Premier League

မိန်းနူးနဲ့နှိုင်းယှဉ်မှုတွေကို အံ့အားသင့်ဖွယ် တုံ့ပြန်လိုက်တဲ့ ပေါလ် စခိုး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ ကော်ဘီ မိန်းနူးကို ချီးမွမ်းခန်းဖွင့်ခဲ့ပြီး သူအသက် ၁၉ အရွယ်တုန်းကထက် ၁၀ ဆ ပိုကောင်းတဲ့ကစားသမားလို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက် ကွင်းလယ်ကစားသမားလေးဟာ ဒီရာသီမှာ ခြေစွမ်းတဟုန်ထိုး တိုးတက်လာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့နှစ်က နာကျင်စရာ ရှုံးနိမ့်မှုအတွက် လက်စားချေမှု ပြန်လည်ရယူနိုင်ပြီး ၁၃ ကြိမ်မြောက် အက်ဖ်အေဖလား ရရှိစေမယ့် အဆုံးအဖြတ်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်းအပြီးမှာပဲ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ၁၀ မိနစ်အတွင်း ဂါနာချိုနဲ့ ကော်ဘီ မိန်းနူးတို့က အသင်းအတွက် ဦးဆောင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်ကစားသမား ဂျယ်ရမီး ဒိုကုက မန်ချက်စတာစီးတီးအတွက် ၈၇ မိနစ်မှာ ချေပဂိုး တစ်ဂိုး ပြန်သွင်းယူပေးခဲ့ပေမယ့်လည်း နောက်ထပ် ချေပဂိုး ထပ်မံသွင်းယူဖို့အတွက်တော့ အရမ်းနောက်ကျသွားခဲ့ပြီဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်က စိတ်ပျက်စရာရာသီကို အမြင့်ပျံနေတဲ့ ဂွါဒီယိုလာရဲ့အသင်း သမိုင်းဝင် ဖလား ၂ လုံးရမယ့်အရေးကို တားဆီးပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပြီး မိန်းနူးဟာ အကြီးမားဆုံးအဆင့်မှာ ပြသခဲ့တဲ့ သူ့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်အတွက် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဆယ်ကျော်သက် ကွင်းလယ်ကစားသမားဟာ ဘာနာဒို ဆေးလ်ဗားနဲ့ ရိုဒရီတို့လို မန်ချက်စတာစီးတီးရဲ့ ထိပ်တန်းကြယ်ပွင့်တွေထက်တောင် ပိုမိုတောက်ပပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဝင်ဘလေက ပွဲထွက်လူစာရင်းမှာ အမ်မရာဘတ် ပါဝင်လာချိန်မှာ ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပြီး မော်ရိုကို ကွင်းလယ်ခံစစ်ကစားသမားက ဖီအိုရင်တီးနားကနေ အငှားနဲ့ ပြောင်းလာပြီးကတည်းက ရုန်းကန်ခဲ့ရပေမယ့်လည်း ယူနိုက်တက်ရှပ်နဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

“ဂတ်တူဆိုရဲ့ အကောင်းဆုံးအချိန်တွေတုန်းကအတိုင်းပဲ ဒီနေ့ ကစားပြသွားတယ်(လက်ခုပ်တီးတဲ့ အီမိုဂျီ ၃ ခု)”လို့ မန်ချက်စတာယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးက သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ အမ်မရာဘတ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးခဲ့ပါတယ်။

ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်နဲ့အတူ အက်ဖ်အေဖလား ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့တဲ့ ပေါလ် စခိုးက ဝင်ဘလေက ဗိုလ်လုပွဲမှာ သူနဲ့ ကော်ဘီ မိန်းနူးတို့ကို နှိုင်းယှဉ်ခဲ့ကြတဲ့ ပရိသတ်တွေကို တုံ့ပြန်ခဲ့ပါတယ်။

“ပြီးခဲ့တဲ့အပတ်တုန်းက ဒီကလေးနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်မှုအချို့ ဖတ်ခဲ့ရတယ်။ ခင်ဗျားတို့ရဲ့ အချိန်တွေကို ဖြုန်းတီးမနေကြပါနဲ့။ သူက ကျွန်တော် အသက် ၁၉ နှစ်သားအရွယ်ကထက် ဆယ်ဆလောက် ပိုကောင်းတဲ့ကစားသမားပါ။ သူ ဘောလုံးလက်ခံတဲ့ပုံစံကို အရမ်းသဘောကျတယ်။ တည်ငြိမ်မှုရှိပြီး သူ့နားမှာ ဖြစ်နေတာတွေကို သတိထားပြီး အမြဲကြည့်နေတယ်။ ဟုတ်တာပေါ့။ ကြီးမားတဲ့ပွဲစဉ်တွေမှာလည်း ကြီးမားတဲ့သွင်းဂိုးတွေသွင်းယူနိုင်တယ်။ ဒီကောင်လေးက အရမ်းထူးခြားတယ်။ သူက သောက်ရဲရဲတောက် အနီပဲ(အသည်းပုံ အီမိုဂျီ ၂ ခု)။ နောက်မှ တွေ့ကြမယ်”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေပါလ္ စခိုးက မန္ခ်က္စတာစီးတီးကို အႏိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားဗိုလ္လုပြဲအၿပီးမွာ ေကာ္ဘီ မိန္းႏူးကို ခ်ီးမြမ္းခန္းဖြင့္ခဲ့ၿပီး သူအသက္ ၁၉ အ႐ြယ္တုန္းကထက္ ၁၀ ဆ ပိုေကာင္းတဲ့ကစားသမားလို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီထြက္ ကြင္းလယ္ကစားသမားေလးဟာ ဒီရာသီမွာ ေျခစြမ္းတဟုန္ထိုး တိုးတက္လာခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၿပီးခဲ့တဲ့ႏွစ္က နာက်င္စရာ ရႈံးနိမ့္မႈအတြက္ လက္စားေခ်မႈ ျပန္လည္ရယူႏိုင္ၿပီး ၁၃ ႀကိမ္ေျမာက္ အက္ဖ္ေအဖလား ရရွိေစမယ့္ အဆုံးအျဖတ္သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ပထမပိုင္းအၿပီးမွာပဲ ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာ ၁၀ မိနစ္အတြင္း ဂါနာခ်ိဳနဲ႔ ေကာ္ဘီ မိန္းႏူးတို႔က အသင္းအတြက္ ဦးေဆာင္ဂိုးေတြကို သြင္းယူေပးႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ လူစားဝင္ကစားသမား ဂ်ယ္ရမီး ဒိုကုက မန္ခ်က္စတာစီးတီးအတြက္ ၈၇ မိနစ္မွာ ေခ်ပဂိုး တစ္ဂိုး ျပန္သြင္းယူေပးခဲ့ေပမယ့္လည္း ေနာက္ထပ္ ေခ်ပဂိုး ထပ္မံသြင္းယူဖို႔အတြက္ေတာ့ အရမ္းေနာက္က်သြားခဲ့ၿပီျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္က စိတ္ပ်က္စရာရာသီကို အျမင့္ပ်ံေနတဲ့ ဂြါဒီယိုလာရဲ႕အသင္း သမိုင္းဝင္ ဖလား ၂ လုံးရမယ့္အေရးကို တားဆီးၿပီး အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ လာမယ့္ရာသီ ယူ႐ိုပါလိဂ္ဝင္ခြင့္ ရရွိခဲ့ၿပီျဖစ္ၿပီး မိန္းႏူးဟာ အႀကီးမားဆုံးအဆင့္မွာ ျပသခဲ့တဲ့ သူ႔ရဲ႕ ထူးခြၽန္တဲ့ စြမ္းေဆာင္ရည္အတြက္ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ ကြင္းလယ္ကစားသမားဟာ ဘာနာဒို ေဆးလ္ဗားနဲ႔ ႐ိုဒရီတို႔လို မန္ခ်က္စတာစီးတီးရဲ႕ ထိပ္တန္းၾကယ္ပြင့္ေတြထက္ေတာင္ ပိုမိုေတာက္ပျပႏိုင္ခဲ့တာျဖစ္ပါတယ္။

ဝင္ဘေလက ပြဲထြက္လူစာရင္းမွာ အမ္မရာဘတ္ ပါဝင္လာခ်ိန္မွာ ပရိသတ္ေတြ အံ့အားသင့္ခဲ့ၾကၿပီး ေမာ္႐ိုကို ကြင္းလယ္ခံစစ္ကစားသမားက ဖီအိုရင္တီးနားကေန အငွားနဲ႔ ေျပာင္းလာၿပီးကတည္းက ႐ုန္းကန္ခဲ့ရေပမယ့္လည္း ယူႏိုက္တက္ရွပ္နဲ႔ အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

“ဂတ္တူဆိုရဲ႕ အေကာင္းဆုံးအခ်ိန္ေတြတုန္းကအတိုင္းပဲ ဒီေန႔ ကစားျပသြားတယ္(လက္ခုပ္တီးတဲ့ အီမိုဂ်ီ ၃ ခု)”လို႔ မန္ခ်က္စတာယူႏိုက္တက္ ဂႏၲဝင္ ေပါလ္ စခိုးက သူ႔ရဲ႕ အင္စတာဂရမ္စတိုရီမွာ အမ္မရာဘတ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးခဲ့ပါတယ္။

ၿပီးတဲ့ေနာက္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔အတူ အက္ဖ္ေအဖလား ခ်န္ပီယံ ၃ ႀကိမ္ျဖစ္ခဲ့တဲ့ ေပါလ္ စခိုးက ဝင္ဘေလက ဗိုလ္လုပြဲမွာ သူနဲ႔ ေကာ္ဘီ မိန္းႏူးတို႔ကို ႏႈိင္းယွဥ္ခဲ့ၾကတဲ့ ပရိသတ္ေတြကို တုံ႔ျပန္ခဲ့ပါတယ္။

“ၿပီးခဲ့တဲ့အပတ္တုန္းက ဒီကေလးနဲ႔ ကြၽန္ေတာ့္ကို ႏႈိင္းယွဥ္မႈအခ်ိဳ႕ ဖတ္ခဲ့ရတယ္။ ခင္ဗ်ားတို႔ရဲ႕ အခ်ိန္ေတြကို ျဖဳန္းတီးမေနၾကပါနဲ႔။ သူက ကြၽန္ေတာ္ အသက္ ၁၉ ႏွစ္သားအ႐ြယ္ကထက္ ဆယ္ဆေလာက္ ပိုေကာင္းတဲ့ကစားသမားပါ။ သူ ေဘာလုံးလက္ခံတဲ့ပုံစံကို အရမ္းသေဘာက်တယ္။ တည္ၿငိမ္မႈရွိၿပီး သူ႔နားမွာ ျဖစ္ေနတာေတြကို သတိထားၿပီး အၿမဲၾကည့္ေနတယ္။ ဟုတ္တာေပါ့။ ႀကီးမားတဲ့ပြဲစဥ္ေတြမွာလည္း ႀကီးမားတဲ့သြင္းဂိုးေတြသြင္းယူႏိုင္တယ္။ ဒီေကာင္ေလးက အရမ္းထူးျခားတယ္။ သူက ေသာက္ရဲရဲေတာက္ အနီပဲ(အသည္းပုံ အီမိုဂ်ီ ၂ ခု)။ ေနာက္မွ ေတြ႕ၾကမယ္”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.