Carabao & FA Premier League

မန်ယူနိုက်တက်နဲ့ ကစားရမယ့် အက်ဖ်အေဗိုလ်လုပွဲအတွက် စိုးရိမ်နေတဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက မန်ချက်စတာစီးတီးရဲ့ ပြီးခဲ့တဲ့ပွဲတွေက မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အပေါ် အသာစီးရခဲ့မှုတွေက အက်ဖ်အေဖလား ပြိုင်ပွဲမှာ ထည့်သွင်းတွက်ချက်လို့ မရနိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက် သမိုင်းဝင် ဆွတ်ခူးနိုင်ခဲ့မှုကို အောင်ပွဲခံခဲ့ပြီးနောက် လန်းဆန်းတက်ကြွနေကြတာဖြစ်ပြီး အဆင့် ၈ နေရာနဲ့ ရာသီပြီးဆုံးခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ယနေ့ည ဝင်ဘလေမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဂန်ဒိုဝမ်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယနေ့ညပွဲစဉ်ဟာ ၂ နှစ်ဆက်တိုက် မန်ချက်စတာဒါဘီ အက်ဖ်အေဖလား ဗိုလ်လုပွဲဖြစ်လာတော့မှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ရှိခြေစွမ်းအရ မန်ချက်စတာယူနိုက်တက်ထက် အပြတ်အသတ် အသာစီးရရှိနေပေမယ့်လည်း ဂွါဒီယိုလာကတော့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဘာမဆိုဖြစ်လာနိုင်တယ်လို့ အသင်းသားတွေကို သတိပေးခဲ့တာဖြစ်ပါတယ်။

“လူတွေက ကျွန်တော်တို့ ကျိန်းသေပေါက် ဖလားရသွားတော့မယ်လို့ ထင်နေကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ထက် ၃၁ မှတ်အသာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့လို့ပါ။ လူတွေက ဒီပွဲက လွယ်လွယ်လေးနဲ့ အနိုင်ရလိမ့်မယ်လို့ ပြောနေကြတယ်။ ကျွန်တော် အဲဒီလို ပြောကြတာကို နားလည်ပါတယ်။ ဒါပေမယ့် ဒါက မတူညီတဲ့ပြိုင်ပွဲပါ။ တစ်ပွဲတည်းကစားရတဲ့ပွဲပါ။ ၁၁ ယောက်ကို ၁၀ ယောက်နဲ့ ရင်ဆိုင်ကစားရတာမျိုးလည်း ဖြစ်နိုင်တယ်။ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ၊ အမှားတွေကြောင့် ခင်ဗျား ရှုံးနိမ့်သွားနိုင်တယ်။

ကျွန်တော်တို့လည်း ရှုံးပွဲတွေ့နိုင်တယ်ဆိုတာကို သိပါတယ်။ အချိန်အကြာကြီး ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်တွေမှာ မန်ယူနိုက်တက်ထက် ပိုကောင်းခဲ့တယ်ဆိုတာ သိသာပါတယ်။ အဲဒါက အချက်အလက်တစ်ခုပါပဲ။ ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့ အသာရခဲ့တယ်။ ဒါပေမယ့် တစ်ပွဲတည်းကစားရတဲ့ပွဲမှာတော့ ဘာမဆိုဖြစ်နိုင်တယ်။ ကစားသမားတွေလည်း အဲဒါကို သိပါတယ်။ ခံစားမိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီရာသီရဲ့ နောက်ဆုံးပွဲကို ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ မျှော်လင့်ပြီး အက်ဖ်အေဖလားကို အနိုင်ရဖို့ ကြိုးစားသွားပါမယ်။ ဒါက အက်ဖ်အေဖလားပါ။ ဝိုး အဲဒါက မိုက်တယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့အားလုံးရဲ့ အာရုံစိုက်မှုနဲ့ ထိုက်တန်တာပေါ့”လို့ ပြောဆိုခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်မှာ မန်ချက်စတာစီးတီးနည်းပြအဖြစ် စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီးကတည်းက အခုအချိန်အထိ ဆုဖလား ၁၇ လုံးအထိ ကိုင်မြှောက်ထားနိုင်ခဲ့ပြီဖြစ်ပြီး ဒီနေ့ညမှာသာ နောက်ထပ်နိုင်ပွဲရခဲ့ရင် ဆုဖလား ၁၈ လုံးအထိ ရှိလာတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပပ္ ဂြါဒီယိုလာက မန္ခ်က္စတာစီးတီးရဲ႕ ၿပီးခဲ့တဲ့ပြဲေတြက ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အေပၚ အသာစီးရခဲ့မႈေတြက အက္ဖ္ေအဖလား ၿပိဳင္ပြဲမွာ ထည့္သြင္းတြက္ခ်က္လို႔ မရႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ပရီးမီးယားလိဂ္ဖလားကို ၄ ႏွစ္ဆက္ သမိုင္းဝင္ ဆြတ္ခူးႏိုင္ခဲ့မႈကို ေအာင္ပြဲခံခဲ့ၿပီးေနာက္ လန္းဆန္းတက္ႂကြေနၾကတာျဖစ္ၿပီး အဆင့္ ၈ ေနရာနဲ႔ ရာသီၿပီးဆုံးခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယေန႔ည ဝင္ဘေလမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ဂန္ဒိုဝမ္ရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ယေန႔ညပြဲစဥ္ဟာ ၂ ႏွစ္ဆက္တိုက္ မန္ခ်က္စတာဒါဘီ အက္ဖ္ေအဖလား ဗိုလ္လုပြဲျဖစ္လာေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ လက္ရွိေျခစြမ္းအရ မန္ခ်က္စတာယူႏိုက္တက္ထက္ အျပတ္အသတ္ အသာစီးရရွိေနေပမယ့္လည္း ဂြါဒီယိုလာကေတာ့ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ဘာမဆိုျဖစ္လာႏိုင္တယ္လို႔ အသင္းသားေတြကို သတိေပးခဲ့တာျဖစ္ပါတယ္။

“လူေတြက ကြၽန္ေတာ္တို႔ က်ိန္းေသေပါက္ ဖလားရသြားေတာ့မယ္လို႔ ထင္ေနၾကတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က မန္ခ်က္စတာယူႏိုက္တက္ထက္ ၃၁ မွတ္အသာနဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့လို႔ပါ။ လူေတြက ဒီပြဲက လြယ္လြယ္ေလးနဲ႔ အႏိုင္ရလိမ့္မယ္လို႔ ေျပာေနၾကတယ္။ ကြၽန္ေတာ္ အဲဒီလို ေျပာၾကတာကို နားလည္ပါတယ္။ ဒါေပမယ့္ ဒါက မတူညီတဲ့ၿပိဳင္ပြဲပါ။ တစ္ပြဲတည္းကစားရတဲ့ပြဲပါ။ ၁၁ ေယာက္ကို ၁၀ ေယာက္နဲ႔ ရင္ဆိုင္ကစားရတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ေတြ၊ အမွားေတြေၾကာင့္ ခင္ဗ်ား ရႈံးနိမ့္သြားႏိုင္တယ္။

ကြၽန္ေတာ္တို႔လည္း ရႈံးပြဲေတြ႕ႏိုင္တယ္ဆိုတာကို သိပါတယ္။ အခ်ိန္အၾကာႀကီး ကြၽန္ေတာ္တို႔က ၿပီးခဲ့တဲ့ႏွစ္ေတြမွာ မန္ယူႏိုက္တက္ထက္ ပိုေကာင္းခဲ့တယ္ဆိုတာ သိသာပါတယ္။ အဲဒါက အခ်က္အလက္တစ္ခုပါပဲ။ ပြဲစဥ္တိုင္းမွာ ကြၽန္ေတာ္တို႔ အသာရခဲ့တယ္။ ဒါေပမယ့္ တစ္ပြဲတည္းကစားရတဲ့ပြဲမွာေတာ့ ဘာမဆိုျဖစ္ႏိုင္တယ္။ ကစားသမားေတြလည္း အဲဒါကို သိပါတယ္။ ခံစားမိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီရာသီရဲ႕ ေနာက္ဆုံးပြဲကို ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေမွ်ာ္လင့္ၿပီး အက္ဖ္ေအဖလားကို အႏိုင္ရဖို႔ ႀကိဳးစားသြားပါမယ္။ ဒါက အက္ဖ္ေအဖလားပါ။ ဝိုး အဲဒါက မိုက္တယ္။ ဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔အားလုံးရဲ႕ အာ႐ုံစိုက္မႈနဲ႔ ထိုက္တန္တာေပါ့”လို႔ ေျပာဆိုခဲ့ပါတယ္။

ဂြါဒီယိုလာဟာ ၂၀၁၆ ခုႏွစ္မွာ မန္ခ်က္စတာစီးတီးနည္းျပအျဖစ္ စတင္တာဝန္ယူကိုင္တြယ္ခဲ့ၿပီးကတည္းက အခုအခ်ိန္အထိ ဆုဖလား ၁၇ လုံးအထိ ကိုင္ေျမႇာက္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒီေန႔ညမွာသာ ေနာက္ထပ္ႏိုင္ပြဲရခဲ့ရင္ ဆုဖလား ၁၈ လုံးအထိ ရွိလာေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.