Premier League

နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု – ၂၆.၁၀.၂၀၂၀

မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဥ်ဟာ နှစ်သင်းစလုံးအတွက် ကစားရခက်ခဲခဲ့ပြီး သရေရလာဒ်ဟာ မျှတတဲ့ရလာဒ်ဖြစ်သလို အဝေးကွင်းမှာ Clean Sheet ရရှိခဲ့တာဟာ ကျေနပ်စရာဖြစ်ကြောင်း အန်ဂိုလို ကွန်တေပြောကြားခဲ့ပြီး ဂိုးသမားမန်ဒီရဲ့အဆုံးအဖြတ်ကာကွယ်မှုတွေကိုလည်း အဓိကချီးကျူးသွား။

ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းအတွက် အားဖြည့်ခေါ်ယူမှုများဖြစ်တဲ့ မန်ဒီ၊ သီယာဂိုဆေးလ်ဗားနဲ့ ဘန်ချေးလ်ဝဲလ်တို့ ၃ ဦးစလုံး အတူတကွ ပွဲထွက်ကစားခဲ့တဲ့ ၃ ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ၃ ပွဲလုံး ပေးဂိုးမရှိခဲ့။

ဝေဖန်မှုခံရနေတဲ့ တီမို ဗာနာ၊ ခိုင်ဟာဗတ်ဇ်တို့နဲ့အတူ ဟားကင်းမ် ဇီးယက်ရှ် နဲ့ ခရစ္စတီယန် ပူလီရှစ်ချ်တို့ အမြန်ဆုံး ခြေစွမ်းပြနိုင်လာမယ်လို့ အပြည့်အဝယုံကြည်မှုရှိကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ်ထောက်ခံခဲ့ပြီး တိုက်စစ်ပိုင်းအတွက် စိတ်မပူကြောင်း သိရ။

မိမိတို့လူစာရင်းကို အခိုင်အမာယုံကြည်သလို ကစားသမားတွေဟာ တဦးချင်းအရည်အသွေး အပြည့်အဝရှိကြောင်း နည်းပြလမ်းပတ် ထပ်လောင်း​ ပြောကြားပြီး အသင်းကစားပုံကို တိုက်စစ် နဲ့ ခံစစ် ဟန်ချက်မျှတအောင် တည်ဆောက်နေကြောင်း သိရ။

တရုတ်ကို ပြောင်းရွှေ့ကစားခဲ့လို့ ဝေဖန်အပြစ်တင်ခံရတာနဲ့ ပတ်သက်ပြီး မိမိဟာဆင်းရဲတဲ့ ဘရာဇီးလ်မိသားစုက ပေါက်ဖွားလာခဲ့တာကြောင့် မိသားစုအတွက် ဖြည့်ဆည်းပေးဖို့အတွက် မှန်မှန်ကန်ကန် ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း ချယ်လ်ဆီးကစားသမားဟောင်း အော်စကာ တုံ့ပြန်သွားခဲ့။

ကာဗာနီ ဂိုးသွင်းမယ့် အခွင့်အရေးကို ပီအက်စ်ဂျီအသင်းဖော်ဟောင်း သီယာဂို ဆေးလ်ဗားရဲ့ တားဆီးနိုင်ခဲ့မှုဟာ အထင်ကြီးစရာ ခံစစ်စွမ်းဆောင်ရည်ဖြစ်ကြောင်း မန်ချက်စရာယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ချီးကျူးခဲ့။

ချယ်လ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်တဲ့ ဒက်ကလန် ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းက စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတာကြောင့် ရိုက်စ်ရဲ့ အနာဂတ်ဟာ ဆုံးဖြတ်ရခက်နိုင်ဖွယ်ရှိပြီး ချယ်လ်ဆီးအသင်းဘက်က စျေးကြီးပေး ကမ်းလှမ်းမှုပြုလုပ်လာရဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္နဲ႕ ပြဲစဥ္ဟာ ႏွစ္သင္းစလုံးအတြက္ ကစားရခက္ခဲခဲ့ၿပီး သေရရလာဒ္ဟာ မွ်တတဲ့ရလာဒ္ျဖစ္သလို အေဝးကြင္းမွာ Clean Sheet ရရွိခဲ့တာဟာ ေက်နပ္စရာျဖစ္ေၾကာင္း အန္ဂိုလို ကြန္ေတေျပာၾကားခဲ့ၿပီး ဂိုးသမားမန္ဒီရဲ႕အဆုံးအျဖတ္ကာကြယ္မႈေတြကိုလည္း အဓိကခ်ီးက်ဴးသြား။

ခ်ယ္လ္ဆီးအသင္းရဲ႕ ခံစစ္ေၾကာင္းအတြက္ အားျဖည့္ေခၚယူမႈမ်ားျဖစ္တဲ့ မန္ဒီ၊ သီယာဂိုေဆးလ္ဗားနဲ႕ ဘန္ေခ်းလ္ဝဲလ္တို႔ ၃ ဦးစလုံး အတူတကြ ပြဲထြက္ကစားခဲ့တဲ့ ၃ ပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ ၃ ပြဲလုံး ေပးဂိုးမရွိခဲ့။

ေဝဖန္မႈခံရေနတဲ့ တီမို ဗာနာ၊ ခိုင္ဟာဗတ္ဇ္တို႔နဲ႕အတူ ဟားကင္းမ္ ဇီးယက္ရွ္ နဲ႕ ခရစၥတီယန္ ပူလီရွစ္ခ်္တို႔ အျမန္ဆုံး ေျခစြမ္းျပနိုင္လာမယ္လို႔ အျပည့္အဝယုံၾကည္မႈရွိေၾကာင္း ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ေထာက္ခံခဲ့ၿပီး တိုက္စစ္ပိုင္းအတြက္ စိတ္မပူေၾကာင္း သိရ။

မိမိတို႔လူစာရင္းကို အခိုင္အမာယုံၾကည္သလို ကစားသမားေတြဟာ တဦးခ်င္းအရည္အေသြး အျပည့္အဝရွိေၾကာင္း နည္းျပလမ္းပတ္ ထပ္ေလာင္း​ ေျပာၾကားၿပီး အသင္းကစားပုံကို တိုက္စစ္ နဲ႕ ခံစစ္ ဟန္ခ်က္မွ်တေအာင္ တည္ေဆာက္ေနေၾကာင္း သိရ။

တ႐ုတ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့လို႔ ေဝဖန္အျပစ္တင္ခံရတာနဲ႕ ပတ္သက္ၿပီး မိမိဟာဆင္းရဲတဲ့ ဘရာဇီးလ္မိသားစုက ေပါက္ဖြားလာခဲ့တာေၾကာင့္ မိသားစုအတြက္ ျဖည့္ဆည္းေပးဖို႔အတြက္ မွန္မွန္ကန္ကန္ ေ႐ြးခ်ယ္ခဲ့ရျခင္းျဖစ္ေၾကာင္း ခ်ယ္လ္ဆီးကစားသမားေဟာင္း ေအာ္စကာ တုံ႕ျပန္သြားခဲ့။

ကာဗာနီ ဂိုးသြင္းမယ့္ အခြင့္အေရးကို ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း သီယာဂို ေဆးလ္ဗားရဲ႕ တားဆီးနိုင္ခဲ့မႈဟာ အထင္ႀကီးစရာ ခံစစ္စြမ္းေဆာင္ရည္ျဖစ္ေၾကာင္း မန္ခ်က္စရာယူနိုက္တက္ရဲ႕ တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က ခ်ီးက်ဴးခဲ့။

ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိကပစ္မွတ္ကစားသမားျဖစ္တဲ့ ဒက္ကလန္ ရိုက္စ္ကို ဝက္စ္ဟမ္းအသင္းက စာခ်ဳပ္သက္တမ္းတိုးဖို႔ ျပင္ဆင္ေနတာေၾကာင့္ ရိုက္စ္ရဲ႕ အနာဂတ္ဟာ ဆုံးျဖတ္ရခက္နိုင္ဖြယ္ရွိၿပီး ခ်ယ္လ္ဆီးအသင္းဘက္က ေစ်းႀကီးေပး ကမ္းလွမ္းမႈျပဳလုပ္လာရဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.