Premier League

မန်စီးတီးကို စွန့်ခွာဖို့ ပြင်နေတယ်လို့ ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာဟာ  လာမယ့် ရာသီကုန်မှာ ၂၀၂၄-၂၀၂၅ ရာသီ ဘယ်လို အောင်မြင်မှုတွေပဲရရ မန်ချက်စတာစီးတီးနည်းပြရာထူးကနေ နုတ်ထွက်သွားဖွယ်ရှိပါတယ်။

ဂွါဒီယိုလာဟာ ၇ ရာသီအတွင်း ၆ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး အင်္ဂလန်ထိပ်တန်းပြိုင်ပွဲသမိုင်းမှာ မကြုံစဖူး ၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြဟာ အခုဆိုရင် မန်ချက်စတာစီးတီးကို ၂၀၁၆ ခုနှစ်နွေရာသီမှာ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဆုဖလား ၁၅ လုံးအထိ အနိုင်ရရှိခဲ့ပြီဖြစ်ပြီး အစ်တီဟတ်က နည်းပြဘဝကို အဆုံးသတ်ဖို့ နီးကပ်လာပုံပေါ်ပါတယ်။

အသက် ၅၃ နှစ်အရွယ် နည်းပြရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်နှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာစီးတီးထိပ်ပိုင်း တာဝန်ရှိသူတွေက စပိန်လူမျိုးနည်းပြကို ဆက်လက်ထိန်းသိမ်းချင်ကြပေမယ့်လည်း Daily Mail ရဲ့ သတင်းအရ မန်စီးတီးနည်းပြဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ပြီးပြီလို့ သိရပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာက အဲဒါကို အသင်းတာဝန်ရှိသူတွေသိအောင် ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိသေးဘဲ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် သူ့ရဲ့ အတွေးကို အရိပ်အမြွက် ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အမှန်တရားကတော့ ကျွန်တော် အသင်းမှာ ဆက်နေဖို့ထက် စွန့်ခွာဖို့က ပိုပြီး နီးစပ်လာတာပါ။ ကျွန်တော်တို့ အသင်းနဲ့ စကားပြောခဲ့တယ်။ ကျွန်တော့်ခံစားချက်က အခုတော့ အသင်းမှာ ဆက်နေချင်တယ်။ ကျွန်တော် လာမယ့်ရာသီတော့ အသင်းမှာ ဆက်နေမှာပါ။ နောက်ရာသီအတွင်းမှာ ကျွန်တော်တို့ စကားပြောသွားမှာပါ။ ဒါပေမယ့် ၈ နှစ်ဖြစ်မလား၊ ၉ နှစ်ဖြစ်မလား။ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ကျွန်တော်လိုချင်တာကတော့ ကျွန်တော့်ကစားသမားတွေ ၂ ရက်၊ ၃ ရက်လောက် ပျော်ပျော်ပါးပါး နေစေချင်တာပါ။ ပြီးရင်တော့ အက်ဖ်အေဖလားဗိုလ်လုပွဲအတွက် ၂ ရက် ပြင်ဆင်ချိန်ရမှာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေဖို့က စိတ်ဓာတ်ခွန်အားက ဘာလဲဆိုတာကို အတိအကျမသိသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ရှာတွေ့ဖို့ ခက်လို့ပါ။ အရာအားလုံးက လုပ်ပြီးသွားတဲ့အချိန်မှာပေါ့။ ဒါပေမယ့် ကစားသမားတွေနဲ့ ကျွန်တော့်ဘာသာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ ဘာကြောင့် ဒီနေ့ ငါတို့တွေ အနိုင်မရရမှာလဲ။ ဘာကြောင့် ငါတိုတွေ လုပ်နိုင်သလောက် မလုပ်ဘဲ နေရမှာလဲ။ ကျွန်တော်တို့ အလုပ်လုပ်သွားရမယ်ဆိုတာကိုတော့ သိပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ ဝန်ခံချက်နဲ့ ဒီကစားပြောတဲ့အချိန်ဟာ ဆုဖလားအောင်ပွဲခံမှုနဲ့ အလုပ်များနေခဲ့တဲ့ မန်စီးတီးပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ကာရာဘောင်းဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်နဲ့ စူပါဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပပ္ ဂြါဒီယိုလာဟာ  လာမယ့္ ရာသီကုန္မွာ ၂၀၂၄-၂၀၂၅ ရာသီ ဘယ္လို ေအာင္ျမင္မႈေတြပဲရရ မန္ခ်က္စတာစီးတီးနည္းျပရာထူးကေန ႏုတ္ထြက္သြားဖြယ္ရွိပါတယ္။

ဂြါဒီယိုလာဟာ ၇ ရာသီအတြင္း ၆ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ခဲ့ၿပီး အဂၤလန္ထိပ္တန္းၿပိဳင္ပြဲသမိုင္းမွာ မႀကဳံစဖူး ၄ ႏွစ္ဆက္တိုက္ ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ စပိန္လူမ်ိဳးနည္းျပဟာ အခုဆိုရင္ မန္ခ်က္စတာစီးတီးကို ၂၀၁၆ ခုႏွစ္ေႏြရာသီမွာ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ဆုဖလား ၁၅ လုံးအထိ အႏိုင္ရရွိခဲ့ၿပီျဖစ္ၿပီး အစ္တီဟတ္က နည္းျပဘဝကို အဆုံးသတ္ဖို႔ နီးကပ္လာပုံေပၚပါတယ္။

အသက္ ၅၃ ႏွစ္အ႐ြယ္ နည္းျပရဲ႕ လက္ရွိစာခ်ဳပ္ဟာ လာမယ့္ႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးထိပ္ပိုင္း တာဝန္ရွိသူေတြက စပိန္လူမ်ိဳးနည္းျပကို ဆက္လက္ထိန္းသိမ္းခ်င္ၾကေပမယ့္လည္း Daily Mail ရဲ႕ သတင္းအရ မန္စီးတီးနည္းျပဘဝကို အဆုံးသတ္ဖို႔ ဆုံးျဖတ္ၿပီးၿပီလို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာက အဲဒါကို အသင္းတာဝန္ရွိသူေတြသိေအာင္ ရွင္းရွင္းလင္းလင္း ေျပာၾကားထားျခင္းမရွိေသးဘဲ ၿပီးခဲ့တဲ့အပတ္က ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ သူ႔ရဲ႕ အေတြးကို အရိပ္အႁမြက္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အမွန္တရားကေတာ့ ကြၽန္ေတာ္ အသင္းမွာ ဆက္ေနဖို႔ထက္ စြန႔္ခြာဖို႔က ပိုၿပီး နီးစပ္လာတာပါ။ ကြၽန္ေတာ္တို႔ အသင္းနဲ႔ စကားေျပာခဲ့တယ္။ ကြၽန္ေတာ့္ခံစားခ်က္က အခုေတာ့ အသင္းမွာ ဆက္ေနခ်င္တယ္။ ကြၽန္ေတာ္ လာမယ့္ရာသီေတာ့ အသင္းမွာ ဆက္ေနမွာပါ။ ေနာက္ရာသီအတြင္းမွာ ကြၽန္ေတာ္တို႔ စကားေျပာသြားမွာပါ။ ဒါေပမယ့္ ၈ ႏွစ္ျဖစ္မလား၊ ၉ ႏွစ္ျဖစ္မလား။ ကြၽန္ေတာ္တို႔ ၾကည့္ၾကတာေပါ့။ ကြၽန္ေတာ္လိုခ်င္တာကေတာ့ ကြၽန္ေတာ့္ကစားသမားေတြ ၂ ရက္၊ ၃ ရက္ေလာက္ ေပ်ာ္ေပ်ာ္ပါးပါး ေနေစခ်င္တာပါ။ ၿပီးရင္ေတာ့ အက္ဖ္ေအဖလားဗိုလ္လုပြဲအတြက္ ၂ ရက္ ျပင္ဆင္ခ်ိန္ရမွာပါ။ ဒါေပမယ့္ အခုေတာ့ ကြၽန္ေတာ္ လာမယ့္ရာသီ အသင္းမွာ ဆက္ရွိေနဖို႔က စိတ္ဓာတ္ခြန္အားက ဘာလဲဆိုတာကို အတိအက်မသိေသးဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက ရွာေတြ႕ဖို႔ ခက္လို႔ပါ။ အရာအားလုံးက လုပ္ၿပီးသြားတဲ့အခ်ိန္မွာေပါ့။ ဒါေပမယ့္ ကစားသမားေတြနဲ႔ ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္သိပါတယ္။ ကြၽန္ေတာ္တို႔ ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္မွာ ဘာေၾကာင့္ ဒီေန႔ ငါတို႔ေတြ အႏိုင္မရရမွာလဲ။ ဘာေၾကာင့္ ငါတိုေတြ လုပ္ႏိုင္သေလာက္ မလုပ္ဘဲ ေနရမွာလဲ။ ကြၽန္ေတာ္တို႔ အလုပ္လုပ္သြားရမယ္ဆိုတာကိုေတာ့ သိပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕ ဝန္ခံခ်က္နဲ႔ ဒီကစားေျပာတဲ့အခ်ိန္ဟာ ဆုဖလားေအာင္ပြဲခံမႈနဲ႔ အလုပ္မ်ားေနခဲ့တဲ့ မန္စီးတီးပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္ဖလား ၆ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္၊ ကာရာေဘာင္းဖလား ၄ ႀကိမ္၊ အက္ဖ္ေအဖလား ၂ ႀကိမ္၊ ကလပ္ကမာၻ႔ဖလား ၁ ႀကိမ္နဲ႔ စူပါဖလား ၁ ႀကိမ္၊ ကြန္ျမဴနတီဒိုင္း ၂ ႀကိမ္ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.