Premier League

ကော်ဘီ မိန်းနူးရဲ့ သွင်းဂိုးကို တုံ့ပြန်ခဲ့တဲ့ မန်စီးတီးဂန္တဝင် အဂွေရိုနဲ့ ဝေါ်ကာ

မန်ချက်စတာစီးတီးဂန္တဝင် ဆာဂျီယို အဂွေရိုဟာ စနေနေ့ညက ဝင်ဘလေမှာ မန်ချက်စတာယူနိုက်တက်က မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲက ကော်ဘီ မိန်းနူးရဲ့ မယုံနိုင်စရာသွင်းဂိုးကို မချီးကျူးဘဲ မနေနိုင်ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က မန်ချက်စတာဒါဘီ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီနှစ်မှာတော့ ဂါနာချို၊ မိန်းနူးတို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးကို အံ့အားသင့်အောင် စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ၁၃ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာကြောင့် နည်းပြတန်ဟက်ရဲ့ ဖိအားတွေလည်း တော်တော်လေး လျော့နည်းသွားခဲ့ပြီး လာမယ့်နှစ် ယူရိုပါလိဂ်ဝင်ခွင့်လည်း ရရှိသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဖလား ၂ လုံးနဲ့ ရာသီပြီးဆုံးနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ပြီး ဂွါဒီယိုလာကိုယ်တိုင် ပထမပိုင်းက ပွဲဗျူဟာက မှားယွင်းသွားခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

ပေါလ် စခိုးလိုမျိုး မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကတောင် ကော်ဘီ မိန်းနူးဟာ သူ အသက် ၁၉ နှစ်သားအရွယ်က ဆယ်ဆလောက် ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ရပြီး တန်ဟက်တော့ အသက် ၁၉ နှစ်အရွယ် ကစားသမားကို အရမ်းမချီးကျူးကြဘဲ တိုးတက်စရာရှိတာတွေကို အရှိန်အဟုန်နဲ့ ဆက်ပြီး တိုးတက်ခွင့်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးသမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံးကစားသမားဖြစ်ခဲ့တဲ့ အဂွေရိုတောင်မှ မိန်းနူးရဲ့ ကောင်းမွန်မှုကို အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ဘဲ အာဂျင်တီးနားကြယ်ပွင့်ဟောင်းက ESPN Livestream မှာ မန်ယူနိုက်တက်ကြယ်ပွင့်ရဲ့ သွင်းဂိုးကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ယူနိုက်တက်ရဲ့ဂိုးက မယုံနိုင်စရာကောင်းခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပြီး မိန်းနူး ဂိုးမသွင်းနိုင်အောင် မကာကွယ်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းခေါင်းဆောင် ကိုင်လီ ဝေါ်ကာကလည်း ပွဲအပြီးမှာ အင်္ဂလန်လူငယ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ကောင်းလိုက်တဲ့ အရည်အချင်း။ အင်္ဂလန်ရဲ့ မျိုးဆက်သစ်တွေရဲ့ အရည်အချင်းက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ သူ့အနေနဲ့ ဒီရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းအတိုင်း ဆက်ပြီး ပြသနိုင်ပြီး ယူရိုမှာ တကယ်လို့ ရွေးချယ်ခံရမယ်ဆိုရင် ပထမအသင်းထဲမှာ ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်မိပါတယ်။ မျှော်လင့်မိတာပါ။ ကျွန်တော် အခု အင်္ဂလန်အသင်းဦးထုပ်ကို ဆောင်းလိုက်တော့မယ်။ ကျွန်တော် ကောင်းမွန်တဲ့ ယူရိုပြိုင်ပွဲဖြစ်ချင်တယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးဂႏၲဝင္ ဆာဂ်ီယို အေဂြ႐ိုဟာ စေနေန႔ညက ဝင္ဘေလမွာ မန္ခ်က္စတာယူႏိုက္တက္က မန္စီးတီးကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲက ေကာ္ဘီ မိန္းႏူးရဲ႕ မယုံႏိုင္စရာသြင္းဂိုးကို မခ်ီးက်ဴးဘဲ မေနႏိုင္ျဖစ္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က မန္ခ်က္စတာဒါဘီ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ မန္ခ်က္စတာယူႏိုက္တက္က ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒီႏွစ္မွာေတာ့ ဂါနာခ်ိဳ၊ မိန္းႏူးတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ မန္စီးတီးကို အံ့အားသင့္ေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ အက္ဖ္ေအဖလားကို ၁၃ ႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့တာေၾကာင့္ နည္းျပတန္ဟက္ရဲ႕ ဖိအားေတြလည္း ေတာ္ေတာ္ေလး ေလ်ာ့နည္းသြားခဲ့ၿပီး လာမယ့္ႏွစ္ ယူ႐ိုပါလိဂ္ဝင္ခြင့္လည္း ရရွိသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ပရီးမီးယားလိဂ္ဖလားကို ၄ ႏွစ္ဆက္ စံခ်ိန္တင္ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ဖလား ၂ လုံးနဲ႔ ရာသီၿပီးဆုံးႏိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့ၿပီး ဂြါဒီယိုလာကိုယ္တိုင္ ပထမပိုင္းက ပြဲဗ်ဴဟာက မွားယြင္းသြားခဲ့တယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

ေပါလ္ စခိုးလိုမ်ိဳး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ကေတာင္ ေကာ္ဘီ မိန္းႏူးဟာ သူ အသက္ ၁၉ ႏွစ္သားအ႐ြယ္က ဆယ္ဆေလာက္ ပိုမိုေကာင္းမြန္တဲ့ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ရၿပီး တန္ဟက္ေတာ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားကို အရမ္းမခ်ီးက်ဴးၾကဘဲ တိုးတက္စရာရွိတာေတြကို အရွိန္အဟုန္နဲ႔ ဆက္ၿပီး တိုးတက္ခြင့္ေပးၾကဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း မန္စီးတီးသမိုင္းမွာ အႀကီးက်ယ္အခမ္းနားဆုံးကစားသမားျဖစ္ခဲ့တဲ့ အေဂြ႐ိုေတာင္မွ မိန္းႏူးရဲ႕ ေကာင္းမြန္မႈကို အသိအမွတ္မျပဳဘဲ မေနႏိုင္ခဲ့ဘဲ အာဂ်င္တီးနားၾကယ္ပြင့္ေဟာင္းက ESPN Livestream မွာ မန္ယူႏိုက္တက္ၾကယ္ပြင့္ရဲ႕ သြင္းဂိုးကို တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ယူႏိုက္တက္ရဲ႕ဂိုးက မယုံႏိုင္စရာေကာင္းခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့ၿပီး မိန္းႏူး ဂိုးမသြင္းႏိုင္ေအာင္ မကာကြယ္ႏိုင္ခဲ့တဲ့ မန္စီးတီးအသင္းေခါင္းေဆာင္ ကိုင္လီ ေဝၚကာကလည္း ပြဲအၿပီးမွာ အဂၤလန္လူငယ္ၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“ေကာင္းလိုက္တဲ့ အရည္အခ်င္း။ အဂၤလန္ရဲ႕ မ်ိဳးဆက္သစ္ေတြရဲ႕ အရည္အခ်င္းက အရမ္းကို စိတ္လႈပ္ရွားစရာေကာင္းလာပါတယ္။ သူ႔အေနနဲ႔ ဒီရာသီမွာ ျပသခဲ့တဲ့ ေျခစြမ္းအတိုင္း ဆက္ၿပီး ျပသႏိုင္ၿပီး ယူ႐ိုမွာ တကယ္လို႔ ေ႐ြးခ်ယ္ခံရမယ္ဆိုရင္ ပထမအသင္းထဲမွာ ပါဝင္ခြင့္ရမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ေမွ်ာ္လင့္မိတာပါ။ ကြၽန္ေတာ္ အခု အဂၤလန္အသင္းဦးထုပ္ကို ေဆာင္းလိုက္ေတာ့မယ္။ ကြၽန္ေတာ္ ေကာင္းမြန္တဲ့ ယူ႐ိုၿပိဳင္ပြဲျဖစ္ခ်င္တယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.