းယားရဲ႕ျဖစ္ရပ္ကို လမ္းပတ္က ေဝဖန္ခဲ့ၿပီးေနာက္ မက္ဂြိုင္းယားဟာ သူ႕ကို ရီးစ္ ဂ်ိမ္းစ္က အတင္းဖက္ဆြဲထားတဲ့ပုံကို အင္စေတစရမ္မွာ တင္ရွိၿပီး ျပန္လည္တုံ႕ျပန္ခဲ့။


ဖရန့္ ​လမ္းပတ္နဲ႕ ၉ ႏွစ္ၾကာ အတူတြဲကစားခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းေဖာ္ေဟာင္း မိုက္ကယ္ အက္ဆီယန္ဟာ လမ္းပတ္ ရဲ႕ ခ်ဲလ္ဆီးနည္းျပဘဝ ေအာင္ျမင္လာဖို႔ အခ်ိန္ယူဖို႔ လိုအပ္သလို သူဟာ ခ်ယ္လ္ဆီးအသင္းနဲ႕ ပတ္သတ္လို႔ ထဲထဲဝင္ဝင္ နားလည္ထားသူျဖစ္ေၾကာင္း လမ္းပတ္ကို ေထာက္ခံခဲ့။


ဖူလ္ဟမ္းအသင္းမွာ အငွားထြက္ကစားေနရတဲ့ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ဟာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈတည္ေဆာက္ေနသလို ခ်ယ္လ္ဆီးအသင္းတြင္ မိမိအနာဂတ္ ဆက္လက္တည္ရွိမယ္လို႔ ယုံၾကည္ေန။


အသင္းရဲ႕ ဂႏၳဝင္ဂိုးသမား ပီတာခ်က္လို ကြင္းတြင္း ကြင္းျပင္ စံျပပုဂၢိုလ္တေယာက္ရွိေနျခင္းဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ဂိုးသမားေတြအတြက္ အေပါင္းလကၡဏာမ်ားစြာေဆာင္ေပးေနသလို သူဟာ ရဲရင့္ထက္ျမက္တဲ့ ေခါင္းေဆာင္တဦးျဖစ္ေၾကာင္း မိုက္ကယ္အက္ဆီယန္ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.