Premier League

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၂၅.၁၀.၂၀၂၀

ရှက်ဖီးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဥ်မှာလည်း မာဆေးဆိုက်ဒါဘီပွဲစဥ်နဲ့ထပ်တူ VAR ဆုံးဖြတ်ချက်ကြောင့် နောက်ထပ်တကြိမ် ထိုးနှက်ခြင်း ခံခဲ့ရပြန်ကြောင်း လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ် ညည်းတွား။

မနေ့ညက ရှက်ဖီးယူနိုက်တက်အသင်းနှင့်ပွဲစဥ်မှာ ပါဝင်ကစားခဲ့တဲ့ လီဗာပူးလ်ဘယ်နောက်ခံလူ အန်ဒရူး ရောဘတ်ဆန်ဟာ အသင်းအတွက် ပွဲ ၁၀၀ပြည့်မြောက်ခဲ့ပြီဖြစ်။

မနှစ်က နောက်ဆုံးအိမ်ကွင်းပွဲစဥ်မှာမှ အိမ်ကွင်းသွင်းဂိုး ရရှိခဲ့တဲ့ ရော်ဘတ်တိုဖာမီနိုဟာ ရှက်ဖီးလ်အသင်းနဲ့ပွဲစဥ်မှာ ယခုနှစ်အတွက် အိမ်ကွင်းသွင်းဂိုးကို စောစောစီးစီး ရရှိသွားခဲ့ခြင်းဖြစ်။

ဒီယိုဂို ဂျိုတာရဲ့ ခေါင်းတိုက်ဂိုးနဲ့ ကပ်အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လိဂ်ပွဲစဥ် ခြောက်ပွဲမှာ VAR ရဲ့ မမျှမတလုပ်ရပ်တွေကြောင့် သုံးကြိမ်အထိ ထိခိုက်နစ်နာနေရလို့ VAR ကို အကြီးအကျယ် စိတ်ပျက်နေရကြောင်း လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဆို။

ဖာဘင်ညိုရဲ့ ဖျက်ထုတ်မှုဟာ Foul မဖြစ်ခဲ့သလို ဒီဖျက်ထုတ်မှုကနေတဆင့် ပေးလိုက်တဲ့ပင်နယ်တီကြောင့် ရှက်ဖီးလ်အသင်းကို အရှိန်မြှင့်တင်ပေးသလိုဖြစ်သွားခဲ့ရလို့ မိမိတို့အသင်း ကစားရခက်ခဲသွားစေခဲ့ပေမယ့် အကောင်းဆုံးခုခံကစားနိုင်ခဲ့သလို မိုဆာလားရဲ့ဂိုးမှာ လူကျွံဂိုးဖြစ်နေတာတော့ မိမိမသိလိုက်ကြောင်း ကလော့ပ်ပြောသွားခဲ့။

သုံးပတ်ကြာနားနေခဲ့ရတဲ့ ပထမဂိုးသမား
အယ်လစ်ဆန် ဘက်ကာ ပြန်လည်ကစားနိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း သူ့ဘက်က မီးစိမ်းပြလာခဲ့တာဖြစ်တယ်လို့ နည်းပြ ကလော့ပ် အတည်ပြုသွားခဲ့။

ကမ္ဘာ့အဆင့် ကစားသမား ဗာဂျီးလ် ဗန်ဒိုက်ကို ဆုံးရှူံးထားရတဲ့ လီဗာပူးလ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး
အသင်းတသင်းအဖြစ် ဆက်လက် မှတ်ကျောက်တင်ခံလိုပါက ကစားသမားတဦး မရှိလည်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိကြောင်း ပြသသွားနိုင်ရမှာ ဖြစ်တယ်လို့ ပေါလ်မာဆန် သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI

ရှက်ဖီးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း မာဆေးဆိုက်ဒါဘီပွဲစဉ်နဲ့ထပ်တူ VAR ဆုံးဖြတ်ချက်ကြောင့် နောက်ထပ်တကြိမ် ထိုးနှက်ခြင်းကိုခံခဲ့ရပြန်ကြောင်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ညည်းတွား။

မနေ့ညက ရှက်ဖီးယူနိုက်တက်အသင်းနှင့်ပွဲစဉ်မှာပါဝင်ကစားခဲ့တဲ့ လီဗာပူးလ်ဘယ်နောက်ခံလူ အန်ဒရူး ရောဘတ်ဆန် အသင်းအတွက် ပွဲ ၁၀၀ပြည့်မြောက်ခဲ့ပြီဖြစ်။


ဒီယိုဂို ဂျိုတာရဲ့ ခေါင်းတိုက်ဂိုးနဲ့ ကပ်အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်း လိဂ်ပွဲစဉ် ခြောက်ပွဲမှာ VAR ရဲ့ မမျှမတလုပ်ရပ် တွေကြောင့် သုံးကြိမ်အထိ ထိခိုက်နစ်နာနေရလို့ VAR ကို အကြီးအကျယ် စိတ်ပျက်နေရကြောင်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဆို။

ဖာဘင်ညိုရဲ့ ဖျက်ထုတ်မှုဟာ Foul မဖြစ်ခဲ့သလို ဒီဖျက်ထုတ်မှုကနေတဆင့် ပေးလိုက်တဲ့ပင်နယ်တီကြောင့် ရှက်ဖီးလ်အသင်းကိုအရှိန်မြှင့်တင်ပေးသလိုဖြစ်သွားခဲ့ရလို့ မိမိတို့အသင်းကစားခက်ခဲသွားစေခဲ့ပေမယ့် အကောင်းဆုံးခုခံကစားနိုင်ခဲ့သလို မိုဆာလာရဲ့ဂိုးမှာ လူကျွံဂိုးဖြစ်နေတာတော့ မိမိမသိလိုက်ကြောင်း ကလော့ပ် ပြောသွားခဲ့။

အယ်လစ်ဆန် ဘက်ကာ ပြန်လည်ကစားနိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း သူ့ဘက်ကမီးစိမ်းပြလာခဲ့ပြီလို့ နည်းပြကလော့ပ် အတည်ပြုသွားခဲ့။

ကမ္ဘာ့အဆင့်ကစားသမား ဗာဂျီးလ်ဗန်ဒိုက်ကို ဆုံးရှူံးထားရတဲ့ လီဗာပူးလ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းအဖြစ် ဆက်လက်မှတ်ကျောက်တင်ခံလိုပါက ကစားသမားတဦးမရှိလည်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိကြောင်း ပြသသွားနိုင်ရမှာဖြစ်တယ်လို့ ပေါလ်မာဆင်သုံးသပ်။

REF: INTERNET SOURCES
SPORTS A2Z.