Carabao & FA Premier League

မန်စီးတီးနဲ့ပွဲမှာ အဓိကကစားသမားကို တန်ဟက် ချန်လှပ်ခဲ့မယ်လို့ ယုံနေတဲ့ ကစားသမားများ

မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေတဲ့ ကက်စမီရိုကို အဲရစ် တန်ဟက်က ယနေ့ည မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချန်လှပ်ခဲ့နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

ကက်စမီရိုဟာ ဒီရာသီမှာ ကြံ့ခိုင်မှုပြည့်ဝနေပြီး ပါဝင်ကစားပေးနိုင်တဲ့အခြေအနေရှိတဲ့အခါတိုင်း ပုံမှန်ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ်က အက်ဖ်အေဖလားဗိုလ်လုပွဲမှာတုန်းက ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဒီနေ့ည ဝင်ဘလေမှာ ကစားရမယ့် ဗိုလ်လုပွဲမှာလည်း ထပ်မံ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်ပြဿနာကြောင့် ဗဟိုခံစစ်နေရာကို ဝင်ကစားပေးခဲ့ရတာဖြစ်ပြီး မက်ဂွိုင်းယား၊ ဗာရွမ်း၊ မာတီနက်ဇ်၊ လင်ဒီလော့ဖ်၊ အီဗန်စ်၊ ကမ်ဘွာလာတို့အားလုံးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Athletic ရဲ့ ဖော်ပြချက်အရ တန်ဟက်ဟာ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့်ပွဲအတွက် ပွဲထွက်လူစာရင်းထဲကနေ ကက်စမီရိုကို ချန်လှပ်ခဲ့ဖို့ အလေးအနက်စဉ်းစားနေပြီး ဘရာဇီးလ်ကွင်းလယ်ကစားသမားတွေရဲ့အသင်းဖော်တွေကလည်း ရီးရဲလ်မက်ဒရစ်ဂန္တဝင်အနေနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မပါရဖို့များနေတယ်လို့ ယုံကြည်နေကြပါတယ်။

မန်ချက်စတာဒါဘီပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြတဲ့ လေ့ကျင့်ရေးမှာ ကက်စမီရိုက ပွဲထွက်လူစာရင်းဝင်ကစားသမားတွေထဲမှာ ပျောက်ဆုံးနေခဲ့ပြီး အမ်မရာဘတ်က ပြီးခဲ့တဲ့ပွဲတွေမှာ တန်ဟက် သဘောကျအောင် ကစားပေးနိုင်ခဲ့ပြီးနောက် ကွင်းလယ်မှာ တစ်နေရာ ရဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသားတွေအားလုံးကတော့ အတွေ့အကြုံအလွန်များတဲ့ ကက်စမီရိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်မယ့်အကြံအစည်ကို မထောက်ခံကြတာကြောင့် တန်ဟက်အတွက် လေးလေးနက်နက်စဉ်းစားနေရတဲ့ကိစ္စဖြစ်လာပြီး အထူးသဖြင့် မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ဖိအားမြင့်တဲ့ ဆုဖလားဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အထိ ရရှိခဲ့ဖူးတဲ့ ဘရာဇီးလ်သားကို ချန်လှပ်ခဲ့မယ်ဆိုရင် တော်တော်လေး အသင်းလူစာရင်းက အားနည်းသွားမှာဖြစ်ပါတယ်။

တန်ဟက်ရဲ့ ဒဏ်ရာပြဿနာတွေက ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ တချို့တဝက်တော့ ပြန်လည်သက်သာလာခဲ့ပြီး ဗာရွမ်း၊ မာတီနက်ဇ်နဲ့ အီဗန်စ်တို့အားလုံးဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ပါဝင်ကစားပေးနိုင်တဲ့အခြေအနေရှိနေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဟာ ပုံမွန္ေျခစြမ္းေအာက္က်ဆင္းေနတဲ့ ကက္စမီ႐ိုကို အဲရစ္ တန္ဟက္က ယေန႔ည မန္စီးတီးနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ခ်န္လွပ္ခဲ့ႏိုင္တယ္လို႔ ယုံၾကည္ေနၾကပါတယ္။

ကက္စမီ႐ိုဟာ ဒီရာသီမွာ ႀကံ့ခိုင္မႈျပည့္ဝေနၿပီး ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနရွိတဲ့အခါတိုင္း ပုံမွန္ပြဲထြက္ခြင့္ရခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၃၁ ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။ ဘရာဇီးလ္ဝါရင့္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ႏွစ္က အက္ဖ္ေအဖလားဗိုလ္လုပြဲမွာတုန္းက ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ဒီေန႔ည ဝင္ဘေလမွာ ကစားရမယ့္ ဗိုလ္လုပြဲမွာလည္း ထပ္မံ ပါဝင္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခံစစ္ျပႆနာေၾကာင့္ ဗဟိုခံစစ္ေနရာကို ဝင္ကစားေပးခဲ့ရတာျဖစ္ၿပီး မက္ဂြိဳင္းယား၊ ဗာ႐ြမ္း၊ မာတီနက္ဇ္၊ လင္ဒီေလာ့ဖ္၊ အီဗန္စ္၊ ကမ္ဘြာလာတို႔အားလုံးဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း The Athletic ရဲ႕ ေဖာ္ျပခ်က္အရ တန္ဟက္ဟာ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ပြဲအတြက္ ပြဲထြက္လူစာရင္းထဲကေန ကက္စမီ႐ိုကို ခ်န္လွပ္ခဲ့ဖို႔ အေလးအနက္စဥ္းစားေနၿပီး ဘရာဇီးလ္ကြင္းလယ္ကစားသမားေတြရဲ႕အသင္းေဖာ္ေတြကလည္း ရီးရဲလ္မက္ဒရစ္ဂႏၲဝင္အေနနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ မပါရဖို႔မ်ားေနတယ္လို႔ ယုံၾကည္ေနၾကပါတယ္။

မန္ခ်က္စတာဒါဘီပြဲအတြက္ ႀကိဳတင္ျပင္ဆင္ခဲ့ၾကတဲ့ ေလ့က်င့္ေရးမွာ ကက္စမီ႐ိုက ပြဲထြက္လူစာရင္းဝင္ကစားသမားေတြထဲမွာ ေပ်ာက္ဆုံးေနခဲ့ၿပီး အမ္မရာဘတ္က ၿပီးခဲ့တဲ့ပြဲေတြမွာ တန္ဟက္ သေဘာက်ေအာင္ ကစားေပးႏိုင္ခဲ့ၿပီးေနာက္ ကြင္းလယ္မွာ တစ္ေနရာ ရဖြယ္ရွိေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းသားေတြအားလုံးကေတာ့ အေတြ႕အႀကဳံအလြန္မ်ားတဲ့ ကက္စမီ႐ိုကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္မယ့္အႀကံအစည္ကို မေထာက္ခံၾကတာေၾကာင့္ တန္ဟက္အတြက္ ေလးေလးနက္နက္စဥ္းစားေနရတဲ့ကိစၥျဖစ္လာၿပီး အထူးသျဖင့္ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ ဖိအားျမင့္တဲ့ ဆုဖလားဗိုလ္လုပြဲမွာ ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္အထိ ရရွိခဲ့ဖူးတဲ့ ဘရာဇီးလ္သားကို ခ်န္လွပ္ခဲ့မယ္ဆိုရင္ ေတာ္ေတာ္ေလး အသင္းလူစာရင္းက အားနည္းသြားမွာျဖစ္ပါတယ္။

တန္ဟက္ရဲ႕ ဒဏ္ရာျပႆနာေတြက ၿပီးခဲ့တဲ့ရက္ပိုင္းေတြမွာ တခ်ိဳ႕တဝက္ေတာ့ ျပန္လည္သက္သာလာခဲ့ၿပီး ဗာ႐ြမ္း၊ မာတီနက္ဇ္နဲ႔ အီဗန္စ္တို႔အားလုံးဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက္ ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနရွိေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.