International Match Report

ယူကရိန်းကိုတောင် အနိုင်မကန်နိုင်ခဲ့တဲ့ ယူရို ၂၀၂၄ အိမ်ရှင် ဂျာမနီ

ဂျာမနီအသင်းဟာ တနင်္လာနေ့ညက ကိုယ့်မြေကိုယ့်ရေမှာ ယူကရိန်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမစတင်ခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းပွဲကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး ရှုံးပွဲမရှိ စံချိန်ကတော့ ၃ ပွဲအထိ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူရိုအိမ်ရှင် ဂျာမနီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ပထမဆုံး ခြေစမ်းပွဲမှာပဲ စိတ်ပျက်စရာ ဂိုးမရှိ သရေရလဒ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အီကေး ဂန်ဒိုဝမ်က ပထမပိုင်းမှာ အပိုင်အခွင့်အရေး ရခဲ့ပေမယ့်လည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်ကစားသမားရဲ့ ကန်ချက်က အနာတိုလီ ထရူဘင်ကို တည့်တည့်ကန်မိခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်တွေအတွက် မက်ဆီမီလီယန် ဘီရာက အရန်ခုံကနေ ဝင်ကစားပေးခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပေမယ့်လည်း တစ်လုံးက တိုင်ထိပြီး တစ်လုံးက ယူကရိန်းဂိုးသမား လက်စွမ်းပြကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ဂျာမနီဟာ ယာရန်ချွတ်နဲ့ ယာမိုလန်ကိုတို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ နူအာကျေးဇူးကြောင့်သာ အိမ်ကွင်းမှာ ရှုံးပွဲမတွေ့ခဲ့တာဖြစ်ပြီး နာဂယ်စ်မန်းရဲ့အသင်းဟာ ယူကရိန်းနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်အထိ ရှိခဲ့ပေမယ့်လည်း ၅ လုံးသာ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ မျှော်မှန်းသွင်းဂိုး ၂.၄ ဂိုးအထိ ရှိခဲ့ပြီး နေရာတိုင်းမှာ လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ အားနည်းနေခဲ့လို့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ နိုင်ပွဲ မရယူနိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂ်ာမနီအသင္းဟာ တနလၤာေန႔ညက ကိုယ့္ေျမကိုယ့္ေရမွာ ယူကရိန္းနဲ႔ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမစတင္ခင္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေျခစမ္းပြဲကစားခဲ့တဲ့ပြဲမွာ ဂိုးမရွိသေရက်ခဲ့ၿပီး ရႈံးပြဲမရွိ စံခ်ိန္ကေတာ့ ၃ ပြဲအထိ တိုးျမႇင့္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ယူ႐ိုအိမ္ရွင္ ဂ်ာမနီဟာ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမတိုင္ခင္ ပထမဆုံး ေျခစမ္းပြဲမွာပဲ စိတ္ပ်က္စရာ ဂိုးမရွိ သေရရလဒ္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အီေကး ဂန္ဒိုဝမ္က ပထမပိုင္းမွာ အပိုင္အခြင့္အေရး ရခဲ့ေပမယ့္လည္း လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာကြင္းလယ္ကစားသမားရဲ႕ ကန္ခ်က္က အနာတိုလီ ထ႐ူဘင္ကို တည့္တည့္ကန္မိခဲ့ၿပီး ဂိုးသြင္းယူႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။ အိမ္ရွင္ေတြအတြက္ မက္ဆီမီလီယန္ ဘီရာက အရန္ခုံကေန ဝင္ကစားေပးခဲ့ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ေပမယ့္လည္း တစ္လုံးက တိုင္ထိၿပီး တစ္လုံးက ယူကရိန္းဂိုးသမား လက္စြမ္းျပကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီဟာ ယာရန္ခြၽတ္နဲ႔ ယာမိုလန္ကိုတို႔ရဲ႕ အပိုင္ကန္သြင္းခ်က္ေတြကို လက္စြမ္းျပ ကာကြယ္ခဲ့တဲ့ ႏူအာေက်းဇူးေၾကာင့္သာ အိမ္ကြင္းမွာ ရႈံးပြဲမေတြ႕ခဲ့တာျဖစ္ၿပီး နာဂယ္စ္မန္းရဲ႕အသင္းဟာ ယူကရိန္းနဲ႔ပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ ၂၇ ႀကိမ္အထိ ရွိခဲ့ေပမယ့္လည္း ၅ လုံးသာ ဂိုးေပါက္တည့္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ေမွ်ာ္မွန္းသြင္းဂိုး ၂.၄ ဂိုးအထိ ရွိခဲ့ၿပီး ေနရာတိုင္းမွာ လႊမ္းမိုးထားႏိုင္ခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္းမွာ အားနည္းေနခဲ့လို႔ အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ ႏိုင္ပြဲ မရယူႏိုင္ခဲ့ဘဲ ဂိုးမရွိသေရနဲ႔သာ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.