Premier League

အပြေးတစ်ခုတည်းကို သူ့ Skill ထင်ရင်လည်း ပြဿနာမရှိဘဲ ပွဲထဲမှာ အံ့အားသင့်စေနိုင်လိမ့်မယ်လို့ဆိုတဲ့ အဒါမာ ထရာအိုရေး

ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းမှာ ကစားနေတဲ့ စပိန်တိုက်စစ်ကစားသမား အက်ဒမာ ထရာအိုရီ လို့ဆိုလိုက်ရင် မိတ်ဆက်စရာမလိုလောက်အောင်ပဲ ဘောလုံးဝါသနာအိုးတွေနဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ သူဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဝုဗ်အသင်းထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။

ပရီးမီးယားလိဂ်မှာ ပြောစမှတ်ဖြစ်ခဲ့ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဟန်ကတော့ လျင်​မြန်လွန်းလှတဲ့ ပြေးအား၊ မြန်နှုန်းမြင့် တိုးအား အပြင် လုပ်အားနှုန်း ကောင်းမွန်းလွန်ခြင်းဖြစ်ပြီး သူ့ရဲ့ တောင့်တင်းကြံ့ခိုင်လှတဲ့ လက်မောင်း နဲ့ ပခုံး ကြွက်သားထုကြီးကို ဆီလိမ်းပြီးမှ ကွင်းထဲ ဘောလုံးကန်လေ့ရှိခြင်းပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ မှော်ဝင်ကစားသမား ရော်နယ်ဒင်ညိုဟာ သူ့ရဲ့ ငယ်ဘဝ ဘောလုံးသူရဲကောင်းဖြစ်ခဲ့ပြီး ဘာစီလိုနာမှာနေထိုင်ခဲ့တဲ့ အက်ဒမာဟာ အသက် ၈ နှစ်အရွယ်ကတည်းက ရော်နယ်ဒင်ညိုကို ငေးမောအားကျရင်း ကြီးပြင်းလာခဲ့ရပါတယ်။

အကြောင်းကတော့ ပြိုင်ဘက်ကစားသမားတွေက သူ့ရဲ့ လက်မောင်းကြွက်သားတွေကို ဖမ်းဆွဲထားတတ်လွန်းလို့ လွတ်လွတ်လပ်လပ် ပြေးခွင့်သာအောင် ပါးနပ်စွာနဲ့ ပရိယာယ်သုံးထားခြင်းဖြစ်တယ်လို့ သူကိုယ်တိုင်က ဖွင့်ဟဝန်ခံခဲ့တာပါ။

” ကျွန်တော်က ပြေးတာကလွဲလို့ ဘာမှမလုပ်တတ်ဘူးလို့ ဝေဖန်ကြတာ အေးဆေးပါ။ ကျွန်တော် ဘာလုပ်နိုင်လဲ၊ ဘယ်လို ကစားနိုင်လဲ၊ ဘာတွေ အားထုတ်ပေးဆပ်နိုင်လဲ၊ အခြား ဘယ်အရာတွေ ကျွန်တော့်မှာ ရှိနေဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့် ပခုံးနဲ့လက်တွေကိုဆွဲပြီး တားဆီးလေ့ရှိတဲ့ ပြိုင်ဘက်တွေဟာ အတော်ရယ်စရာကောင်းပါတယ်။ ဆီလူးထားလိုက်တဲ့နောက်ပိုင်းမှာတော့ သူတို့ ကျွန်တော့်ကို ဖမ်းလို့မမိကြတော့ပါဘူး။” လို့ ထရာအိုရီက ဆိုသွားခဲ့တာပါ။

REF: Daily Mail
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ကလပ္ ဝုဗ္အသင္းမွာ ကစားေနတဲ့ စပိန္တိုက္စစ္ကစားသမား အက္ဒမာ ထရာအိုရီ လို႔ဆိုလိုက္ရင္ မိတ္ဆက္စရာမလိုေလာက္ေအာင္ပဲ ေဘာလုံးဝါသနာအိုးေတြနဲ႕ ရင္းႏွီးၿပီးသားျဖစ္ပါလိမ့္မယ္။ သူဟာ ဘာစီလိုနာအသင္းရဲ႕ လာမာစီယာအကယ္ဒမီထြက္ ကစားသမားတဦးျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ ဝုဗ္အသင္းထံ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့သူပါ။

ပရီးမီးယားလိဂ္မွာ ေျပာစမွတ္ျဖစ္ခဲ့ရတဲ့ သူ႕ရဲ႕ ကိုယ္ပိုင္ဟန္ကေတာ့ လ်င္​ျမန္လြန္းလွတဲ့ ေျပးအား၊ ျမန္ႏႈန္းျမင့္ တိုးအား အျပင္ လုပ္အားႏႈန္း ေကာင္းမြန္းလြန္ျခင္းျဖစ္ၿပီး သူ႕ရဲ႕ ေတာင့္တင္းႀကံ့ခိုင္လွတဲ့ လက္ေမာင္း နဲ႕ ပခုံး ႂကြက္သားထုႀကီးကို ဆီလိမ္းၿပီးမွ ကြင္းထဲ ေဘာလုံးကန္ေလ့ရွိျခင္းပဲ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ေမွာ္ဝင္ကစားသမား ေရာ္နယ္ဒင္ညိုဟာ သူ႕ရဲ႕ ငယ္ဘဝ ေဘာလုံးသူရဲေကာင္းျဖစ္ခဲ့ၿပီး ဘာစီလိုနာမွာေနထိုင္ခဲ့တဲ့ အက္ဒမာဟာ အသက္ ၈ ႏွစ္အ႐ြယ္ကတည္းက ေရာ္နယ္ဒင္ညိုကို ေငးေမာအားက်ရင္း ႀကီးျပင္းလာခဲ့ရပါတယ္။

အေၾကာင္းကေတာ့ ၿပိဳင္ဘက္ကစားသမားေတြက သူ႕ရဲ႕ လက္ေမာင္းႂကြက္သားေတြကို ဖမ္းဆြဲထားတတ္လြန္းလို႔ လြတ္လြတ္လပ္လပ္ ေျပးခြင့္သာေအာင္ ပါးနပ္စြာနဲ႕ ပရိယာယ္သုံးထားျခင္းျဖစ္တယ္လို႔ သူကိုယ္တိုင္က ဖြင့္ဟဝန္ခံခဲ့တာပါ။

” ကြၽန္ေတာ္က ေျပးတာကလြဲလို႔ ဘာမွမလုပ္တတ္ဘူးလို႔ ေဝဖန္ၾကတာ ေအးေဆးပါ။ ကြၽန္ေတာ္ ဘာလုပ္နိုင္လဲ၊ ဘယ္လို ကစားနိုင္လဲ၊ ဘာေတြ အားထုတ္ေပးဆပ္နိုင္လဲ၊ အျခား ဘယ္အရာေတြ ကြၽန္ေတာ့္မွာ ရွိေနဆိုတာ ကြၽန္ေတာ္သိတယ္။ ကြၽန္ေတာ့္ ပခုံးနဲ႕လက္ေတြကိုဆြဲၿပီး တားဆီးေလ့ရွိတဲ့ ၿပိဳင္ဘက္ေတြဟာ အေတာ္ရယ္စရာေကာင္းပါတယ္။ ဆီလူးထားလိုက္တဲ့ေနာက္ပိုင္းမွာေတာ့ သူတို႔ ကြၽန္ေတာ့္ကို ဖမ္းလို႔မမိၾကေတာ့ပါဘူး။” လို႔ ထရာအိုရီက ဆိုသြားခဲ့တာပါ။

REF: Daily Mail
PHOTOS CREDIT TO OWNERS
SPORTS A2Z.