Premier League

ရော်နယ်လ်ဒိုရဲ့အယ်လ်နာဆာနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မန်စီးတီးကြယ်ပွင့်ရဲ့အကြံပေး

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားရဲ့ အကြံပေးတွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို ဘယ်လို ပွဲထုတ်နိုင်မလဲဆိုတာကို အယ်လ်နာဆာနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Essentially Sports ရဲ့ ဖော်ပြချက်အရ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ အယ်လ်နာဆာရဲ့ ပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့​ပြီး ပြီးခဲ့တဲ့နွေရာသီကတည်းက ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ရဲ့ ပစ်မှတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာရဲ့ပြိုင်ဘက် အယ်လ်ဟီလာလ်နဲ့ အယ်လ်အစ်တီဟတ်တို့ကလည်း မန်စီးတီးကွင်းလယ်ဖန်တီးရှင်ကို စိတ်ဝင်စားနေတဲ့အသင်းတွေအဖြစ် ထွက်ပေါ်လာခဲ့ပြီး ၃ သင်းအပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။

မန်ချက်စတာစီးတီးကွင်းလယ်လူဟာ စနေနေ့က ဝင်ဘလေမှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ချန်ပီယံဘွဲ့ကို စွန့်လွှတ်ခဲ့ရတဲ့ပွဲစဉ်မှာ မိနစ် ၆၀ ပြည့်အောင် မကစားပေးနိုင်ခဲ့ဘဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒဏ်ရာကြောင့် စုစုပေါင်း ၃၅ ပွဲအထိ လွဲချော်ခဲ့ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၆ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးကြယ်ပွင့်ဟာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သေးပြီး သူ့ရဲ့ ဖန်တီးနိုင်စွမ်းဟာ ယှဉ်ပြိုင်နိုင်သူမရှိဘူးဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဘရိုင်းနားရဲ့ ကြံ့ခိုင်မှုပြဿနာက ဂွါဒီယိုလာရဲ့အသင်းအတွက် ထိခိုက်နစ်နာစေခဲ့ပြီး အသက်အရွယ်အရရော လာမယ့်နှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မယ့် စာချုပ်သက်တမ်းကြောင့်ပါ မန်စီးတီးက ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို စျေးကောင်းရတုန်း ရောင်းထုတ်သွားဖွယ်ရှိပါတယ်။

ဒီဘရိုင်းနားဟာ ၂၀၁၅ ခုနှစ်မှာ ဝုဖ်ဘတ်ကနေ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၃၈၂ ပွဲမှာ သွင်းဂိုး ၁၀၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇၀ ကြိမ် ပြုလုပ်ပေးပြီး ဆုဖလား ၁၆ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ အႀကံေပးေတြဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔အတူ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို ဘယ္လို ပြဲထုတ္ႏိုင္မလဲဆိုတာကို အယ္လ္နာဆာနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

Essentially Sports ရဲ႕ ေဖာ္ျပခ်က္အရ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ အယ္လ္နာဆာရဲ႕ ပစ္မွတ္အျဖစ္ ထြက္ေပၚလာခဲ့​ၿပီး ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ဒီဘ႐ိုင္းနားဟာ ေဆာ္ဒီပ႐ိုလိဂ္ရဲ႕ ပစ္မွတ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ အယ္လ္နာဆာရဲ႕ၿပိဳင္ဘက္ အယ္လ္ဟီလာလ္နဲ႔ အယ္လ္အစ္တီဟတ္တို႔ကလည္း မန္စီးတီးကြင္းလယ္ဖန္တီးရွင္ကို စိတ္ဝင္စားေနတဲ့အသင္းေတြအျဖစ္ ထြက္ေပၚလာခဲ့ၿပီး ၃ သင္းအၿပိဳင္ ေခၚယူဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနပါတယ္။

မန္ခ်က္စတာစီးတီးကြင္းလယ္လူဟာ စေနေန႔က ဝင္ဘေလမွာ မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ၿပီး အက္ဖ္ေအဖလား ခ်န္ပီယံဘြဲ႕ကို စြန႔္လႊတ္ခဲ့ရတဲ့ပြဲစဥ္မွာ မိနစ္ ၆၀ ျပည့္ေအာင္ မကစားေပးႏိုင္ခဲ့ဘဲ ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ဒဏ္ရာေၾကာင့္ စုစုေပါင္း ၃၅ ပြဲအထိ လြဲေခ်ာ္ခဲ့ၿပီး ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၂၆ ပြဲသာ ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္စီးတီးၾကယ္ပြင့္ဟာ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၈ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့ေသးၿပီး သူ႔ရဲ႕ ဖန္တီးႏိုင္စြမ္းဟာ ယွဥ္ၿပိဳင္ႏိုင္သူမရွိဘူးဆိုတာကို သက္ေသျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီဘ႐ိုင္းနားရဲ႕ ႀကံ့ခိုင္မႈျပႆနာက ဂြါဒီယိုလာရဲ႕အသင္းအတြက္ ထိခိုက္နစ္နာေစခဲ့ၿပီး အသက္အ႐ြယ္အရေရာ လာမယ့္ႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မယ့္ စာခ်ဳပ္သက္တမ္းေၾကာင့္ပါ မန္စီးတီးက ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို ေစ်းေကာင္းရတုန္း ေရာင္းထုတ္သြားဖြယ္ရွိပါတယ္။

ဒီဘ႐ိုင္းနားဟာ ၂၀၁၅ ခုႏွစ္မွာ ဝုဖ္ဘတ္ကေန ေပါင္ ၅၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ စုစုေပါင္း ၃၈၂ ပြဲမွာ သြင္းဂိုး ၁၀၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇၀ ႀကိမ္ ျပဳလုပ္ေပးၿပီး ဆုဖလား ၁၆ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.