တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။
– ကြင္းလယ္လူ တြန္ဂီး အန္ဒြမ္ဘီလီအတြက္ တစ္နာရီျပည့္ျပည့္ဝဝ ေကာင္းေကာင္းကစားေစခ်င္ခဲ့တယ္လို႔ ခ်ဲလ္ဆီးနဲ႔ပြဲအၿပီးမွာ ေမာ္ရင္ဟို ေျပာခဲ့ေပမယ့္ ေကာင္းမြန္တဲ့ တစ္နာရီ ဟုတ္မဟုတ္ေတာ့ မေသခ်ာဘူးလို႔ ေဒးလီးေမးလ္ေရးသား။
– ခ်ဲလ္ဆီးေနာက္ခံလူ ဆီဇာ အက္ဇ္ပီလီေကြတာကို တက္နင္းမိခဲ့တဲ့ ကြင္းလယ္လူ ဂ်ီယိုဗန္နီ လိုဆဲလ္ဆုိရဲ႕လုပ္ရပ္ဟာ အနီကတ္ကေန ကင္းလြတ္သြားခဲ့တာ မိမိတုိ႔ရဲ႕ မွားယြင္းမွဳျဖစ္တယ္လို႔ VAR ဒိုင္လူႀကီး ေဒးဗစ္ ကုထ္ ဝန္ခံ။
– ခ်ဲလ္ဆီးလို ခက္ခဲတဲ့ ၿပဳိင္ဘက္မ်ဳိးနဲ႔ အေဝးကြင္းပြဲစဥ္မွာ တတ္ႏုိင္သမွ် အင္အားအေကာင္းဆုံးလူစာရင္းကို ထုတ္သုံးရမွာျဖစ္ေပမယ့္ ကြင္းလယ္တုိက္စစ္ ကစားသမား ဒယ္လီ အယ္လီ(ၿပီးခဲ့တဲ့ ပြဲစဥ္က လူစားလဲရာမွာ ေပါက္ကြဲခဲ့သူ)ကို ခ်န္လွပ္ထားခဲ့တဲ့ ေမာ္ရင္ဟိုရဲ႕လုပ္ရပ္ကို အာဆင္ဝင္းဂါး ေမးခြန္းထုတ္။
– စပါးစ္အသင္းအေနနဲ႔ တုိက္စစ္မွဴးေတြျဖစ္တဲ့ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတုိ႔ကို ဆုံးရွဳံးထားခဲ့ရေပမယ့္ ေမာ္ရင္ဟိုမွာ ဒီအတြက္ အစီအစဥ္ေကာင္းမရွိဘဲ ခ်ဲလ္ဆီးကြင္းမွာ ခံစစ္သက္သက္ကစားဖို႔သာ အားထုတ္သြားခဲ့တာျဖစ္တယ္လို႔ ပီတာ ခေရာက္ခ်္ စြပ္စြဲ။
– ခ်ဲလ္ဆီး Vs စပါးစ္ လန္ဒန္ဒါဘီမွာ ပြဲတြင္းကစားသမားခ်င္း အေျခအေနေတြ တင္းမာၾကမ္းတမ္းခဲ့သလို ပြဲအၿပီးမွာလည္း ဆရာတပည့္ေဟာင္းေတြျဖစ္ၾကတဲ့ ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္နဲ႔ နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ဟိုတုိ႔ လက္ဆြဲႏွဳတ္ဆက္ျခင္း မျပဳခဲ့ဘူးလို႔ သိရ။
REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
kIZARNO
SPORTS A2Z.
UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။
– ကွင်းလယ်လူ တွန်ဂီး အန်ဒွမ်ဘီလီအတွက် တစ်နာရီပြည့်ပြည့်ဝဝ ကောင်းကောင်းကစားစေချင်ခဲ့တယ်လို့ ချဲလ်ဆီးနဲ့ပွဲအပြီးမှာ မော်ရင်ဟို ပြောခဲ့ပေမယ့် ကောင်းမွန်တဲ့ တစ်နာရီ ဟုတ်မဟုတ်တော့ မသေချာဘူးလို့ ဒေးလီးမေးလ်ရေးသား။
– ချဲလ်ဆီးနောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွေတာကို တက်နင်းမိခဲ့တဲ့ ကွင်းလယ်လူ ဂျီယိုဗန်နီ လိုဆဲလ်ဆိုရဲ့လုပ်ရပ်ဟာ အနီကတ်ကနေ ကင်းလွတ်သွားခဲ့တာ မိမိတို့ရဲ့ မှားယွင်းမှုဖြစ်တယ်လို့ VAR ဒိုင်လူကြီး ဒေးဗစ် ကုထ် ဝန်ခံ။
– ချဲလ်ဆီးလို ခက်ခဲတဲ့ ပြိုင်ဘက်မျိုးနဲ့ အဝေးကွင်းပွဲစဉ်မှာ တတ်နိုင်သမျှ အင်အားအကောင်းဆုံးလူစာရင်းကို ထုတ်သုံးရမှာဖြစ်ပေမယ့် ကွင်းလယ်တိုက်စစ် ကစားသမား ဒယ်လီ အယ်လီ(ပြီးခဲ့တဲ့ ပွဲစဉ်က လူစားလဲရာမှာ ပေါက်ကွဲခဲ့သူ)ကို ချန်လှပ်ထားခဲ့တဲ့ မော်ရင်ဟိုရဲ့လုပ်ရပ်ကို အာဆင်ဝင်းဂါး မေးခွန်းထုတ်။
– စပါးစ်အသင်းအနေနဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို ဆုံးရှုံးထားခဲ့ရပေမယ့် မော်ရင်ဟိုမှာ ဒီအတွက် အစီအစဉ်ကောင်းမရှိဘဲ ချဲလ်ဆီးကွင်းမှာ ခံစစ်သက်သက်ကစားဖို့သာ အားထုတ်သွားခဲ့တာဖြစ်တယ်လို့ ပီတာ ခရောက်ချ် စွပ်စွဲ။
– ချဲလ်ဆီး Vs စပါးစ် လန်ဒန်ဒါဘီမှာ ပွဲတွင်းကစားသမားချင်း အခြေအနေတွေ တင်းမာကြမ်းတမ်းခဲ့သလို ပွဲအပြီးမှာလည်း ဆရာတပည့်ဟောင်းတွေဖြစ်ကြတဲ့ ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်နဲ့ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုတို့ လက်ဆွဲနှုတ်ဆက်ခြင်း မပြုခဲ့ဘူးလို့ သိရ။
REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
kIZARNO
SPORTS A2Z.