Premier League

အိုဇေးလ်အတွက် အာတီတာရဲ့ ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ဘရန်ဒန် ရော်ဂျာ သဘောတူ

လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာဟာ အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေ အိုဇေးလ်ကို ချန်လှန်ထားခဲ့ခြင်းဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း သဘောတူသွားခဲ့ပြီး ထိပ်တန်းအဆင့်မှာ ရပ်တည်နေနိုင်ဖို့ အမြဲကြိုးစားအားထုတ်နေဖို့ လိုတယ်လို့ အိုဇေးလ်ကို သတိပေးသွားခဲ့ပါတယ်။

ရော်ဂျာက အိုဇေးလ်လို ကမ္ဘာ့ဖလားကို ဆွတ်ခူးထားသူတဦး၊ အရည်အသွေးမြင့် ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားတဦးအနေနဲ့ ဘောလုံးကစားခွင့်မရရှိခြင်းကို မြင်တွေ့နေရတာ ဝမ်းနည်းမိကြောင်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အသင်းတသင်းရဲ့ နည်းပြဘက်က ကြည့်မယ်ဆိုလျှင် အာဆင်နယ်အသင်းနဲ့ မိမိတို့အသင်းရဲ့ ကစားကွက်တည်ဆောက်ပုံအရ အသင်းရဲ့ ကစားသမားတိုင်းဟာ တိုက်စစ်ရော ခံစစ်ကိုပါ ဆတူပါဝင်ကစားရမှာဖြစ်ကြောင်း၊ တသင်းလုံးဟာ ဦးနှောက်တလုံးတည်းအဖြစ် စုစည်းပြီး ပါဝင်ကစားရမှာဖြစ်တယ်လို့လည်း ထောက်ပြသွားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် အိုဇေးလ်ဟာ လာမယ့်ဇန်နဝါရီလအထိ အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားခြင်းခံရမှာဖြစ်ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရော ယူရိုပါလိဂ်ပွဲစဉ်တွေကိုပါ ပါဝင်ကစားခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။

” အိုဇေးလ်ကို ဘောလုံးပါရမီကြီးပြီး သိပ်ကို ဖန်တီးနိုင်စွမ်းမြင့်တဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် ကစားသမားတဦးဟာ အသင်းကို တိုက်စစ်တာဝန်ယူနိုင်ရုံတင်မက ခံစစ်တာဝန်ကိုပါ အားဖြည့်နိုင်ရပါမယ်။ ကစားသမားတယောက်က တာဝန်ပျက်ကွက်တာနဲ့ တသင်းလုံးအနေနဲ့ စုစည်းကစားပုံဟာ ထိခိုက်နစ်နာသွားရတာကြောင့်ပါ”လို့ ဘရန်ဒန် ရော်ဂျာက အာဆင်နယ်အသင်းနဲ့ပွဲစဉ်မတိုင်မီ သတင်းစာအကြိုရှင်းလင်းပွဲမှာ ဖြေကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္စတာနည္းျပ ဘရန္ဒန္ ေရာ္ဂ်ာဟာ အာဆင္နယ္အသင္းရဲ႕ လူစာရင္းကေန အိုေဇးလ္ကို ခ်န္လွန္ထားခဲ့ျခင္းဟာ အာဆင္နယ္နည္းျပ အာတီတာရဲ႕ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း သေဘာတူသြားခဲ့ၿပီး ထိပ္တန္းအဆင့္မွာ ရပ္တည္ေနနိုင္ဖို႔ အၿမဲႀကိဳးစားအားထုတ္ေနဖို႔ လိုတယ္လို႔ အိုေဇးလ္ကို သတိေပးသြားခဲ့ပါတယ္။

ေရာ္ဂ်ာက အိုေဇးလ္လို ကမၻာ့ဖလားကို ဆြတ္ခူးထားသူတဦး၊ အရည္အေသြးျမင့္ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမားတဦးအေနနဲ႕ ေဘာလုံးကစားခြင့္မရရွိျခင္းကို ျမင္ေတြ႕ေနရတာ ဝမ္းနည္းမိေၾကာင္း ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ အသင္းတသင္းရဲ႕ နည္းျပဘက္က ၾကည့္မယ္ဆိုလွ်င္ အာဆင္နယ္အသင္းနဲ႕ မိမိတို႔အသင္းရဲ႕ ကစားကြက္တည္ေဆာက္ပုံအရ အသင္းရဲ႕ ကစားသမားတိုင္းဟာ တိုက္စစ္ေရာ ခံစစ္ကိုပါ ဆတူပါဝင္ကစားရမွာျဖစ္ေၾကာင္း၊ တသင္းလုံးဟာ ဦးေႏွာက္တလုံးတည္းအျဖစ္ စုစည္းၿပီး ပါဝင္ကစားရမွာျဖစ္တယ္လို႔လည္း ေထာက္ျပသြားခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ အိုေဇးလ္ဟာ လာမယ့္ဇန္နဝါရီလအထိ အာဆင္နယ္အသင္းရဲ႕ လူစာရင္းကေန ခ်န္လွပ္ထားျခင္းခံရမွာျဖစ္ၿပီး အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေရာ ယူရိုပါလိဂ္ပြဲစဥ္ေတြကိုပါ ပါဝင္ကစားခြင့္ ရရွိေတာ့မွာ မဟုတ္ပါဘူး။

” အိုေဇးလ္ကို ေဘာလုံးပါရမီႀကီးၿပီး သိပ္ကို ဖန္တီးနိုင္စြမ္းျမင့္တဲ့ ကစားသမားတေယာက္ပါ။ ဒါေပမယ့္ ကစားသမားတဦးဟာ အသင္းကို တိုက္စစ္တာဝန္ယူနိုင္႐ုံတင္မက ခံစစ္တာဝန္ကိုပါ အားျဖည့္နိုင္ရပါမယ္။ ကစားသမားတေယာက္က တာဝန္ပ်က္ကြက္တာနဲ႕ တသင္းလုံးအေနနဲ႕ စုစည္းကစားပုံဟာ ထိခိုက္နစ္နာသြားရတာေၾကာင့္ပါ”လို႔ ဘရန္ဒန္ ေရာ္ဂ်ာက အာဆင္နယ္အသင္းနဲ႕ပြဲစဥ္မတိုင္မီ သတင္းစာအႀကိဳရွင္းလင္းပြဲမွာ ေျဖၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.