Premier League

တီမို ဗာနာ နဲ့ ခိုင်ဟာဗတ်ဇ်တို့အပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်း လမ်းပတ် အခိုင်အမာ ထောက်ခံ

ချယ်လ်ဆီးနည်းပြ ဖရန့် လမ်းပတ်ဟာ ယခုနှစ် နွေရာသီမှာ ပူပူနွေးနွေး ခေါ်ယူထားခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တီမို ဗာနာ နဲ့ ခိုင်ဟာဗတ်ဇ်တို့အပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်း​ ပြောဆိုပြီး ဝေဖန်မှုတွေကို တုံ့ပြန်သွားခဲ့သလို သူတို့ဟာ အမြန်ဆုံး ခြေစွမ်းပြသလာနိုင်မှာဖြစ်ကြောင်း အခိုင်အမာ ထောက်ခံခဲ့တယ်လို့ သိရပါတယ်။


ချယ်လ်ဆီးအသင်းဟာ ယခုတပတ်အတွင်း ယှဥ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်သာ ရှိခဲ့တဲ့အပြင် ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာလည်း ဂိုးမရရှိခဲ့တာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို ဝေဖန်မှုတွေမြင့်တက်လာခဲ့တာပါ။


နည်းပြလမ်းပတ်ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ဂိုးဖန်တီးမှုအတွက် စိုးရိမ်နေခြင်း မရှိဘဲ ဂျာမန်ကစားသမားတွေဖြစ်တဲ့ တီမို ဗာနာနဲ့ ခိုင်ဟာဗတ်ဇ်တို့နဲ့အတူ ဟာကင်းမ် ဇီးယက်ရှ် နဲ့ ခရစ္စတီယန် ပူလစ်ရှစ်ချ်တို့ဟာလည်း အခုရာသီမှာ ခြားနားမှုကို ပြသလာမှာဖြစ်ကြောင်း အသင်းကစားပုံအတွက် ထောက်ခံ ​ပြောဆိုသွားခဲ့တာပါ။


” တိုက်စစ် နဲ့ ခံစစ် ဟန်ချက်ညီပြီး မျှတနေအောင် ထိန်းညှိဖို့ ကြိုးစာနေရဆဲ ဖြစ်တာကိုတော့ ဝန်ခံရမှာပါ။ တီမိုအတွက် ကျွန်တော်ပျော်ရွှင်နေပါတယ်။ ဇီးယက်ရှ်လည်း ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်တော့မှာပါ”


“ကစားသမား​တွေနဲ့ အသင်းလူစာရင်းအတွက် ကျွန်တော့်ဘက်က စိုးရိမ်နေရတာ မရှိပါဘူး။ အချင်းချင်း အချိတ်အဆက် တည်ဆောက်နိုင်ဖို့ အချိန်ယူရတာကတော့ သဘာဝကျပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးမပေးခဲ့ရဘဲ အသင်းရဲ့ ခံစစ်ကြောင်း တည်ငြိမ်မှုကိုလည်း မြင်တွေ့ခဲ့ကြရမှာပါ” ​ပြောဆိုသွားခဲ့ပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးနည္းျပ ဖရန့္ လမ္းပတ္ဟာ ယခုႏွစ္ ႏြေရာသီမွာ ပူပူႏြေးႏြေး ေခၚယူထားခဲ့တဲ့ လူငယ္တိုက္စစ္ကစားသမားေတြျဖစ္တဲ့ တီမို ဗာနာ နဲ႕ ခိုင္ဟာဗတ္ဇ္တို႔အေပၚ အျပည့္အဝ ယုံၾကည္မႈရွိေၾကာင္း​ ေျပာဆိုၿပီး ေဝဖန္မႈေတြကို တုံ႕ျပန္သြားခဲ့သလို သူတို႔ဟာ အျမန္ဆုံး ေျခစြမ္းျပသလာနိုင္မွာျဖစ္ေၾကာင္း အခိုင္အမာ ေထာက္ခံခဲ့တယ္လို႔ သိရပါတယ္။


ခ်ယ္လ္ဆီးအသင္းဟာ ယခုတပတ္အတြင္း ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဂိုးေပါက္တည့္မႈ တစ္ႀကိမ္သာ ရွိခဲ့တဲ့အျပင္ ဆီဗီလာအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း ဂိုးမရရွိခဲ့တာေၾကာင့္ အသင္းရဲ႕ တိုက္စစ္ပိုင္းကို ေဝဖန္မႈေတြျမင့္တက္လာခဲ့တာပါ။


နည္းျပလမ္းပတ္ကေတာ့ အသင္းရဲ႕ တိုက္စစ္ပိုင္းနဲ႕ ဂိုးဖန္တီးမႈအတြက္ စိုးရိမ္ေနျခင္း မရွိဘဲ ဂ်ာမန္ကစားသမားေတြျဖစ္တဲ့ တီမို ဗာနာနဲ႕ ခိုင္ဟာဗတ္ဇ္တို႔နဲ႕အတူ ဟာကင္းမ္ ဇီးယက္ရွ္ နဲ႕ ခရစၥတီယန္ ပူလစ္ရွစ္ခ်္တို႔ဟာလည္း အခုရာသီမွာ ျခားနားမႈကို ျပသလာမွာျဖစ္ေၾကာင္း အသင္းကစားပုံအတြက္ ေထာက္ခံ ​ေျပာဆိုသြားခဲ့တာပါ။


” တိုက္စစ္ နဲ႕ ခံစစ္ ဟန္ခ်က္ညီၿပီး မွ်တေနေအာင္ ထိန္းညွိဖို႔ ႀကိဳးစာေနရဆဲ ျဖစ္တာကိုေတာ့ ဝန္ခံရမွာပါ။ တီမိုအတြက္ ကြၽန္ေတာ္ေပ်ာ္႐ႊင္ေနပါတယ္။ ဇီးယက္ရွ္လည္း ႀကံ့ခိုင္မႈအျပည့္နဲ႕ ကစားနိုင္ေတာ့မွာပါ”


“ကစားသမား​ေတြနဲ႕ အသင္းလူစာရင္းအတြက္ ကြၽန္ေတာ့္ဘက္က စိုးရိမ္ေနရတာ မရွိပါဘူး။ အခ်င္းခ်င္း အခ်ိတ္အဆက္ တည္ေဆာက္နိုင္ဖို႔ အခ်ိန္ယူရတာကေတာ့ သဘာဝက်ပါတယ္။ ယူနိုက္တက္နဲ႕ပြဲမွာ ဂိုးမေပးခဲ့ရဘဲ အသင္းရဲ႕ ခံစစ္ေၾကာင္း တည္ၿငိမ္မႈကိုလည္း ျမင္ေတြ႕ခဲ့ၾကရမွာပါ” ​ေျပာဆိုသြားခဲ့ပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.