Article Premier League UCL&UEL

[ေဆာင္းပါး] ပြဲႀကီးေတြကိုမွ ေ႐ြးကစားရမယ့္ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးဆိုတဲ့ ကိုလူေခ်ာႏွစ္ဦး

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာေတာ့ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအတြက္ ပြဲႀကီးေတြမွာ အထိနာခဲ့ရဖူးသမွ်ကို ေျဖရွင္းဖို႔အတြက္ လက္နက္ေကာင္းေတြ ရရွိေနၿပီလို႔ ယူဆရၿပီး ေနာက္ဆုံးပြဲႀကီးေတြ႕ဆုံမႈေတြျဖစ္တဲ့ ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ ပြဲေတြမွာ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ ပါဝင္ကစားခဲ့သလို ရလဒ္ေတြလည္း လက္ခံႏိုင္စရာပုံစံကို ျပသႏိုင္ခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာာ့စပါးစ္နဲ႔ပြဲမွာ ခံလိုက္ရသမွ် ေနာက္ပြဲေတြမွာ စတင္ျပင္ဆင္လာခဲ့တဲ့ ဆိုးလ္ရွားဟာ နယူးကာဆယ္လ္နဲ႔ပြဲကစလို႔ ဘရာဇီးလ္+စေကာ့တလန္ ကြင္းလယ္အထိုင္ကို စတင္စမ္းသပ္ခဲ့တာျဖစ္ၿပီး သူတို႔အတြဲဟာ တိုက္စစ္ပံ့ပိုးမႈ နည္းပါးခဲ့ေပမယ့္ ခံစစ္ေရွ႕မွာေတာ့ အေကာင္းဆုံးကာကြယ္ႏိုင္သူေတြလို႔လည္း မွတ္ခ်က္ျပဳႏိုင္ခဲ့တာပါ။

သူတို႔ႏွစ္ဦးနဲ႔ Solid Defense ကို ကစားၿပီး ေရွ႕မွာေတာ့ သမာၻနဲ႔ ဖန္တီးေပးမယ့္ မာတာနဲ႔ ေျပးအားတိုးအားေတြနဲ႔ ဖိအားေပးမယ့္ ဂ်ိမ္းစ္ကို တစ္ဖက္စီမွာထားရင္း အေထာင္တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကို ပံ့ပိုးေပးခဲ့ၿပီး ဒီပြဲမွာ ပြဲထြက္ခြင့္မရတဲ့ အရန္ခုံတန္းကေတာ့ ေပါင္သန္း ၂၀၀ ေလာက္ တန္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

တစ္ဖက္တိုက္စစ္ေတြ က်သြားေလာက္တဲ့ အခ်ိန္အထိ ဒီအတြဲနဲ႔ ပိတ္ဆို႔ၿပီး ခံစစ္ကစားသလားလို႔ ေမးရမယ့္ ဆိုးလ္ရွားဟာ တကယ္တမ္းမွာ ဒီေလာက္ေတာ့ မညံ့ဘူးလို႔ ဆိုရမွာျဖစ္ၿပီး ဖရက္ဒ္ရဲ႕ အျမန္ဆုံး ေဘာလုံးလုယူမႈမွာ မက္ေတာ္မီေနးရဲ႕ Long Pass ေတြနဲ႔ ႀကိဳးစားၿပီး ေရွ႕က တိုက္စစ္ကစားသမား ေလးေယာက္ျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မာတာ၊ ဂ်ိမ္းစ္၊ ရက္ရွ္ဖို႔ဒ္တို႔ သုံးဦးဆီ ေဘာလုံးပို႔ေပးခဲ့တာကို ေတြ႕ရပါတယ္။

ဗန္ဒဘိခ္နဲ႔ ေပါ့ဘာတို႔လို ဆြဲေဆာင္မႈရွိတဲ့ ကြင္းလယ္ကစားကြက္ကို မျပသႏိုင္ေပမယ့္ ထိေရာက္ၿပီး တိုက္႐ိုက္ကစားတဲ့ ပုံစံကို ျပသခဲ့တဲ့ ဒီႏွစ္ဦးဟာ နယူးကာဆယ္လ္နဲ႔ပြဲအၿပီးမွာ ၿပီးခဲ့တဲ့ႏွစ္က ဆိုးလ္ရွားကို ရာထူးၿမဲေစခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔ပြဲကို သူတို႔အတြဲရဲ႕ ႏွစ္ပတ္လည္ပြဲအျဖစ္ ကစားခဲ့ၿပီး အႏိုင္ရေအာင္လည္း စြမ္းေဆာင္ႏိုင္ခဲ့ၾကပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ အလုပ္ကေတာ့ တစ္ဖက္ဖန္တီးရွင္ေတြဆီက အျမန္ဆုံးလုယူ၊ အျမန္ဆုံးတိုက္စစ္ကို ေပးပို႔ဆိုတဲ့ ပုံစံျဖစ္ၿပီး ကာရာေဘာင္းမွာ ခ်ဲလ္ဆီးကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အႏိုင္ရခဲ့သလိုမ်ိဳးပဲ ၿပီးခဲ့တဲ့ပြဲကိုလည္း ဒီဗ်ဴဟာနဲ႔ပဲ ရင္ဆိုင္ခဲ့ၿပီး ခံစစ္လိုင္းေတြျဖစ္တဲ့ ကြင္းလယ္နဲ႔ ေနာက္ခံအစြန္လူရဲ႕ ၾကားထဲကေန ထိုးႏွက္ဖို႔ ႀကိဳးစားခဲ့တာပါ။ ဒါေပမယ့္ အရင္ပြဲေတြထက္ ပိုသတိရွိေနတဲ့ ေဂ်ာ္ဂ်င္ညိဳ၊ ကြန္ေတနဲ႔ အသစ္ေရာက္လာတဲ့ သီယာဂို ေဆးလ္ဗားတို႔ေၾကာင့္သာ ေအာင္ျမင္မႈ နည္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးတိုက္စစ္ကို ကြင္းလယ္မွာ ဖ်က္ဆီးႏိုင္ခဲ့တဲ့ ဒီကစားသမားႏွစ္ဦးဟာ လွပမႈမရွိ၊ ဖန္တီးမႈနည္းေပမယ့္ ထိေရာက္တဲ့ ကစားပုံနဲ႔ တစ္ဖက္အသင္း စိတ္ပ်က္ေအာင္ ေတာင့္ခံႏိုင္ၾကသလို ပြဲခ်ိန္ေနာက္ပိုင္းမိနစ္ေတြမွာမွ ကိုဗစ္ေၾကာင့္ အားမျပည့္ေသးတဲ့ ေပါ့ဘာနဲ႔ အသင္းသစ္နဲ႔ လမိုင္းမကပ္ေသးတဲ့ ဗန္ဒဘိခ္တို႔ကို လူစားလဲၿပီး ညႇစ္ကစားခိုင္းႏိုင္ေအာင္ ေကာင္းေကာင္းတတ္ႏိုင္ၾကတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲမွာ တိုက္စစ္ျမႇင့္ခ်ိန္မွာ ဂိုးမသြင္းႏိုင္ခဲ့တာကေတာ့ ေရွ႕တန္းလူေတြရဲ႕ သမိုင္းပဲျဖစ္ၿပီး ကြင္းလယ္မွာ သုံးႀကိမ္စီ ျဖတ္ေတာက္ရယူႏိုင္ခဲ့သလို၊ ဖရက္ဒ္က တစ္ႀကိမ္၊ မက္ေတာ္မီေနးက ႏွစ္ႀကိမ္ ေလွ်ာထိုးဖ်က္ထုတ္မႈေတြကိုလည္း ျပဳလုပ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးရဲ႕ ကြင္းလယ္အထိုင္ျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳ+ကြန္ေတတို႔နဲ႔ယွဥ္ရင္ေတာင္ မတိမ္းမယိမ္း အသာရခဲ့တာကိုလည္း ျမင္ရမွာပါ။

ဒါေၾကာင့္ ဒီႏွစ္ဦးဟာ အသင္းအတြက္ေတာ့ ပြဲႀကီးေတြမွာ ကြင္းလယ္ကို ထိန္းခ်ဳပ္ၿပီး ခံစစ္ကို ကာကြယ္ဖို႔ ေကာင္းေကာင္းစိတ္ခ်ရႏိုင္မယ္လို႔ ကြၽမ္းက်င္သူတခ်ိဳ႕က ရႈျမင္ခဲ့ၾကၿပီး မက္ေတာ္မီေနးအေနနဲ႔လည္း ကြင္းလယ္မွာ ေဘာလုံးေကာင္းေကာင္းျဖန္႔ႏုိင္တာျဖစ္လို႔ ဆိုးလ္ရွားအေနနဲ႔ တိုက္စစ္က ဂိုးေတြ ရဖို႔ကိုပဲ ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ခင္းက်င္းရဖို႔ပဲ ရွိေနပါတယ္။

ျမန္မာလိုဆိုရင္ လူၾကမ္း၊ တစ္နည္းအားျဖင့္ ကိုလူေခ်ာအဖြဲ႕လို႔ ေခၚသူေတြလိုပဲ မင္းသားေတြ ထင္ေပၚေအာင္လုပ္ေပးၾကတဲ့ ဇာတ္ပို႔ေတြရဲ႕ အခန္းက႑ကို အိုးလ္ထရက္ဖို႔ဒ္ဆိုတဲ့ အိပ္မက္ကဇာတ္႐ုံႀကီးမွာ ဒီႏွစ္ဦးကေတာ့ ကျပဖို႔ အဆင္သင့္ျဖစ္ေနခဲ့ခ်ိန္မွာ နည္းျပတစ္ျဖစ္လဲ ဇာတ္ၫႊန္းနဲ႔ ဒါ႐ိုက္တာႀကီး အိုလီဂန္နာ ဆိုးလ္ရွားအတြက္ေတာ့ ပရိသတ္ကို သေဘာက်ေစမယ့္ တိုက္စစ္မင္းသားေတြကိုပဲ ေ႐ြးခ်ယ္အသုံးျပဳတတ္ဖို႔ အလုပ္တစ္ခုပဲ က်န္ေတာ့မယ္လို႔ အေတြးေပၚမိေၾကာင္းလည္း အျပဳသေဘာနဲ႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် ပွဲကြီးတွေမှာ အထိနာခဲ့ရဖူးသမျှကို ဖြေရှင်းဖို့အတွက် လက်နက်ကောင်းတွေ ရရှိနေပြီလို့ ယူဆရပြီး နောက်ဆုံးပွဲကြီးတွေ့ဆုံမှုတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲတွေမှာ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ ပါဝင်ကစားခဲ့သလို ရလဒ်တွေလည်း လက်ခံနိုင်စရာပုံစံကို ပြသနိုင်ခဲ့ပါတယ်။

တော့တင်ဟမ်ဟောာ့စပါးစ်နဲ့ပွဲမှာ ခံလိုက်ရသမျှ နောက်ပွဲတွေမှာ စတင်ပြင်ဆင်လာခဲ့တဲ့ ဆိုးလ်ရှားဟာ နယူးကာဆယ်လ်နဲ့ပွဲကစလို့ ဘရာဇီးလ်+စကော့တလန် ကွင်းလယ်အထိုင်ကို စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး သူတို့အတွဲဟာ တိုက်စစ်ပံ့ပိုးမှု နည်းပါးခဲ့ပေမယ့် ခံစစ်ရှေ့မှာတော့ အကောင်းဆုံးကာကွယ်နိုင်သူတွေလို့လည်း မှတ်ချက်ပြုနိုင်ခဲ့တာပါ။

သူတို့နှစ်ဦးနဲ့ Solid Defense ကို ကစားပြီး ရှေ့မှာတော့ သမ္ဘာနဲ့ ဖန်တီးပေးမယ့် မာတာနဲ့ ပြေးအားတိုးအားတွေနဲ့ ဖိအားပေးမယ့် ဂျိမ်းစ်ကို တစ်ဖက်စီမှာထားရင်း အထောင်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ပံ့ပိုးပေးခဲ့ပြီး ဒီပွဲမှာ ပွဲထွက်ခွင့်မရတဲ့ အရန်ခုံတန်းကတော့ ပေါင်သန်း ၂၀၀ လောက် တန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

တစ်ဖက်တိုက်စစ်တွေ ကျသွားလောက်တဲ့ အချိန်အထိ ဒီအတွဲနဲ့ ပိတ်ဆို့ပြီး ခံစစ်ကစားသလားလို့ မေးရမယ့် ဆိုးလ်ရှားဟာ တကယ်တမ်းမှာ ဒီလောက်တော့ မညံ့ဘူးလို့ ဆိုရမှာဖြစ်ပြီး ဖရက်ဒ်ရဲ့ အမြန်ဆုံး ဘောလုံးလုယူမှုမှာ မက်တော်မီနေးရဲ့ Long Pass တွေနဲ့ ကြိုးစားပြီး ရှေ့က တိုက်စစ်ကစားသမား လေးယောက်ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ မာတာ၊ ဂျိမ်းစ်၊ ရက်ရှ်ဖို့ဒ်တို့ သုံးဦးဆီ ဘောလုံးပို့ပေးခဲ့တာကို တွေ့ရပါတယ်။

ဗန်ဒဘိခ်နဲ့ ပေါ့ဘာတို့လို ဆွဲဆောင်မှုရှိတဲ့ ကွင်းလယ်ကစားကွက်ကို မပြသနိုင်ပေမယ့် ထိရောက်ပြီး တိုက်ရိုက်ကစားတဲ့ ပုံစံကို ပြသခဲ့တဲ့ ဒီနှစ်ဦးဟာ နယူးကာဆယ်လ်နဲ့ပွဲအပြီးမှာ ပြီးခဲ့တဲ့နှစ်က ဆိုးလ်ရှားကို ရာထူးမြဲစေခဲ့တဲ့ ပီအက်စ်ဂျီနဲ့ပွဲကို သူတို့အတွဲရဲ့ နှစ်ပတ်လည်ပွဲအဖြစ် ကစားခဲ့ပြီး အနိုင်ရအောင်လည်း စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့ အလုပ်ကတော့ တစ်ဖက်ဖန်တီးရှင်တွေဆီက အမြန်ဆုံးလုယူ၊ အမြန်ဆုံးတိုက်စစ်ကို ပေးပို့ဆိုတဲ့ ပုံစံဖြစ်ပြီး ကာရာဘောင်းမှာ ချဲလ်ဆီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ရခဲ့သလိုမျိုးပဲ ပြီးခဲ့တဲ့ပွဲကိုလည်း ဒီဗျူဟာနဲ့ပဲ ရင်ဆိုင်ခဲ့ပြီး ခံစစ်လိုင်းတွေဖြစ်တဲ့ ကွင်းလယ်နဲ့ နောက်ခံအစွန်လူရဲ့ ကြားထဲကနေ ထိုးနှက်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အရင်ပွဲတွေထက် ပိုသတိရှိနေတဲ့ ဂျော်ဂျင်ညို၊ ကွန်တေနဲ့ အသစ်ရောက်လာတဲ့ သီယာဂို ဆေးလ်ဗားတို့ကြောင့်သာ အောင်မြင်မှု နည်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးတိုက်စစ်ကို ကွင်းလယ်မှာ ဖျက်ဆီးနိုင်ခဲ့တဲ့ ဒီကစားသမားနှစ်ဦးဟာ လှပမှုမရှိ၊ ဖန်တီးမှုနည်းပေမယ့် ထိရောက်တဲ့ ကစားပုံနဲ့ တစ်ဖက်အသင်း စိတ်ပျက်အောင် တောင့်ခံနိုင်ကြသလို ပွဲချိန်နောက်ပိုင်းမိနစ်တွေမှာမှ ကိုဗစ်ကြောင့် အားမပြည့်သေးတဲ့ ပေါ့ဘာနဲ့ အသင်းသစ်နဲ့ လမိုင်းမကပ်သေးတဲ့ ဗန်ဒဘိခ်တို့ကို လူစားလဲပြီး ညှစ်ကစားခိုင်းနိုင်အောင် ကောင်းကောင်းတတ်နိုင်ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ချဲလ်ဆီးနဲ့ပွဲမှာ တိုက်စစ်မြှင့်ချိန်မှာ ဂိုးမသွင်းနိုင်ခဲ့တာကတော့ ရှေ့တန်းလူတွေရဲ့ သမိုင်းပဲဖြစ်ပြီး ကွင်းလယ်မှာ သုံးကြိမ်စီ ဖြတ်တောက်ရယူနိုင်ခဲ့သလို၊ ဖရက်ဒ်က တစ်ကြိမ်၊ မက်တော်မီနေးက နှစ်ကြိမ် လျှောထိုးဖျက်ထုတ်မှုတွေကိုလည်း ပြုလုပ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးရဲ့ ကွင်းလယ်အထိုင်ဖြစ်တဲ့ ဂျော်ဂျင်ညို+ကွန်တေတို့နဲ့ယှဉ်ရင်တောင် မတိမ်းမယိမ်း အသာရခဲ့တာကိုလည်း မြင်ရမှာပါ။

ဒါကြောင့် ဒီနှစ်ဦးဟာ အသင်းအတွက်တော့ ပွဲကြီးတွေမှာ ကွင်းလယ်ကို ထိန်းချုပ်ပြီး ခံစစ်ကို ကာကွယ်ဖို့ ကောင်းကောင်းစိတ်ချရနိုင်မယ်လို့ ကျွမ်းကျင်သူတချို့က ရှုမြင်ခဲ့ကြပြီး မက်တော်မီနေးအနေနဲ့လည်း ကွင်းလယ်မှာ ဘောလုံးကောင်းကောင်းဖြန့်နိုင်တာဖြစ်လို့ ဆိုးလ်ရှားအနေနဲ့ တိုက်စစ်က ဂိုးတွေ ရဖို့ကိုပဲ သေသေချာချာ ရွေးချယ်ခင်းကျင်းရဖို့ပဲ ရှိနေပါတယ်။

မြန်မာလိုဆိုရင် လူကြမ်း၊ တစ်နည်းအားဖြင့် ကိုလူချောအဖွဲ့လို့ ခေါ်သူတွေလိုပဲ မင်းသားတွေ ထင်ပေါ်အောင်လုပ်ပေးကြတဲ့ ဇာတ်ပို့တွေရဲ့ အခန်းကဏ္ဍကို အိုးလ်ထရက်ဖို့ဒ်ဆိုတဲ့ အိပ်မက်ကဇာတ်ရုံကြီးမှာ ဒီနှစ်ဦးကတော့ ကပြဖို့ အဆင်သင့်ဖြစ်နေခဲ့ချိန်မှာ နည်းပြတစ်ဖြစ်လဲ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကြီး အိုလီဂန်နာ ဆိုးလ်ရှားအတွက်တော့ ပရိသတ်ကို သဘောကျစေမယ့် တိုက်စစ်မင်းသားတွေကိုပဲ ရွေးချယ်အသုံးပြုတတ်ဖို့ အလုပ်တစ်ခုပဲ ကျန်တော့မယ်လို့ အတွေးပေါ်မိကြောင်းလည်း အပြုသဘောနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.