Premier League

မန်ယူနိုက်တက် အက်ဖ်အေဖလားရပြီးနောက် အာဆင်နယ်ရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့တဲ့ ပရိသတ်များ

ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အက်ဖ်အေဖလား အောင်ပွဲကို ခါးခါးသီးသီးတုံ့ပြန်ခဲ့တဲ့ အာဆင်နယ်ရဲ့ လူမှုကွန်ရက်ပေါ်က တုံ့ပြန်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ တန်ဟက်လက်အောက် ဝင်ဘလေမှာ ၂ နှစ်ဆက်တိုက် အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဖလားမရခဲ့ပေမယ့်လည်း ဒီနှစ်မှာတော့ ဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ဟာ ဒီရာသီမှာ မြင်တွေ့ခဲ့သမျှထဲက အကောင်းဆုံး စွမ်းဆောင်ရည်ထဲက တစ်ခုဖြစ်ခဲ့ပြီး မန်စီးတီးခံစစ်ရဲ့အမှားကြောင့် ဂါနာချိုရဲ့ ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် အလွန်ကောင်းမွန်တဲ့အသင်းလိုက်ကစားပုံကနေ ကော်ဘီ မိန်းနူးက နောက်ထပ် ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးက ဒုတိယပိုင်းပြီးဆုံးခါနီးမှ ဒိုကုရဲ့ သွင်းဂိုးကြောင့် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ကျသွားခဲ့ပြီဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်က အက်ဖ်အေဖလားကို ၁၃ ကြိမ်မြောက် ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေဖလားသမိုင်းမှာ အာဆင်နယ်က ၁၄ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ပွဲအပြီးမှာ ဂန်းနားတွေက လူမှုကွန်ရက်ပေါ်ကနေ သူတို့တွေဟာ အက်ဖ်အေဖလားကို အများဆုံးကိုင်မြှောက်ထားတဲ့အသင်းဖြစ်ကြောင်း အားလုံးကို လျင်လျင်မြန်မြန်ပဲ အသိပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အက်ဖ်အေဖလားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူတွေကို X လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေကို တိုက်ရိုက် မေးခွန်းထုတ်ခဲ့မှုက ပရိသတ်တွေကို ဒေါသထွက်စရာဖြစ်စေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက အာဆင်နယ်ကို အရှက်တရားနည်းနည်းရှိဖို့ ပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကတော့ ဒီပို့စ်ဟာ အရှက်ရစရာပို့စ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ဂန္တဝင်နည်းပြကြီးတွေဖြစ်ကြတဲ့ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အာဆင်ဝင်းဂါးတို့လက်အောက်မှာတုန်းက ရှည်လျားတဲ့ ပြိုင်ဆိုင်မှု သမိုင်းကြောင်းရှိခဲ့ကြတာဖြစ်ပြီး ဒီ ၂ သင်းဟာ ၂၀၀၅ ခုနှစ်တုန်းက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ရင်ဆိုင်တွေ့ဆုံခဲ့ချိန်တုန်းက နောက်ဆုံးမှာ အာဆင်နယ်က ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဒီ ၂ သင်းစလုံးအတွက် ဆုဖလားတွေ ရရှိဖို့အတွက် ခက်ခဲခဲ့ကြပေမယ့်လည်း ဂန်းနားတွေရဲ့ နောက်ဆုံးဆုဖလားကတော့ လွန်ခဲ့တဲ့ ၄ နှစ်က အက်ဖ်အေဖလားရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ဝင်ဘလေအောင်ပွဲကြောင့် အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ကို ၂ ရာသီ ကိုင်တွယ်ရသေးပေမယ့်လည်း အာတီတာထက် ဆုဖလား ပိုမို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေက အာဆင်နယ်အသင်းရဲ့ ပို့စ်မှာ ဂန်းနားတွေ ဘာဖလားမှ မရခဲ့တာကို ပြန်ပြီး သတိပေးတဲ့အနေနဲ့ “ငါတို့တွေ အက်ဖ်အေဖလားကို ၁၄ ကြိမ်ကိုင်မြှောက်ခဲ့တာကွဆိုတဲ့ ဖလားကို ဒီရာသီမှာ အနိုင်ရခဲ့တဲ့အတွက် အာဆင်နယ်ကို ဂုဏ်ပြုပါတယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပရိသတ္ေတြဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အက္ဖ္ေအဖလား ေအာင္ပြဲကို ခါးခါးသီးသီးတုံ႔ျပန္ခဲ့တဲ့ အာဆင္နယ္ရဲ႕ လူမႈကြန္ရက္ေပၚက တုံ႔ျပန္မႈကို ျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ နည္းျပ တန္ဟက္လက္ေအာက္ ဝင္ဘေလမွာ ၂ ႏွစ္ဆက္တိုက္ အက္ဖ္ေအဖလား ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္က ဖလားမရခဲ့ေပမယ့္လည္း ဒီႏွစ္မွာေတာ့ ဖလားရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္ဟာ ဒီရာသီမွာ ျမင္ေတြ႕ခဲ့သမွ်ထဲက အေကာင္းဆုံး စြမ္းေဆာင္ရည္ထဲက တစ္ခုျဖစ္ခဲ့ၿပီး မန္စီးတီးခံစစ္ရဲ႕အမွားေၾကာင့္ ဂါနာခ်ိဳရဲ႕ ဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ အလြန္ေကာင္းမြန္တဲ့အသင္းလိုက္ကစားပုံကေန ေကာ္ဘီ မိန္းႏူးက ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးက ဒုတိယပိုင္းၿပီးဆုံးခါနီးမွ ဒိုကုရဲ႕ သြင္းဂိုးေၾကာင့္ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ေနာက္က်သြားခဲ့ၿပီျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္က အက္ဖ္ေအဖလားကို ၁၃ ႀကိမ္ေျမာက္ ဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။

အက္ဖ္ေအဖလားသမိုင္းမွာ အာဆင္နယ္က ၁၄ ႀကိမ္နဲ႔ အေအာင္ျမင္ဆုံးအသင္းအျဖစ္ ရပ္တည္ေနဆဲျဖစ္ၿပီး ပြဲအၿပီးမွာ ဂန္းနားေတြက လူမႈကြန္ရက္ေပၚကေန သူတို႔ေတြဟာ အက္ဖ္ေအဖလားကို အမ်ားဆုံးကိုင္ေျမႇာက္ထားတဲ့အသင္းျဖစ္ေၾကာင္း အားလုံးကို လ်င္လ်င္ျမန္ျမန္ပဲ အသိေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့သူေတြကို X လူမႈကြန္ရက္ေပၚကေန ပရိသတ္ေတြကို တိုက္႐ိုက္ ေမးခြန္းထုတ္ခဲ့မႈက ပရိသတ္ေတြကို ေဒါသထြက္စရာျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ပရိသတ္တစ္ဦးက အာဆင္နယ္ကို အရွက္တရားနည္းနည္းရွိဖို႔ ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကေတာ့ ဒီပို႔စ္ဟာ အရွက္ရစရာပို႔စ္ျဖစ္တယ္လို႔ ေဝဖန္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ဟာ ဂႏၲဝင္နည္းျပႀကီးေတြျဖစ္ၾကတဲ့ ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ အာဆင္ဝင္းဂါးတို႔လက္ေအာက္မွာတုန္းက ရွည္လ်ားတဲ့ ၿပိဳင္ဆိုင္မႈ သမိုင္းေၾကာင္းရွိခဲ့ၾကတာျဖစ္ၿပီး ဒီ ၂ သင္းဟာ ၂၀၀၅ ခုႏွစ္တုန္းက အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ရင္ဆိုင္ေတြ႕ဆုံခဲ့ခ်ိန္တုန္းက ေနာက္ဆုံးမွာ အာဆင္နယ္က ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရသြားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဒီ ၂ သင္းစလုံးအတြက္ ဆုဖလားေတြ ရရွိဖို႔အတြက္ ခက္ခဲခဲ့ၾကေပမယ့္လည္း ဂန္းနားေတြရဲ႕ ေနာက္ဆုံးဆုဖလားကေတာ့ လြန္ခဲ့တဲ့ ၄ ႏွစ္က အက္ဖ္ေအဖလားရရွိခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဝင္ဘေလေအာင္ပြဲေၾကာင့္ အဲရစ္ တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ၂ ရာသီ ကိုင္တြယ္ရေသးေပမယ့္လည္း အာတီတာထက္ ဆုဖလား ပိုမို ပိုင္ဆိုင္ထားႏိုင္ခဲ့ၿပီဆိုတဲ့အဓိပၸာယ္ျဖစ္ခဲ့ပါတယ္။

ပရိသတ္ေတြက အာဆင္နယ္အသင္းရဲ႕ ပို႔စ္မွာ ဂန္းနားေတြ ဘာဖလားမွ မရခဲ့တာကို ျပန္ၿပီး သတိေပးတဲ့အေနနဲ႔ “ငါတို႔ေတြ အက္ဖ္ေအဖလားကို ၁၄ ႀကိမ္ကိုင္ေျမႇာက္ခဲ့တာကြဆိုတဲ့ ဖလားကို ဒီရာသီမွာ အႏိုင္ရခဲ့တဲ့အတြက္ အာဆင္နယ္ကို ဂုဏ္ျပဳပါတယ္”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.