International Match Report

အမ်ဘာပေတောက်ပမှုနဲ့ လူဇင်ဘာ့ဂ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပြင်သစ်

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ လူဇင်ဘာ့ဂ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၃-၀ နဲ့ သက်တောင့်သက်သာ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

ပြင်သစ်ဟာ ဂျာမနီမှာ ကျင်းပသွားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းကို ကိုလို မူအာနီ၊ ဂျိုနသန် ကလောက်စ်၊ အမ်ဘာပေတို့ရဲ့ သွင်းဂိုးတွေနဲ့ ထပ်မံပြသခဲ့တာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေဟာ လူဇင်ဘာ့ဂ်နဲ့ပွဲစဉ်မှာ ပြင်သစ်အသင်း သွင်းယူခဲ့တဲ့ ၃ ဂိုးစလုံးမှာ ပါဝင်ပတ်သက်ပေးခဲ့ပြီး ကိုလို မူအာနီနဲ့ ဂျိုနသန် ကလောက်စ်တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့သလို ပွဲပြီးခါနီးမှာလည်း ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းရဲ့ ၁၂ မိနစ်မှာ ဂိုးကန်သွင်းချက်က တိုင်ထိခဲ့ပြီးနောက် ၂၆ မိနစ်မှာ အမ်ဘာပေရဲ့ မြေမကျဘော ကန်သွင်းချက်ကို အန်သိုနီ မောရစ်က အကောင်းဆုံးလက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူဇင်ဘာ့ဂ်ဂိုးသမားဟာ ပထမပိုင်း မပြီးဆုံးခင် အမ်ဘာပေရဲ့ ဖြတ်တင်ပေးပို့မှုကနေ ကိုလို မူအာနီ ခေါင်းတိုက်သွင်းယူခဲ့တဲ့ သွင်းဂိုးကိုတော့ မကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ အိမ်ရှင်တွေ နောက်ထပ် ဦးဆောင်ဂိုး ရရှိအောင် မိနစ် ၇၀ မှာ နောက်ထပ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး ထောင့်ကန်ဘောကနေတဆင့် ရလာတဲ့ ဘောလုံးကို ပြင်သစ်အသင်းခေါင်းဆောင်က ပေးပို့ခဲ့ရာမှာ လူစားဝင်လာတဲ့ ကလောက်စ်က ကိုက် ၂၀ အကွာကနေ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လူဇင်ဘာ့ဂ်ဟာ အီးနက်စ် မာမူတိုဗစ်ရဲ့ ခေါင်းတိုက်ချက်ကြောင့် ချေပဂိုး တစ်ဂိုး ပြန်ရလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ပြင်သစ်ဂိုးသမား မိုက် မိုင်နမ်က အံ့အားသင့်ဖွယ် ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပြီး အမ်ဘာပေက ပွဲပြီးခါနီး ၅ မိနစ်အလိုမှာ ဘာကိုလာ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူပြီး ၃-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ျပင္သစ္အသင္းဟာ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမတိုင္ခင္ ႀကိဳတင္ျပင္ဆင္မႈအေနနဲ႔ လူဇင္ဘာ့ဂ္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ၃-၀ နဲ႔ သက္ေတာင့္သက္သာ ႏိုင္ပြဲ ရယူႏိုင္ခဲ့ပါတယ္။

ျပင္သစ္ဟာ ဂ်ာမနီမွာ က်င္းပသြားမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ၿပီး သူတို႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းကို ကိုလို မူအာနီ၊ ဂ်ိဳနသန္ ကေလာက္စ္၊ အမ္ဘာေပတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ထပ္မံျပသခဲ့တာျဖစ္ပါတယ္။

ခီလီယန္ အမ္ဘာေပဟာ လူဇင္ဘာ့ဂ္နဲ႔ပြဲစဥ္မွာ ျပင္သစ္အသင္း သြင္းယူခဲ့တဲ့ ၃ ဂိုးစလုံးမွာ ပါဝင္ပတ္သက္ေပးခဲ့ၿပီး ကိုလို မူအာနီနဲ႔ ဂ်ိဳနသန္ ကေလာက္စ္တို႔ရဲ႕ သြင္းဂိုးေတြကို ဖန္တီးေပးခဲ့သလို ပြဲၿပီးခါနီးမွာလည္း ကိုယ္တိုင္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းရဲ႕ ၁၂ မိနစ္မွာ ဂိုးကန္သြင္းခ်က္က တိုင္ထိခဲ့ၿပီးေနာက္ ၂၆ မိနစ္မွာ အမ္ဘာေပရဲ႕ ေျမမက်ေဘာ ကန္သြင္းခ်က္ကို အန္သိုနီ ေမာရစ္က အေကာင္းဆုံးလက္စြမ္းျပ ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လူဇင္ဘာ့ဂ္ဂိုးသမားဟာ ပထမပိုင္း မၿပီးဆုံးခင္ အမ္ဘာေပရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ကိုလို မူအာနီ ေခါင္းတိုက္သြင္းယူခဲ့တဲ့ သြင္းဂိုးကိုေတာ့ မကာကြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ အိမ္ရွင္ေတြ ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိေအာင္ မိနစ္ ၇၀ မွာ ေနာက္ထပ္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့ၿပီး ေထာင့္ကန္ေဘာကေနတဆင့္ ရလာတဲ့ ေဘာလုံးကို ျပင္သစ္အသင္းေခါင္းေဆာင္က ေပးပို႔ခဲ့ရာမွာ လူစားဝင္လာတဲ့ ကေလာက္စ္က ကိုက္ ၂၀ အကြာကေန အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လူဇင္ဘာ့ဂ္ဟာ အီးနက္စ္ မာမူတိုဗစ္ရဲ႕ ေခါင္းတိုက္ခ်က္ေၾကာင့္ ေခ်ပဂိုး တစ္ဂိုး ျပန္ရလုနီးပါးျဖစ္ခဲ့ေပမယ့္လည္း ျပင္သစ္ဂိုးသမား မိုက္ မိုင္နမ္က အံ့အားသင့္ဖြယ္ ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ၿပီး အမ္ဘာေပက ပြဲၿပီးခါနီး ၅ မိနစ္အလိုမွာ ဘာကိုလာ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူၿပီး ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.