Carabao & FA Match Report

မန်ချက်စတာက အနီရောင်ဆိုတာ ၁၃ ကြိမ်မြောက်အက်ဖ်အေဖလားနဲ့ သက်သေပြခဲ့တဲ့ မန်ယူနိုက်တက်

စနေနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝင်ဘလေက မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ၁၃ ကြိမ်မြောက်ချန်ပီယံဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ပွဲစဉ်မှာ အားထားရတဲ့ ဗဟိုခံစစ်ကစားသမား လီဆန်ဒရို မာတီနက်ဇ်ကို ဗာရွမ်းနဲ့ တွဲထားခဲ့တာကြောင့် ခံစစ်က တော်တော်လေး တည်ငြိမ်နေခဲ့ပြီး ဟာလန်းတစ်ယောက် ဘာမှ လုပ်လို့မရတဲ့အထိ ဖြစ်နေခဲ့ပါတယ်။

ဘယ်တောင်ပံက ဒါလော့ကလည်း တိုက်စစ်ကို ကောင်းကောင်း လိုက်ပါနိုင်ခဲ့ပြီး အဖွင့်ဂိုးကိုလည်း မန်ချက်စတာယူနိုက်တက်ကွင်းဘက်ခြမ်း ဘယ်တောင်ပံကနေ အမှတ်မထင် ကန်တင်ပေးပြီး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ၃၀ မိနစ်မှာ ဒါလော့ရဲ့ ကန်တင်ပေးပို့မှုကို ဂါနာချိုက မန်စီးတီး နောက်ခံလူတွေ လူကျွံထောင်ချောက်ဖမ်းထားတဲ့ကြားက ပါးပါးနပ်နပ်ပဲ နောက်ကို တစ်ချက်ပြန်ဆုတ်ပြီး အရှိန်နဲ့ ပြေးထွက်ခဲ့တာဖြစ်ပါတယ်။

ဂါနာချိုရဲ့ မြန်နှုန်းကြောင့် ခရိုအေးရှားနောက်ခံလူ ပြာသွားခဲ့ပြီး ဂိုးသမား ရှေ့တက်လာတာတောင် မမြင်တော့ဘဲ ခေါင်းတိုက်ပြန်ချပေးလိုက်ပြီးမှ အော်တေဂါကို ဘောလုံးက ကျော်သွားတာကို မြင်လိုက်ရတာဖြစ်ပါတယ်။ ဂါနာချိုကတော့ အပိုင်အခွင့်အရေးကို အမှားအယွင်းမရှိဘဲ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့ ဝင်ဘလေမှာ ဦးဆောင်ဂိုးစရခဲ့ပါတယ်။

နောက်ထပ် ၈ မိနစ်အကြာမှာ နောက်တန်းကနေ ဗာရွမ်းကန်တင်ပေးလိုက်တဲ့ဘောလုံးကို ရယူပြီး ဂါနာချို ညာတောင်ပံတလျှောက် ဆွဲပြေးပြီး ချိုးပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထဲ အလိုက်သင့် ပြေးဝင်ပြီး ရက်ရှ်ဖို့ဒ်က ပိတ်သွင်းယူခဲ့ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်က လူကျွံနေခဲ့တာကြောင့် ဂိုးခွင့်ပြုပေးခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၁ မိနစ်အကြာမှာပဲ ညာတောင်ပံကနေ ရက်ရှ်ဖို့ဒ် Wing Change ပေးပို့လိုက်တဲ့ဘောလုံးကို ဂါနာချိုက ဘယ်တောင်ပံကနေ ရယူခဲ့ပြီး အလယ်က ဖာနန်ဒက်စ်ကို ပေးပို့ခဲ့ရာမှာ မန်ယူနိုက်တက်အသင်းခေါင်းဆောင်က ကိုယ်တိုင်ကန်သွင်းယူဖို့ အခွင့်မသာလို့ ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထဲ ပြေးဝင်လာတဲ့ မိန်းနူးဆီ ထိုးပေးလိုက်ရာမှာ မိန်းနူးက ညာခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ချက်စတာစီးတီးက ကစားပုံ သိသိသာသာ ကောင်းမွန်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်ခံစစ်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ၅၅ မိနစ်မှာ ဒိုကု ဘယ်တောင်ပံကနေ ထိုးဖောက်ပြီး ပင်နယ်တီဧရိယာထဲကို ဆွဲပြေးလာခဲ့ပြီး အလယ်ကို ချိုးပေးခဲ့ရာမှာ ဟာလန်း အပိုင်ကန်သွင်းခဲ့ပေမယ့်လည်း နော်ဝေတိုက်စစ်မှူးရဲ့ ကန်ချက်က ဂိုးဘားတန်းကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးက ၅၇ မိနစ်မှာ ဒီပွဲမှာ ခြေစွမ်းမပြနိုင်တဲ့ ကီဗင် ဒီဘရိုင်းနားနေရာမှာ ယူလီယန် အယ်လ်ဗာရက်ဇ်ကို ထည့်သွင်းကစားစေခဲ့ပြီး နောက်ထပ် ၇ မိနစ်အကြာမှာ အာဂျင်တီးနားတိုက်စစ်မှူးက ဖိုဒန်ရဲ့ ပေးပို့မှုကနေ ပင်နယ်တီဧရိယာထဲမှာ အိုနာနာနဲ့ တစ်ဦးချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးဘယ်ဖက်တိုင်ဘေးနား ဝိုက်ထွက်သွားခဲ့လို့ မန်စီးတီးတို့ နစ်နာခဲ့ရပြန်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း မန်ချက်စတာစီးတီးကို တန်ပြန်တိုက်စစ်ကနေတဆင့် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပြီး ၆၇ မိနစ်မှာ ဂါနာချို ညာတောင်ပံကနေ ပင်နယ်တီဧရိယာထဲ ဆွဲပြေးပြီး ကန်သွင်းလိုက်တဲ့ဘောလုံးကို အော်တေဂါ အမှားအယွင်းမရှိ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

၇၂ မိနစ်မှာ လီဆန်ဒရို မာတီနက်ဇ် ဒဏ်ရာရသွားတာကြောင့် ဂျွန်နီ အီဗန်စ်က လူစားဝင်ကစားပေးခဲ့ပြီး ဒီပွဲမှာ ခြေစွမ်းမပြနိုင်တဲ့ ရက်ရှ်ဖို့ဒ်နေရာမှာ ဟွိုင်လန်း ဝင်ကစားခဲ့ပါတယ်။ ၇၄ မိနစ်မှာ မန်ချက်စတာစီးတီးတို့ ထောင့်ကန်ဘောကနေတဆင့် ဟာလန်း အပိုင်ပိတ်သွင်းယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ကော်ဘီ မိန်းနူးက အပိုင်လူကပ်ထားတာကြောင့် ကန်ခွင့်မသာဘဲ လဲကျသွားခဲ့ပြီး ဂွါဒီယိုလာကတော့ ကွင်းဘေးစည်းကနေ ဖက်ပြီးဆွဲလှဲချခဲ့တယ်ဆိုပြီး စောဒကတက်ခဲ့ပေမယ့် ဒိုင်လူကြီးက VAR တောင် ပြန်မကြည့်ခဲ့တာဖြစ်ပါတယ်။

ကိုင်လီ ဝေါ်ကာက ၇၆ မိနစ်မှာ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အလွန်ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ ကန်သွင်းယူခဲ့ပေမယ့် အိုနာနာက အကောင်းဆုံးလက်စွမ်းပြ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ ဒိုကုရဲ့ ဘယ်တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ပင်နယ်တီဧရိယာအစွန်က အမှတ်မထင် ကန်သွင်းလိုက်တဲ့ဘောလုံးကို အိုနာနာ ပုတ်ထုတ်ကာကွယ်ခဲ့ပေမယ့်လည်း မသေသပ်ခဲ့တာကြောင့် ဂိုးဝင်သွားခဲ့ပြီး မန်ချက်စတာစီးတီးတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိသွားခဲ့ပါတယ်။

ချေပဂိုးရရှိသွားခဲ့ပြီးနောက် မန်ချက်စတာစီးတီးက စိတ်ဓာတ်ပိုင်း ပိုမိုတက်ကြွလာခဲ့ပြီး တရစပ်ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပိုမို ပြုလုပ်လာခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်တစ်သင်းလုံး ခံစစ်ကို ဆင်းပြီး ပိတ်ဆို့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် ချေပဂိုး ထပ်မံရှာမတွေ့ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်က မန်စီးတီးရဲ့ ဖလား ၂ လုံးနဲ့ ရာသီပြီးဆုံးချင်တဲ့အိပ်မက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ၁၃ ကြိမ်မြောက် အက်ဖ်အေဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပြီး အက်ဖ်အေချန်ပီယံဖြစ်ခဲ့တာကြောင့် လာမယ့် ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စေနေန႔ည ၈ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝင္ဘေလက မန္ခ်က္စတာစီးတီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ အက္ဖ္ေအဖလား ဗိုလ္လုပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္က ၂-၁ နဲ႔ အႏိုင္ရၿပီး အက္ဖ္ေအဖလား ၁၃ ႀကိမ္ေျမာက္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီေန႔ပြဲစဥ္မွာ အားထားရတဲ့ ဗဟိုခံစစ္ကစားသမား လီဆန္ဒ႐ို မာတီနက္ဇ္ကို ဗာ႐ြမ္းနဲ႔ တြဲထားခဲ့တာေၾကာင့္ ခံစစ္က ေတာ္ေတာ္ေလး တည္ၿငိမ္ေနခဲ့ၿပီး ဟာလန္းတစ္ေယာက္ ဘာမွ လုပ္လို႔မရတဲ့အထိ ျဖစ္ေနခဲ့ပါတယ္။

ဘယ္ေတာင္ပံက ဒါေလာ့ကလည္း တိုက္စစ္ကို ေကာင္းေကာင္း လိုက္ပါႏိုင္ခဲ့ၿပီး အဖြင့္ဂိုးကိုလည္း မန္ခ်က္စတာယူႏိုက္တက္ကြင္းဘက္ျခမ္း ဘယ္ေတာင္ပံကေန အမွတ္မထင္ ကန္တင္ေပးၿပီး ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္း ၃၀ မိနစ္မွာ ဒါေလာ့ရဲ႕ ကန္တင္ေပးပို႔မႈကို ဂါနာခ်ိဳက မန္စီးတီး ေနာက္ခံလူေတြ လူကြၽံေထာင္ေခ်ာက္ဖမ္းထားတဲ့ၾကားက ပါးပါးနပ္နပ္ပဲ ေနာက္ကို တစ္ခ်က္ျပန္ဆုတ္ၿပီး အရွိန္နဲ႔ ေျပးထြက္ခဲ့တာျဖစ္ပါတယ္။

ဂါနာခ်ိဳရဲ႕ ျမန္ႏႈန္းေၾကာင့္ ခ႐ိုေအးရွားေနာက္ခံလူ ျပာသြားခဲ့ၿပီး ဂိုးသမား ေရွ႕တက္လာတာေတာင္ မျမင္ေတာ့ဘဲ ေခါင္းတိုက္ျပန္ခ်ေပးလိုက္ၿပီးမွ ေအာ္ေတဂါကို ေဘာလုံးက ေက်ာ္သြားတာကို ျမင္လိုက္ရတာျဖစ္ပါတယ္။ ဂါနာခ်ိဳကေတာ့ အပိုင္အခြင့္အေရးကို အမွားအယြင္းမရွိဘဲ ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းယူသြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ ဝင္ဘေလမွာ ဦးေဆာင္ဂိုးစရခဲ့ပါတယ္။

 

ေနာက္ထပ္ ၈ မိနစ္အၾကာမွာ ေနာက္တန္းကေန ဗာ႐ြမ္းကန္တင္ေပးလိုက္တဲ့ေဘာလုံးကို ရယူၿပီး ဂါနာခ်ိဳ ညာေတာင္ပံတေလွ်ာက္ ဆြဲေျပးၿပီး ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာထဲ အလိုက္သင့္ ေျပးဝင္ၿပီး ရက္ရွ္ဖို႔ဒ္က ပိတ္သြင္းယူခဲ့ေပမယ့္လည္း အာဂ်င္တီးနားၾကယ္ပြင့္က လူကြၽံေနခဲ့တာေၾကာင့္ ဂိုးခြင့္ျပဳေပးျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၁ မိနစ္အၾကာမွာပဲ ညာေတာင္ပံကေန ရက္ရွ္ဖို႔ဒ္ Wing Change ေပးပို႔လိုက္တဲ့ေဘာလုံးကို ဂါနာခ်ိဳက ဘယ္ေတာင္ပံကေန ရယူခဲ့ၿပီး အလယ္က ဖာနန္ဒက္စ္ကို ေပးပို႔ခဲ့ရာမွာ မန္ယူႏိုက္တက္အသင္းေခါင္းေဆာင္က ကိုယ္တိုင္ကန္သြင္းယူဖို႔ အခြင့္မသာလို႔ ဘယ္ေတာင္ပံကေန ပင္နယ္တီဧရိယာထဲ ေျပးဝင္လာတဲ့ မိန္းႏူးဆီ ထိုးေပးလိုက္ရာမွာ မိန္းႏူးက ညာေျခနဲ႔ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာစီးတီးက ကစားပုံ သိသိသာသာ ေကာင္းမြန္လာခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ခံစစ္ကို ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္လာႏိုင္ခဲ့ပါတယ္။ ၅၅ မိနစ္မွာ ဒိုကု ဘယ္ေတာင္ပံကေန ထိုးေဖာက္ၿပီး ပင္နယ္တီဧရိယာထဲကို ဆြဲေျပးလာခဲ့ၿပီး အလယ္ကို ခ်ိဳးေပးခဲ့ရာမွာ ဟာလန္း အပိုင္ကန္သြင္းခဲ့ေပမယ့္လည္း ေနာ္ေဝတိုက္စစ္မႉးရဲ႕ ကန္ခ်က္က ဂိုးဘားတန္းကို ထိမွန္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးက ၅၇ မိနစ္မွာ ဒီပြဲမွာ ေျခစြမ္းမျပႏိုင္တဲ့ ကီဗင္ ဒီဘ႐ိုင္းနားေနရာမွာ ယူလီယန္ အယ္လ္ဗာရက္ဇ္ကို ထည့္သြင္းကစားေစခဲ့ၿပီး ေနာက္ထပ္ ၇ မိနစ္အၾကာမွာ အာဂ်င္တီးနားတိုက္စစ္မႉးက ဖိုဒန္ရဲ႕ ေပးပို႔မႈကေန ပင္နယ္တီဧရိယာထဲမွာ အိုနာနာနဲ႔ တစ္ဦးခ်င္း ကန္သြင္းခြင့္ရခဲ့ေပမယ့္ ဂိုးဘယ္ဖက္တိုင္ေဘးနား ဝိုက္ထြက္သြားခဲ့လို႔ မန္စီးတီးတို႔ နစ္နာခဲ့ရျပန္တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကလည္း မန္ခ်က္စတာစီးတီးကို တန္ျပန္တိုက္စစ္ကေနတဆင့္ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့ၿပီး ၆၇ မိနစ္မွာ ဂါနာခ်ိဳ ညာေတာင္ပံကေန ပင္နယ္တီဧရိယာထဲ ဆြဲေျပးၿပီး ကန္သြင္းလိုက္တဲ့ေဘာလုံးကို ေအာ္ေတဂါ အမွားအယြင္းမရွိ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၇၂ မိနစ္မွာ လီဆန္ဒ႐ို မာတီနက္ဇ္ ဒဏ္ရာရသြားတာေၾကာင့္ ဂြၽန္နီ အီဗန္စ္က လူစားဝင္ကစားေပးခဲ့ၿပီး ဒီပြဲမွာ ေျခစြမ္းမျပႏိုင္တဲ့ ရက္ရွ္ဖို႔ဒ္ေနရာမွာ ဟြိဳင္လန္း ဝင္ကစားခဲ့ပါတယ္။ ၇၄ မိနစ္မွာ မန္ခ်က္စတာစီးတီးတို႔ ေထာင့္ကန္ေဘာကေနတဆင့္ ဟာလန္း အပိုင္ပိတ္သြင္းယူႏိုင္မယ့္ အခြင့္အေရးရခဲ့ေပမယ့္ ေကာ္ဘီ မိန္းႏူးက အပိုင္လူကပ္ထားတာေၾကာင့္ ကန္ခြင့္မသာဘဲ လဲက်သြားခဲ့ၿပီး ဂြါဒီယိုလာကေတာ့ ကြင္းေဘးစည္းကေန ဖက္ၿပီးဆြဲလွဲခ်ခဲ့တယ္ဆိုၿပီး ေစာဒကတက္ခဲ့ေပမယ့္ ဒိုင္လူႀကီးက VAR ေတာင္ ျပန္မၾကည့္ခဲ့တာျဖစ္ပါတယ္။

ကိုင္လီ ေဝၚကာက ၇၆ မိနစ္မွာ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အလြန္ေကာင္းမြန္တဲ့ အေဝးကန္ခ်က္နဲ႔ ကန္သြင္းယူခဲ့ေပမယ့္ အိုနာနာက အေကာင္းဆုံးလက္စြမ္းျပ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းၿပီးဆုံးခါနီး ၃ မိနစ္အလိုမွာ ဒိုကုရဲ႕ ဘယ္ေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ၿပီး ပင္နယ္တီဧရိယာအစြန္က အမွတ္မထင္ ကန္သြင္းလိုက္တဲ့ေဘာလုံးကို အိုနာနာ ပုတ္ထုတ္ကာကြယ္ခဲ့ေပမယ့္လည္း မေသသပ္ခဲ့တာေၾကာင့္ ဂိုးဝင္သြားခဲ့ၿပီး မန္ခ်က္စတာစီးတီးတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရရွိသြားခဲ့ပါတယ္။

ေခ်ပဂိုးရရွိသြားခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးက စိတ္ဓာတ္ပိုင္း ပိုမိုတက္ႂကြလာခဲ့ၿပီး တရစပ္ဖိအားေပး တိုက္စစ္ဆင္မႈေတြ ပိုမို ျပဳလုပ္လာခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တစ္သင္းလုံး ခံစစ္ကို ဆင္းၿပီး ပိတ္ဆို႔ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္ ေခ်ပဂိုး ထပ္မံရွာမေတြ႕ခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္က မန္စီးတီးရဲ႕ ဖလား ၂ လုံးနဲ႔ ရာသီၿပီးဆုံးခ်င္တဲ့အိပ္မက္ကို ဖ်က္ဆီးႏိုင္ခဲ့ၿပီး ၁၃ ႀကိမ္ေျမာက္ အက္ဖ္ေအဖလားကို ဆြတ္ခူးသြားႏိုင္ခဲ့ၿပီျဖစ္ၿပီး အက္ဖ္ေအခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ လာမယ့္ ရာသီ ယူ႐ိုပါလိဂ္ဝင္ခြင့္ကိုလည္း ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.