Premier League

မန်ချက်စတာကို ရွေးချယ်မိခဲ့လို့ ဗန်ဒီဘိခ် နောင်တရနေမှာ ဖြစ်ကြောင်း မာကို ဗန်ဘက်စတန် ဝေဖန်

ဟော်လန် ဂန္ထဝင်ကစားသမားကြီးဖြစ်တဲ့ မာကို ဗန်ဘက်စတန်ဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်မိခဲ့တဲ့ ဒွန်နီ ဗန်ဒီဘိခ် နောင်တရနေမှာဖြစ်တယ်လို့ Ziggo Sport အားကစားသတင်းနဲ့ အစီအစဥ်မှာ ဝေဖန်သွားခဲ့ကြောင်း သိရပါတယ်။


အိုင်းယက်စ်အသင်းကနေ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အဆိုပါ အသက် ၂၃ နှစ်သား ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ပွဲစဥ် ၅ ပွဲကစားထားရတဲ့ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ၆၁ မိနစ်သာ ကစားခွင့်ရထားတာပါ။


သူ့ကို ပွဲထွက်ခွင့်ပေးမှာဖြစ်ကြောင်း ယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားက ကတိပေးမှု ပြုလုပ်ပြီး ခေါ်ယူခဲ့ပေမယ့် ပြီးခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဥ်မှာလည်း ဗန်ဒီဘိခ်ဟာ ပါဝင်ကစားခွင့်မရခဲ့ဘဲ ဆိုးလ်ရှားက အရန်ခုံမှာသာ ချန်လှပ်ထားခဲ့ပြန်ပါတယ်။


သူဟာ ဒီရာသီ ယူနိုက်တက်အသင်းအတွက် ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ လူတန်၊ ဘရိုက်တန်တို့အသင်းနဲ့ ပွဲစဥ် ၂ ပွဲမှာသာ ပထမကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး ကျန်ပွဲစဥ်တွေမှာ အရန်ခုံသာ ထိုင်နေရကာ လူစားဝင်ကစားအဖြစ်သာ ကစားခဲ့ရတာကြောင့် အခုလိုဝေဖန်မှု ကျယ်လောင်လာခဲ့ရတာပါ။


” ဒွန်နီက ယူနိုက်တက်ကို မပြောင်းခဲ့သင့်ပါဘူး။ အရည်အသွေးရှိ ကစားသမားတယောက်ဟာ ရက်သတ္တပတ်တိုင်း ကစားခွင့်ရချင်မှာပါ။ ဒွန်နီလိုကစားသမားတယောက်အတွက် ဒီတစ်နှစ်လုံးမှာ ခြောက်ပွဲ၊ ခုနှစ်ပွဲသာ ကစားခွင့်ရခဲ့တာ တကယ်ဆိုးရွားပါတယ်။ အသင်းသစ်ရွေးတဲ့အခါ အသင်းရွေးမမှားဖို့ လိုအပ်ပါတယ်။ ပွဲထွက်ကစားခွင့် ပိုရပြီး ပိုမိုကောင်းမွန်တဲ့အသင်းကို သူရွေးချယ်ခဲ့ရမှာပါ” လို့ ဘက်စတန်က ဆိုခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဟာ္လန္ ဂႏၳဝင္ကစားသမားႀကီးျဖစ္တဲ့ မာကို ဗန္ဘက္စတန္ဟာ ၿပီးခဲ့တဲ့ ႏြေအေျပာင္းအေ႐ႊ႕မွာ မန္ခ်က္စတာယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္မိခဲ့တဲ့ ဒြန္နီ ဗန္ဒီဘိခ္ ေနာင္တရေနမွာျဖစ္တယ္လို႔ Ziggo Sport အားကစားသတင္းနဲ႕ အစီအစဥ္မွာ ေဝဖန္သြားခဲ့ေၾကာင္း သိရပါတယ္။


အိုင္းယက္စ္အသင္းကေန ေပါင္သန္း ၄၀ နဲ႕ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အဆိုပါ အသက္ ၂၃ ႏွစ္သား ကြင္းလယ္လူဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၅ ပြဲကစားထားရတဲ့ ယူနိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ ၆၁ မိနစ္သာ ကစားခြင့္ရထားတာပါ။


သူ႕ကို ပြဲထြက္ခြင့္ေပးမွာျဖစ္ေၾကာင္း ယူနိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားက ကတိေပးမႈ ျပဳလုပ္ၿပီး ေခၚယူခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႕ ပြဲစဥ္မွာလည္း ဗန္ဒီဘိခ္ဟာ ပါဝင္ကစားခြင့္မရခဲ့ဘဲ ဆိုးလ္ရွားက အရန္ခုံမွာသာ ခ်န္လွပ္ထားခဲ့ျပန္ပါတယ္။


သူဟာ ဒီရာသီ ယူနိုက္တက္အသင္းအတြက္ ကာရာေဘာင္းဖလားၿပိဳင္ပြဲရဲ႕ လူတန္၊ ဘရိုက္တန္တို႔အသင္းနဲ႕ ပြဲစဥ္ ၂ ပြဲမွာသာ ပထမကစားသမားအျဖစ္ ပြဲထြက္ခြင့္ရခဲ့ၿပီး က်န္ပြဲစဥ္ေတြမွာ အရန္ခုံသာ ထိုင္ေနရကာ လူစားဝင္ကစားအျဖစ္သာ ကစားခဲ့ရတာေၾကာင့္ အခုလိုေဝဖန္မႈ က်ယ္ေလာင္လာခဲ့ရတာပါ။


” ဒြန္နီက ယူနိုက္တက္ကို မေျပာင္းခဲ့သင့္ပါဘူး။ အရည္အေသြးရွိ ကစားသမားတေယာက္ဟာ ရက္သတၱပတ္တိုင္း ကစားခြင့္ရခ်င္မွာပါ။ ဒြန္နီလိုကစားသမားတေယာက္အတြက္ ဒီတစ္ႏွစ္လုံးမွာ ေျခာက္ပြဲ၊ ခုႏွစ္ပြဲသာ ကစားခြင့္ရခဲ့တာ တကယ္ဆိုး႐ြားပါတယ္။ အသင္းသစ္ေ႐ြးတဲ့အခါ အသင္းေ႐ြးမမွားဖို႔ လိုအပ္ပါတယ္။ ပြဲထြက္ကစားခြင့္ ပိုရၿပီး ပိုမိုေကာင္းမြန္တဲ့အသင္းကို သူေ႐ြးခ်ယ္ခဲ့ရမွာပါ” လို႔ ဘက္စတန္က ဆိုခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.