International Match Report

အိုယာဇာဘယ်ရဲ့ဟက်ထရစ်နဲ့ အန်ဒိုရာကို ၅ ဂိုးပြတ်အနိုင်ယူတဲ့ စပိန်

ဗုဒ္ဓဟူးနေ့ညက ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံး သွေးပူလေ့ကျင့်ရေးလုပ်တဲ့ ခြေစွမ်းပွဲမှာ စပိန်အသင်းက အိမ်နီးချင်း အန်ဒိုရာကို ၅ ဂိုးပြတ်နဲ့ သက်တောင့်သက်သာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဧည့်သည်တွေဟာ ပထမပိုင်းအပြီးမှာ အယိုဇီ ပီးရက်ဇ်ရဲ့ အဖွင့်ဂိုး တစ်ဂိုးတည်းသာ ခွင့်ပြုခဲ့ရပြီး ဂိုးတွေ မပေးရအောင် ကောင်းကောင်း ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ရီးရဲလ်ဆိုစီဒက်တိုက်စစ်မှူး မီခေးလ် အိုယာဇာဘယ်ရဲ့ ဟက်ထရစ်နဲ့ ဖာရန် တောရက်စ်ရဲ့ နောက်ကျ သွင်းဂိုးတွေကြောင့် ဒီ ၂ သင်းကြား အဆင့်အတန်းက ဘယ်လောက်အထိ ကွာဟနေလဲဆိုတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

စပိန်အသင်းဟာ ဒီပွဲစဉ်မတိုင်ခင်မှာ တစ်နှစ်လုံး နိုင်ပွဲမရခဲ့သေးတာဖြစ်ပေမယ့်လည်း ပွဲအစ တစ်မိနစ်ကနေစပြီး အခိုင်အမာ ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ဧည့်သည်တွေဟာ အိမ်ရှင်တွေ ဂိုးမသွင်းနိုင်အောင် ကန့်သတ်ထားနိုင်ပုံပေါ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ အယိုဇီ ပီးရက်ဇ်ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ လူစာရင်း အပြောင်းအလဲအများအပြား ပြုလုပ်ခဲ့တဲ့ စပိန်အသင်းက ကစားပုံ ပိုလို့တောင် ကောင်းမွန်လာခဲ့ပြီး လူစားဝင်လာတဲ့ အိုယာဇာဘယ်က မိနစ် ၂၀ အတွင်းမှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အန်ဒိုရာဟာ စပိန်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်တော့ဘဲ နောက်ထပ် ဂိုးတွေ ထပ်မပေးရအောင်ပဲ ပိတ်ဆို့ကစားခဲ့ပေမယ့်လည်း ၈၂ မိနစ်မှာ ဖာရန် တောရက်စ်က နောက်ထပ် ဦးဆောင်ဂိုး သွင်းယူသွားတာ ထပ်မံခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

စပိန်နည်းပြ လူးဝစ္စဒယ်လာဖူယန်တေးဟာ ဒီနွေရာသီမှာ အသင်းကို အဓိကပြိုင်ပွဲကြီးမှာ အောင်မြင်မှုအောင် ဦးဆောင်သွားမှာဖြစ်ပြီး စပိန်အသင်းဟာ တိတ်တိတ်လေး ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ရှုမြင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အတွေ့အကြုံရှိကစားသမားတွေနဲ့ စိတ်လှုပ်ရှားစရာ လူငယ်ကစားသမားတွေ အများအပြား ပိုင်ဆိုင်ထားတဲ့ စပိန်ရဲ့ ကောင်းမွန်တဲ့ ရောစပ်မှုဟာ အသင်းအများစုကို နာကျင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပေမယ့်လည်း အီတလီ၊ ခရိုအေးရှား၊ အယ်ဘေးနီးယားတို့ပါဝင်တဲ့ ခက်ခဲတဲ့အုပ်စုမှာ ကျရောက်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဗုဒၶဟူးေန႔ညက ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမတိုင္ခင္ ေနာက္ဆုံး ေသြးပူေလ့က်င့္ေရးလုပ္တဲ့ ေျခစြမ္းပြဲမွာ စပိန္အသင္းက အိမ္နီးခ်င္း အန္ဒိုရာကို ၅ ဂိုးျပတ္နဲ႔ သက္ေတာင့္သက္သာ ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ဧည့္သည္ေတြဟာ ပထမပိုင္းအၿပီးမွာ အယိုဇီ ပီးရက္ဇ္ရဲ႕ အဖြင့္ဂိုး တစ္ဂိုးတည္းသာ ခြင့္ျပဳခဲ့ရၿပီး ဂိုးေတြ မေပးရေအာင္ ေကာင္းေကာင္း ထိန္းသိမ္းထားႏိုင္ခဲ့ေပမယ့္လည္း ဒုတိယပိုင္းမွာ လူစားဝင္လာတဲ့ ရီးရဲလ္ဆိုစီဒက္တိုက္စစ္မႉး မီေခးလ္ အိုယာဇာဘယ္ရဲ႕ ဟက္ထရစ္နဲ႔ ဖာရန္ ေတာရက္စ္ရဲ႕ ေနာက္က် သြင္းဂိုးေတြေၾကာင့္ ဒီ ၂ သင္းၾကား အဆင့္အတန္းက ဘယ္ေလာက္အထိ ကြာဟေနလဲဆိုတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

စပိန္အသင္းဟာ ဒီပြဲစဥ္မတိုင္ခင္မွာ တစ္ႏွစ္လုံး ႏိုင္ပြဲမရခဲ့ေသးတာျဖစ္ေပမယ့္လည္း ပြဲအစ တစ္မိနစ္ကေနစၿပီး အခိုင္အမာ ထိန္းခ်ဳပ္ထားႏိုင္ခဲ့တာျဖစ္ၿပီး ဧည့္သည္ေတြဟာ အိမ္ရွင္ေတြ ဂိုးမသြင္းႏိုင္ေအာင္ ကန႔္သတ္ထားႏိုင္ပုံေပၚခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့ အယိုဇီ ပီးရက္ဇ္ရဲ႕ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းအၿပီးမွာ လူစာရင္း အေျပာင္းအလဲအမ်ားအျပား ျပဳလုပ္ခဲ့တဲ့ စပိန္အသင္းက ကစားပုံ ပိုလို႔ေတာင္ ေကာင္းမြန္လာခဲ့ၿပီး လူစားဝင္လာတဲ့ အိုယာဇာဘယ္က မိနစ္ ၂၀ အတြင္းမွာ တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အန္ဒိုရာဟာ စပိန္ကို ဘယ္လိုမွ ယွဥ္မကစားႏိုင္ေတာ့ဘဲ ေနာက္ထပ္ ဂိုးေတြ ထပ္မေပးရေအာင္ပဲ ပိတ္ဆို႔ကစားခဲ့ေပမယ့္လည္း ၈၂ မိနစ္မွာ ဖာရန္ ေတာရက္စ္က ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူသြားတာ ထပ္မံခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

စပိန္နည္းျပ လူးဝစၥဒယ္လာဖူယန္ေတးဟာ ဒီေႏြရာသီမွာ အသင္းကို အဓိကၿပိဳင္ပြဲႀကီးမွာ ေအာင္ျမင္မႈေအာင္ ဦးေဆာင္သြားမွာျဖစ္ၿပီး စပိန္အသင္းဟာ တိတ္တိတ္ေလး ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ ရႈျမင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အေတြ႕အႀကဳံရွိကစားသမားေတြနဲ႔ စိတ္လႈပ္ရွားစရာ လူငယ္ကစားသမားေတြ အမ်ားအျပား ပိုင္ဆိုင္ထားတဲ့ စပိန္ရဲ႕ ေကာင္းမြန္တဲ့ ေရာစပ္မႈဟာ အသင္းအမ်ားစုကို နာက်င္ေအာင္ လုပ္ေဆာင္ႏိုင္စြမ္းရွိေပမယ့္လည္း အီတလီ၊ ခ႐ိုေအးရွား၊ အယ္ေဘးနီးယားတို႔ပါဝင္တဲ့ ခက္ခဲတဲ့အုပ္စုမွာ က်ေရာက္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.