International Match Report

ဒီဘရိုင်းနားနဲ့ ထရော့ဆာ့ဒ်တို့ဂိုးတွေကြောင့် မွန်တီနီဂရိုကို အနိုင်ရခဲ့တဲ့ ဘယ်လ်ဂျီယမ်

ကီဗင် ဒီဘရိုင်းနားဟာ ဗုဒ္ဓဟူးနေ့ညက မွန်တီနီဂရိုနဲ့ ပွဲစဉ်မှာ လက်ရွေးစင် ပွဲ ၁၀၀ မြောက် ပါဝင်ကစားပေးခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ကစားသွားမယ့် ခြေစမ်းပွဲ ၂ ပွဲထဲက ပထမဆုံးပွဲမှာ နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်အသင်းခေါင်းဆောင်ဟာ ပထမပိုင်းမပြီးဆုံးခင် တစ်မိနစ်အလိုမှာ အလွန်ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး မွန်တီနီဂရို နောက်ခံလူရဲ့ ဆိုးရွားတဲ့ နောက်ပြန်ပေးပို့မှုကြောင့် ဂိုးသမားက ဘောလုံးကို အသည်းအသန်ရှင်းထုတ်ခဲ့ပေမယ့် ဒီဘရိုင်းနားဆီ တန်းတန်းမတ်မတ် ရောက်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်ဟာ ကိုက် ၃၀ အကွာကနေ ဂိုးသမား မရှိတဲ့ ဂိုးပေါက် အလွတ်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပြီး လက်ရွေးစင်ကစားသမားဘဝ ပွဲ ၁၀၀ ပြည့်မြောက်တဲ့ပွဲမှာ မှတ်မှတ်ရရ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း တစ်ပိုင်းလုံးနီးပါး အလွန်ကောင်းမွန်တဲ့ ဂိုးပေါက်ကာကွယ်မှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့တဲ့ မွန်တီနီဂရိုဂိုးသမား ဆာကစ်အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ကာရက်စ်ကိုရဲ့ ရှင်းလင်းပြတ်သားတဲ့ အခွင့်အရေး ၄ ကြိမ်စလုံးကို ငြင်းပယ်နိုင်ခဲ့ပေမယ့် နောက်ခံလူရဲ့ အမှားကြောင့် ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် လီအန်ဒရို ထရော့ဆာ့ဒ်က ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပို ၉၀+၃ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကနေတဆင့် အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့ပြီး ဘယ်လ်ဂျီယမ်အတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ဟာ မွန်တီနီဂရိုးနဲ့ ပွဲစဉ်တစ်ပွဲလုံးကို အစကနေ အဆုံးအထိ အသာစီးနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ ကစားသမား ၆ ဦးအထိ လဲလှယ်ခဲ့ပြီးနောက် ထိန်းချုပ်မှု အနည်းငယ် လျော့ကျသွားခဲ့တာကြောင့် မွန်တီနီဂရိုတို့ အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ကီဗင္ ဒီဘ႐ိုင္းနားဟာ ဗုဒၶဟူးေန႔ညက မြန္တီနီဂ႐ိုနဲ႔ ပြဲစဥ္မွာ လက္ေ႐ြးစင္ ပြဲ ၁၀၀ ေျမာက္ ပါဝင္ကစားေပးခဲ့ၿပီး ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမတိုင္ခင္ ကစားသြားမယ့္ ေျခစမ္းပြဲ ၂ ပြဲထဲက ပထမဆုံးပြဲမွာ ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းေခါင္းေဆာင္ဟာ ပထမပိုင္းမၿပီးဆုံးခင္ တစ္မိနစ္အလိုမွာ အလြန္ေကာင္းမြန္တဲ့ အေဝးကန္ခ်က္နဲ႔ ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး မြန္တီနီဂ႐ို ေနာက္ခံလူရဲ႕ ဆိုး႐ြားတဲ့ ေနာက္ျပန္ေပးပို႔မႈေၾကာင့္ ဂိုးသမားက ေဘာလုံးကို အသည္းအသန္ရွင္းထုတ္ခဲ့ေပမယ့္ ဒီဘ႐ိုင္းနားဆီ တန္းတန္းမတ္မတ္ ေရာက္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ဟာ ကိုက္ ၃၀ အကြာကေန ဂိုးသမား မရွိတဲ့ ဂိုးေပါက္ အလြတ္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး လက္ေ႐ြးစင္ကစားသမားဘဝ ပြဲ ၁၀၀ ျပည့္ေျမာက္တဲ့ပြဲမွာ မွတ္မွတ္ရရ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း တစ္ပိုင္းလုံးနီးပါး အလြန္ေကာင္းမြန္တဲ့ ဂိုးေပါက္ကာကြယ္မႈေတြ အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့တဲ့ မြန္တီနီဂ႐ိုဂိုးသမား ဆာကစ္အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ကာရက္စ္ကိုရဲ႕ ရွင္းလင္းျပတ္သားတဲ့ အခြင့္အေရး ၄ ႀကိမ္စလုံးကို ျငင္းပယ္ႏိုင္ခဲ့ေပမယ့္ ေနာက္ခံလူရဲ႕ အမွားေၾကာင့္ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က ပြဲၿပီးဆုံးခါနီး နာက်င္အခ်ိန္ပို ၉၀+၃ မိနစ္မွာ ရခဲ့တဲ့ ပင္နယ္တီကေနတဆင့္ အမွားအယြင္းမရွိ အဆုံးသတ္ေပးခဲ့ၿပီး ဘယ္လ္ဂ်ီယမ္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ဟာ မြန္တီနီဂ႐ိုးနဲ႔ ပြဲစဥ္တစ္ပြဲလုံးကို အစကေန အဆုံးအထိ အသာစီးနဲ႔ ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ၿပီး ပထမပိုင္းအၿပီးမွာ ကစားသမား ၆ ဦးအထိ လဲလွယ္ခဲ့ၿပီးေနာက္ ထိန္းခ်ဳပ္မႈ အနည္းငယ္ ေလ်ာ့က်သြားခဲ့တာေၾကာင့္ မြန္တီနီဂ႐ိုတို႔ အခြင့္အေရးေတြ ရခဲ့ေပမယ့္လည္း အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.