Premier League

ဂျေမီ ဗာဒီဟာ ကမ္ဘာ့အဆင့် ကစားသမားဖြစ်တယ်လို့ ချီးကျူးသွားတဲ့ ဘရန်ဒန် ရော့ဂျားစ်

ပြီးခဲ့တဲ့ညက အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဥ်မှာ ခေါင်းတိုက်ဂိုးနဲ့အတူ လက်စတာအတွက် အဝေးကွင်းနိုင်ပွဲ ရယူပေးသွားခဲ့တဲ့ ဂျေမီ ဗာဒီဟာ ကမ္ဘာ့အဆင့် ကစားသမားဖြစ်တယ်လို့ လက်စတာအသင်းနည်းပြ ဘရန်ဒန် ရော့ဂျားစ်က ထုတ်ဖော် ချီးကျူးသွားခဲ့တယ်လို့ သိရပါတယ်။


ဗာဒီဟာ လက်စတာအသင်းအတွက် ပွဲချိန် ၇၅ မိနစ်မှာ လူစားဝင်ရောက်လာခဲ့ပြီး မိနစ် ၈၀ မှာ နောက်ကျအနိုင်ဂိုးနဲ့အတူ တစ်ဂိုး ဂိုးမရှိ ရလာဒ်နဲ့ အသင်းရဲ့ အဖိုးတန် အနိုင် ၃ မှတ် ကို ယူဆောင်ပေးနိုင်ခဲ့တာပါ။


ဗာဒီဟာ အရန်ခုံပေါ်ကနေ ထလာခဲ့ပြီးနောက် အမ်းမရိတ်စ်မြေမှာ အာဆင်နယ်အသင်းကို ခြောက်လှန့်နိုင်ခဲ့တာဖြစ်သလို လက်စတာဟာ ခြောက်ပွဲကစား ရမှတ် ၁၂ မှတ်နဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးအသင်း အဲဗာတန်၊ လီဗာပူးလ် အသင်းတို့နဲ့ တစ်မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ နေရာ ရပ်တည်နိုင်ခဲ့တာပါ။


အာဆင်နယ်အသင်းက ၂၀၁၆ ခုနှစ်မှာ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ အဆိုပါ ၃၃ နှစ်သားဟာ အာဆင်နယ်အသင်းနဲ့ ၁၂ ကြိမ် တွေ့ဆုံရာမှာ ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။


” ပွဲစဥ်တိုင်းမှာ သူဟာ ဂိုးသွင်းနိုင်ဖို့ အမြဲအားထုတ်နေတာပါ။ နောက်ထပ်တဂိုး မရခဲ့လို့တောင် သူက စိတ်ပျက်လက်ပျက် ဖြစ်နေပါသေးတယ်။ သူဟာ အံ့အားသင့်စရာ အရည်အသွေးမြင့်ကစားသမားဖြစ်ပြီး ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ပါတယ် ” လို့ ဘရန်ဒန် ရော့ဂျာ့စ်က ထုတ်ဖော်ချီးကျူးသွားခဲ့သလို ဒဏ်ရာကြောင့် နောက်ဆုံးပွဲစဥ်နှစ်ပွဲ လွဲချော်ထားရတဲ့ ဗာဒီကလည်း အာဆင်နယ်နဲ့ပွဲမှာ အခုလို လူစားဝင်ကစားဖို့ နည်းပြက မိမိနဲ့ဆွေးနွေးကာ အစီအစဥ်ချထားပြီးဖြစ်ကြောင်း ပြောပြသွားခဲ့တာပါ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက အာဆင္နယ္နဲ႕ အေဝးကြင္းပြဲစဥ္မွာ ေခါင္းတိုက္ဂိုးနဲ႕အတူ လက္စတာအတြက္ အေဝးကြင္းနိုင္ပြဲ ရယူေပးသြားခဲ့တဲ့ ေဂ်မီ ဗာဒီဟာ ကမၻာ့အဆင့္ ကစားသမားျဖစ္တယ္လို႔ လက္စတာအသင္းနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က ထုတ္ေဖာ္ ခ်ီးက်ဴးသြားခဲ့တယ္လို႔ သိရပါတယ္။


ဗာဒီဟာ လက္စတာအသင္းအတြက္ ပြဲခ်ိန္ ၇၅ မိနစ္မွာ လူစားဝင္ေရာက္လာခဲ့ၿပီး မိနစ္ ၈၀ မွာ ေနာက္က်အနိုင္ဂိုးနဲ႕အတူ တစ္ဂိုး ဂိုးမရွိ ရလာဒ္နဲ႕ အသင္းရဲ႕ အဖိုးတန္ အနိုင္ ၃ မွတ္ ကို ယူေဆာင္ေပးနိုင္ခဲ့တာပါ။


ဗာဒီဟာ အရန္ခုံေပၚကေန ထလာခဲ့ၿပီးေနာက္ အမ္းမရိတ္စ္ေျမမွာ အာဆင္နယ္အသင္းကို ေျခာက္လွန့္နိုင္ခဲ့တာျဖစ္သလို လက္စတာဟာ ေျခာက္ပြဲကစား ရမွတ္ ၁၂ မွတ္နဲ႕အတူ အမွတ္ေပးဇယား ထိပ္ဆုံးအသင္း အဲဗာတန္၊ လီဗာပူးလ္ အသင္းတို႔နဲ႕ တစ္မွတ္အကြာကို တက္လွမ္းနိုင္ခဲ့ၿပီး အဆင့္ ၄ ေနရာ ရပ္တည္နိုင္ခဲ့တာပါ။


အာဆင္နယ္အသင္းက ၂၀၁၆ ခုႏွစ္မွာ ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးတဲ့ အဆိုပါ ၃၃ ႏွစ္သားဟာ အာဆင္နယ္အသင္းနဲ႕ ၁၂ ႀကိမ္ ေတြ႕ဆုံရာမွာ ၁၁ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။


” ပြဲစဥ္တိုင္းမွာ သူဟာ ဂိုးသြင္းနိုင္ဖို႔ အၿမဲအားထုတ္ေနတာပါ။ ေနာက္ထပ္တဂိုး မရခဲ့လို႔ေတာင္ သူက စိတ္ပ်က္လက္ပ်က္ ျဖစ္ေနပါေသးတယ္။ သူဟာ အံ့အားသင့္စရာ အရည္အေသြးျမင့္ကစားသမားျဖစ္ၿပီး ကမၻာ့အဆင့္ တိုက္စစ္မႉး ျဖစ္ပါတယ္ ” လို႔ ဘရန္ဒန္ ေရာ့ဂ်ာ့စ္က ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့သလို ဒဏ္ရာေၾကာင့္ ေနာက္ဆုံးပြဲစဥ္ႏွစ္ပြဲ လြဲေခ်ာ္ထားရတဲ့ ဗာဒီကလည္း အာဆင္နယ္နဲ႕ပြဲမွာ အခုလို လူစားဝင္ကစားဖို႔ နည္းျပက မိမိနဲ႕ေဆြးႏြေးကာ အစီအစဥ္ခ်ထားၿပီးျဖစ္ေၾကာင္း ေျပာျပသြားခဲ့တာပါ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.