International Match Report

လောကနိယာမသဘောကို မဆန့်ကျင်နိုင်သလိုပဲ ဂျပန်ကို ဂိုးပြတ်ရှုံးပြန်တဲ့ မြန်မာ

ဒီနေ့ညနေ သုဝဏ္ဏဘောလုံးကွင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် အုပ်စုဘီ ပွဲစဉ် ၅ မှာ မြန်မာအသင်းက အိမ်ကွင်းမှာ ဂျပန်ကို ၅-၀ နဲ့ ဂိုးပြတ် ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာအသင်းဟာ မောင်မောင်လွင်၊ ဝေလင်းအောင်၊ မိုးအောင်လွင်၊ နေမိုးနိုင်၊ ဥက္ကာနိုင်၊ ကျော်မင်းဦး၊ စိုးမိုးကျော်တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ဂျပန်ကတော့ ဝင်ခွင့်သေချာပြီးသားဖြစ်လို့ အဓိကကစားသမားတွေအနားပေးခဲ့ပြီး ဒုတိယပွဲထွက်လူစာရင်းကိုသာ ပွဲထုတ်ခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက ဂျပန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပြီး ၁၇ မိနစ်မှာပဲ ကီတို နာကာမူရာက ကာမာဒါရဲ့ ပေးပို့မှုကနေ ဂိုးဘယ်ဖက်အောက်ထောင့်ကို ကန်သွင်းယူသွားခဲ့ပါတယ်။

နောက်ထပ် ၁၇ မိနစ်အကြာမှာ ရိဆု ဒိုအန်းက ပင်နယ်တီဧရိယာအလယ်ကနေ ဂိုးအလယ်တည့်တည့်ကို ဘယ်ခြေကန်ချက်နဲ့ အဆုံးသတ် သွင်းယူခဲ့ပြီး မြန်မာအသင်းက ဂျပန်ဂိုးပေါက်ကို တစ်ပွဲလုံးမှာ ၃ ကြိမ်သာ ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ရာမှာ တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာအသင်း ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပေမယ့်လည်း ဂျပန်အသင်းဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ၇၅ မိနစ်မှာ ကိုကီ အိုဂါဝါက ယူကီ ဆိုမာရဲ့ ဖြတ်တင်ပေးပို့မှုကနေ အနီးကပ်ခေါင်းတိုက်သွင်းယူပြီး တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

နောက်ထပ် ၈ မိနစ်အကြာမှာ ဂျပန်အသင်းက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ညာခြေနဲ့ ဂိုးညာဘက်အပေါ်ထောင့်ထဲကို ကိုကီ အိုဂါဝါသွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် နောက်ထပ် ဦးဆောင်ဂိုး ရခဲ့ပြီး ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပို ၉၀+၃ မိနစ်မှာ ကီတို နာကာမူရာက ဒီပွဲစဉ်မှာ ဒုတိယမြောက်သွင်းဂိုးကို ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးညာဘက်အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့ပြီး ပထမအကျော့တုန်းကအတိုင်းပဲ ၅-၀ နဲ့ ထပ်မံ အနိုင်ရရှိခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီေန႔ညေန သုဝဏၰေဘာလုံးကြင္းမွာ ကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲ အာရွဇုန္ အုပ္စုဘီ ပြဲစဥ္ ၅ မွာ ျမန္မာအသင္းက အိမ္ကြင္းမွာ ဂ်ပန္ကို ၅-၀ နဲ႔ ဂိုးျပတ္ ထပ္မံ ရႈံးနိမ့္ခဲ့ပါတယ္။

ျမန္မာအသင္းဟာ ေမာင္ေမာင္လြင္၊ ေဝလင္းေအာင္၊ မိုးေအာင္လြင္၊ ေနမိုးႏိုင္၊ ဥကၠာႏိုင္၊ ေက်ာ္မင္းဦး၊ စိုးမိုးေက်ာ္တို႔လို အဓိက ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ့ၿပီး ဂ်ပန္ကေတာ့ ဝင္ခြင့္ေသခ်ာၿပီးသားျဖစ္လို႔ အဓိကကစားသမားေတြအနားေပးခဲ့ၿပီး ဒုတိယပြဲထြက္လူစာရင္းကိုသာ ပြဲထုတ္ခဲ့ပါတယ္။

ပထမပိုင္း စတင္ခ်ိန္ကတည္းက ဂ်ပန္အသင္းက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဖိအားေပး တိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး ၁၇ မိနစ္မွာပဲ ကီတို နာကာမူရာက ကာမာဒါရဲ႕ ေပးပို႔မႈကေန ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ကန္သြင္းယူသြားခဲ့ပါတယ္။

ေနာက္ထပ္ ၁၇ မိနစ္အၾကာမွာ ရိဆု ဒိုအန္းက ပင္နယ္တီဧရိယာအလယ္ကေန ဂိုးအလယ္တည့္တည့္ကို ဘယ္ေျခကန္ခ်က္နဲ႔ အဆုံးသတ္ သြင္းယူခဲ့ၿပီး ျမန္မာအသင္းက ဂ်ပန္ဂိုးေပါက္ကို တစ္ပြဲလုံးမွာ ၃ ႀကိမ္သာ ဂိုးကန္သြင္းမႈ ျပဳလုပ္ႏိုင္ခဲ့ရာမွာ တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ျမန္မာအသင္း ကစားပုံ ပိုမိုေကာင္းမြန္လာခဲ့ေပမယ့္လည္း ဂ်ပန္အသင္းဘက္ကို ထိေရာက္တဲ့ တိုက္စစ္ဆင္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ဘဲ ၇၅ မိနစ္မွာ ကိုကီ အိုဂါဝါက ယူကီ ဆိုမာရဲ႕ ျဖတ္တင္ေပးပို႔မႈကေန အနီးကပ္ေခါင္းတိုက္သြင္းယူၿပီး တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

ေနာက္ထပ္ ၈ မိနစ္အၾကာမွာ ဂ်ပန္အသင္းက ပင္နယ္တီဧရိယာအျပင္ဘက္ကေန ညာေျခနဲ႔ ဂိုးညာဘက္အေပၚေထာင့္ထဲကို ကိုကီ အိုဂါဝါသြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရခဲ့ၿပီး ပြဲၿပီးဆုံးခါနီး နာက်င္အခ်ိန္ပို ၉၀+၃ မိနစ္မွာ ကီတို နာကာမူရာက ဒီပြဲစဥ္မွာ ဒုတိယေျမာက္သြင္းဂိုးကို ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးညာဘက္အေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့ၿပီး ပထမအေက်ာ့တုန္းကအတိုင္းပဲ ၅-၀ နဲ႔ ထပ္မံ အႏိုင္ရရွိခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.