International Match Report

ဒုတိယပိုင်းမှ ပွဲကြမ်းပြီး ဘော့စနီးယားကို ဂိုးပြတ်အနိုင်ယူတဲ့ အင်္ဂလန်

ဒုတိယပိုင်းမှာ အများကြီး တိုးတက်လာတဲ့ စွမ်းဆောင်ရည်နဲ့ အင်္ဂလန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ပထမဆုံး ခြေစမ်းပွဲမှာ ဘော့စနီးယားကို ၃-၀ နဲ့ သက်တောင့်သက်သာနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်ပွဲထွက်လူစာရင်းဟာ လာမယ့် ၁၃ ရက်အတွင်း ဆားဘီးယားနဲ့ ကစားသွားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အဖွင့်ပွဲစဉ်ကျရင် ဘော့စနီးယားနဲ့ပွဲက လူစာရင်းနဲ့ တော်တော်လေး ကွဲပြားခြားနားဖို့ များပြီး ဆောက်ဂိတ်ရဲ့အသင်းဟာ ဘော့စနီးယားနည်းပြသစ် ဆာ့ဂျ် ဘာဘရက်ဇ်ရဲ့ ခံစစ်ကို ပထမပိုင်းမပြီးဆုံးခင်အထိ ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အီဘရီချီ အီဇီနဲ့ ကိုး ပါလ်မာတို့က ဆောက်ဂိတ်ရဲ့အသင်းအတွက် ပထမပိုင်းမှာ တောက်ပခဲ့တဲ့ ကစားသမားအနည်းငယ်ထဲက ၂ ဦးဖြစ်ခဲ့ပေမယ့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲက ပြန်ထွက်လာခဲ့တဲ့အသင်းဟာ အင်တိုက်အားတိုက်နဲ့ ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုး ပါလ်မာဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို ပွဲကစားချိန် မိနစ် ၆၀ မှာ ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တာဖြစ်ပြီး VAR က အင်္ဂလန်နောက်ခံလူ ခွန်ဆာကို ဘော့စနီးယားနောက်ခံလူက အင်္ကျီဆွဲထားခဲ့တာကြောင့် ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ဦးဆောင်ဂိုးကို အလက်ဇန်းဒါး-အာနိုးက မြေမကျကန်ချက်နဲ့ ဂိုးအပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ပါလ်မာရဲ့ အဖွင့်ဂိုးသွင်းယူပြီးနောက် လူစားဝင်ကစားခဲ့တဲ့ ဟာရီ ကိန်းက အင်္ဂလန်အသင်းအတွက် ပွဲ ၉၀ မြောက် ပါဝင်ကစားပေးခဲ့တဲ့ပွဲမှာ ပုံမှန်သွင်းယူနေကျပုံစံအတိုင်း ခွန်ဆာနဲ့ထိပြီး ပြန်ထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲစဉ်အဖြစ် လာမယ့် သောကြာနေ့မှာ အိုက်စလန်နဲ့ ကစားသွားမှာဖြစ်ပြီး အဲဒီပွဲစဉ်အပြီးမှာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် နောက်ဆုံး ၂၆ ဦးလူစာရင်းကို ယူအီးအက်ဖ်အေဆီ တင်သွင်းရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒုတိယပိုင္းမွာ အမ်ားႀကီး တိုးတက္လာတဲ့ စြမ္းေဆာင္ရည္နဲ႔ အဂၤလန္ဟာ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမတိုင္ခင္ ပထမဆုံး ေျခစမ္းပြဲမွာ ေဘာ့စနီးယားကို ၃-၀ နဲ႔ သက္ေတာင့္သက္သာႏိုင္ပြဲ ရယူႏိုင္ခဲ့ပါတယ္။

အဂၤလန္ပြဲထြက္လူစာရင္းဟာ လာမယ့္ ၁၃ ရက္အတြင္း ဆားဘီးယားနဲ႔ ကစားသြားမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲ အဖြင့္ပြဲစဥ္က်ရင္ ေဘာ့စနီးယားနဲ႔ပြဲက လူစာရင္းနဲ႔ ေတာ္ေတာ္ေလး ကြဲျပားျခားနားဖို႔ မ်ားၿပီး ေဆာက္ဂိတ္ရဲ႕အသင္းဟာ ေဘာ့စနီးယားနည္းျပသစ္ ဆာ့ဂ်္ ဘာဘရက္ဇ္ရဲ႕ ခံစစ္ကို ပထမပိုင္းမၿပီးဆုံးခင္အထိ ထိုးေဖာက္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

အီဘရီခ်ီ အီဇီနဲ႔ ကိုး ပါလ္မာတို႔က ေဆာက္ဂိတ္ရဲ႕အသင္းအတြက္ ပထမပိုင္းမွာ ေတာက္ပခဲ့တဲ့ ကစားသမားအနည္းငယ္ထဲက ၂ ဦးျဖစ္ခဲ့ေပမယ့္ ပထမပိုင္းအၿပီး အဝတ္လဲခန္းထဲက ျပန္ထြက္လာခဲ့တဲ့အသင္းဟာ အင္တိုက္အားတိုက္နဲ႔ ၿပိဳင္ဘက္ေတြကို အလဲထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။

ကိုး ပါလ္မာဟာ အဂၤလန္လက္ေ႐ြးစင္ကစားသမားဘဝ ပထမဆုံး သြင္းဂိုးကို ပြဲကစားခ်ိန္ မိနစ္ ၆၀ မွာ ပင္နယ္တီကေန တဆင့္ သြင္းယူေပးခဲ့တာျဖစ္ၿပီး VAR က အဂၤလန္ေနာက္ခံလူ ခြန္ဆာကို ေဘာ့စနီးယားေနာက္ခံလူက အက်ႌဆြဲထားခဲ့တာေၾကာင့္ ပင္နယ္တီေပးခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ဦးေဆာင္ဂိုးကို အလက္ဇန္းဒါး-အာႏိုးက ေျမမက်ကန္ခ်က္နဲ႔ ဂိုးအေပၚေထာင့္ထဲကို လွလွပပ ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ပါလ္မာရဲ႕ အဖြင့္ဂိုးသြင္းယူၿပီးေနာက္ လူစားဝင္ကစားခဲ့တဲ့ ဟာရီ ကိန္းက အဂၤလန္အသင္းအတြက္ ပြဲ ၉၀ ေျမာက္ ပါဝင္ကစားေပးခဲ့တဲ့ပြဲမွာ ပုံမွန္သြင္းယူေနက်ပုံစံအတိုင္း ခြန္ဆာနဲ႔ထိၿပီး ျပန္ထြက္လာတဲ့ေဘာလုံးကို ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

အဂၤလန္ဟာ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမတိုင္ခင္ ေနာက္ဆုံး ေျခစမ္းပြဲစဥ္အျဖစ္ လာမယ့္ ေသာၾကာေန႔မွာ အိုက္စလန္နဲ႔ ကစားသြားမွာျဖစ္ၿပီး အဲဒီပြဲစဥ္အၿပီးမွာ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ ေနာက္ဆုံး ၂၆ ဦးလူစာရင္းကို ယူအီးအက္ဖ္ေအဆီ တင္သြင္းရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.