Premier League

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၂၆.၁၀.၂၀၂၀


ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မယ့် ဗာဂျီးလ် ဗန်ဒိုက်အတွက် နယ်သာလန်အသင်းဖော် ဒီပိုင်းက လိုင်ယွန်အသင်းအတွက် ဂိုးသွင်းပြီးချိန်မှာ ”ကြံ့ကြံ့ခံထားပါ ကျွန်တော့်အကိုကြီး ဗန်ဒိုက်” လို့ အဓိပ္ပာယ်ရတဲ့ စာတန်းနဲ့ အောက်ခံဂျာစီကိုပြသပြီး အားပေးခဲ့။

ဗန်ဒိုက်ချ်ကိုပဲ လူတိုင်းပါးစပ်ဖျားမှာ ချီးကျူးနေကြပေမယ့် သူဟာ ကမ္ဘာ့အကောင်းဆုံးခံစစ်မှူး မဟုတ်ဘဲ သီယာဂို ဆေးလ်ဗား၊ မာကွင်ဟိုစ့် နဲ့ ရာမိုစ့်တို့ အားလုံးဟာ သူ့ထက်ပိုကောင်းတဲ့ ခံစစ်မှူးတွေဖြစ်တယ်လို့ အဲဗာတန် ကစားသမား ရစ်ချာလီဆန် ပြောကြား။

စပါးမန်နေဂျာ မော်ရင်ညိုက VAR ရဲ့အမှားအယွင်း နဲ့ မမျှတျှတမှုတွေကို ဝေဖန်သွားခဲ့ပြီး မာဆေးဆိုဒ်ဒါဘီအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဘက်က ရပ်တည်။

ဆောက်သမ်တန်နဲ့ပွဲမှာ မိမိအသင်းရဲ့ကစာသမား တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဟာ လီဗာပူးနဲ့ပွဲက ဖိအားတွေကြောင့်ဖြစ်တယ်လို့ အဲဗာတန်နည်းပြ အန်ဆလော့တီက စွပ်စွဲပြောဆို။

ဂိုးသမား အယ်လစ်ဆန် ဘက်ကာ ပခုံးဒဏ်ရာကြောင့် သုံးပတ်ကြာ အနားယူခဲ့တာဟာ ပွဲ ၅၀ စာလောက်ကြာမြင့်သလို ခံစားခဲ့ရပြီး သူပြန်ပါဝင်လာတာဟာ အသင်းအတွက် ကြီးမားတဲ့တွန်းအား ဖြစ်လာစေကြောင်း
လီဗာပူးနည်းပြ ယာဂင် ကလော့ပ် ဖွင့်ဟဝန်ခံ။

လီဗာပူးလ်အသင်းအတွက် ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့ပေမယ့် ဒါဟာ အန်ဖီးလ်ကွင်းထဲ ပရိသတ်တွေ မရှိတဲ့ကာလမှာ ရရှိခဲ့တာဖြစ်တာကြောင့် အပြည့်အဝ မပျော်ရွှင်နိုင်ကြောင်း တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ ဝန်ခံခဲ့။

သီယာဂို အယ်လ်ကန်တာရာဟာ ဘောလုံးပေးပို့မှုအစွမ်း ထူးခြားကောင်းမွန်လွန်းသူဖြစ်ပြီး အသင်းကို သူရောက်ရှိလာခဲ့တာဟာ လူအင်အားအရ တောင့်တင်းစေပြီး အပေါင်းလက္ခဏာဆောင်စေခဲ့တာကြောင့် အဖက်ဖက်က အကောင်းမြင်စရာဖြစ်ကြောင်း လီဗာပူးလ်ကစားသမား ဖာဘင်ညို ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရေတာ့မယ့္ ဗာဂ်ီးလ္ ဗန္ဒိုက္အတြက္ နယ္သာလန္အသင္းေဖာ္ ဒီပိုင္းက လိုင္ယြန္အသင္းအတြက္ ဂိုးသြင္းၿပီးခ်ိန္မွာ ”ႀကံ့ႀကံ့ခံထားပါ ကြၽန္ေတာ့္အကိုႀကီး ဗန္ဒိုက္” လို႔ အဓိပၸာယ္ရတဲ့ စာတန္းနဲ႕ ေအာက္ခံဂ်ာစီကိုျပသၿပီး အားေပးခဲ့။

ဗန္ဒိုက္ခ်္ကိုပဲ လူတိုင္းပါးစပ္ဖ်ားမွာ ခ်ီးက်ဴးေနၾကေပမယ့္ သူဟာ ကမၻာ့အေကာင္းဆုံးခံစစ္မႉး မဟုတ္ဘဲ သီယာဂို ေဆးလ္ဗား၊ မာကြင္ဟိုစ့္ နဲ႕ ရာမိုစ့္တို႔ အားလုံးဟာ သူ႕ထက္ပိုေကာင္းတဲ့ ခံစစ္မႉးေတြျဖစ္တယ္လို႔ အဲဗာတန္ ကစားသမား ရစ္ခ်ာလီဆန္ ေျပာၾကား။

စပါးမန္ေနဂ်ာ ေမာ္ရင္ညိုက VAR ရဲ႕အမွားအယြင္း နဲ႕ မမွ်တွ်တမႈေတြကို ေဝဖန္သြားခဲ့ၿပီး မာေဆးဆိုဒ္ဒါဘီအတြင္း ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္မွာ လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ဘက္က ရပ္တည္။

ေဆာက္သမ္တန္နဲ႕ပြဲမွာ မိမိအသင္းရဲ႕ကစာသမား တိုက္ရိုက္အနီနဲ႕ ထုတ္ပယ္ျခင္းခံခဲ့ရတာဟာ လီဗာပူးနဲ႕ပြဲက ဖိအားေတြေၾကာင့္ျဖစ္တယ္လို႔ အဲဗာတန္နည္းျပ အန္ဆေလာ့တီက စြပ္စြဲေျပာဆို။

ဂိုးသမား အယ္လစ္ဆန္ ဘက္ခါ ပခုံးဒဏ္ရာေၾကာင့္ သုံးပတ္ၾကာ အနားယူခဲ့တာဟာ ပြဲ ၅၀ စာေလာက္ၾကာျမင့္သလို ခံစားခဲ့ရၿပီး သူျပန္ပါဝင္လာတာဟာ အသင္းအတြက္ ႀကီးမားတဲ့တြန္းအား ျဖစ္လာေစေၾကာင္း
လီဗာပူးနည္းျပ ယာဂင္ ကေလာ့ပ္ ဖြင့္ဟဝန္ခံ။

လီဗာပူးလ္အသင္းအတြက္ ဂိုးေတြဆက္တိုက္သြင္းယူနိုင္ခဲ့ေပမယ့္ ဒါဟာ အန္ဖီးလ္ကြင္းထဲ ပရိသတ္ေတြ မရွိတဲ့ကာလမွာ ရရွိခဲ့တာျဖစ္တာေၾကာင့္ အျပည့္အဝ မေပ်ာ္႐ႊင္နိုင္ေၾကာင္း တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာ ဝန္ခံခဲ့။

သီယာဂို အယ္လ္ကန္တာရာဟာ ေဘာလုံးေပးပို႔မႈအစြမ္း ထူးျခားေကာင္းမြန္လြန္းသူျဖစ္ၿပီး အသင္းကို သူေရာက္ရွိလာခဲ့တာဟာ လူအင္အားအရ ေတာင့္တင္းေစၿပီး အေပါင္းလကၡဏာေဆာင္ေစခဲ့တာေၾကာင့္ အဖက္ဖက္က အေကာင္းျမင္စရာျဖစ္ေၾကာင္း လီဗာပူးလ္ကစားသမား ဖာဘင္ညို ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.