Premier League

ဂီမာရေးစ်ရဲ့ စာချုပ်လျော်ကြေးနဲ့ ချိန်သားကိုက် လှုပ်ရှားရမယ့် အာဆင်နယ်

UOL Esporte ရဲ့ ဖော်ပြချက်အရ ဘရူနို ဂီမာရေးစ်ရဲ့ ပေါင်သန်း ၁၀၀ တန် စာချုပ်ပါလျော်ကြေးဟာ ဇွန်လ ၂၄ ရက်နေ့အထိ အသက်ဝင်နေဦးမယ်လို့ သိရပြီး နယူးကာဆယ်ကွင်းလယ်ကြယ်ပွင့်ဟာ ဒီနွေရာသီမှာ အာဆင်နယ်ကို ပြောင်းဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဂီမာရေးစ်ရဲ့ စာချုပ်လျော်ကြေးဟာ စျေးကြီးလွန်းတယ်ဆိုပေမယ့်လည်း အရစ်ကျပေးချေမှု ၃ ခုနဲ့ ပေးချေနိုင်မှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ နယူးကာဆယ်ကြယ်ပွင့်ကို ခေါ်ယူနိုင်တဲ့ ဘဏ္ဍာရေးအခြေအနေ ရှိနေပါတယ်။ အာဆင်နယ်ရဲ့ ဘဏ္ဍာရေးနှစ်ဟာ ဇွန်လ ၁ ရက်နေ့ကနေ နောက်နှစ် မေလ ၃၁ ရက်နေ့အထိဖြစ်ပြီး ဘရူနို ဂီမာရေးစ်ရဲ့ စာချုပ်လျော်ကြေး ပေါင်သန်း ၁၀၀ ဟာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့အထိ အသက်ဝင်နေဦးမှာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အနေနဲ့ စာချုပ်လျော်ကြေးကို အချိန်ကိုက် အသက်သွင်းနိုင်ဖို့က အရေးကြီးပြီး ဘာကြောင့်လဲဆိုရင် ဘဏ္ဍာနှစ်ဟာ ငွေကြေးလွှဲပြောင်းမှုအကျိုးဆက်နဲ့ FFP ငြိနိုင်ခြေကို အဆုံးအဖြတ်ပေးနိုင်တာကြောင့်ပါ။

အာဆင်နယ်သာ မေလ ၃၁ ရက်နေ့ မတိုင်ခင် စာချုပ်လျော်ကြေးကို အသက်သွင်းလိုက်ရင်တော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထဲ ဝင်သွားမှာဖြစ်တာကြောင့် ပထမအရစ်ကျပေးချေမှုက ၂၀၂၃-၂၀၂၄ ငွေစာရင်းထဲမှာ မှတ်တမ်းဝင်သွားမှာဖြစ်တဲ့အတွက် ဘဏ္ဍာရေးအကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

ဇွန်လ ၁ ရက်နေ့နောက်ပိုင်းမှာ စာချုပ်လျော်ကြေးကို အသက်သွင်းပြီး ဥပမာအားဖြင့် ဇွန်လ ၁၀ ရက်နေ့မှာ ပထမဆုံးအရစ်ကျပေးချေမှုပြုလုပ်မယ်ဆိုရင်တော့ ငွေကြေးလွှဲပြောင်းမှုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ထဲ အကျုံးဝင်သွားမှာဖြစ်လို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာပဲ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။

အသင်းတစ်သင်းက ကစားသမားတစ်ယောက်ကို ခေါ်ယူတဲ့အခါမှာ ပြောင်းရွှေ့ကြေးကို ချက်ချင်း ပေးချေရမှာမဟုတ်ဘဲ အဲဒီအစား ကစားသမားရဲ့ စာချုပ်သက်တမ်းအပေါ်မူတည်ပြီး ငွေပေးချေမှုကို သတ်မှတ်တာဖြစ်ပါတယ်။ ကစားသမားရဲ့ စာချုပ်သက်တမ်းကြာချိန်အပေါ် ကစားသမားရဲ့ကုန်ကျစရိတ်က ကစားသမားရဲ့ တန်ဖိုးနဲ့ တစ်နှစ်ကို ပေးချေရမယ့်ပမာဏကို ရောင်ပြန်ဟပ်မှာဖြစ်ပါတယ်။

ဥပမာတွက်ပြရရင် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၀၀ နဲ့ ၅ နှစ်စာချုပ် ချုပ်မယ်ဆိုရင် နှစ်စဉ်ကုန်ကျစရိတ်က တစ်နှစ်ကို ပေါင်သန်း ၂၀ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ဘရူနို ဂီမာရေးစ်ကို စာချုပ်လျော်ကြေးပေါင်သန်း ၁၀၀ ပေးပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူမယ်ဆိုရင် သူတို့ရဲ့ အကျိုးအမြတ်ထဲက တစ်နှစ်ကို ပေါင်သန်း ၂၀ ကုန်ကျမှာဖြစ်ပါတယ်။

စာချုပ်လျော်ကြေးကို ပေးချေမှုက ၃ ကြိမ်အရစ်ကျပေးချေရမှုကလည်း အသင်းရဲ့ ငွေကြေးစီးဆင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။ ဒီပေးချေမှုတွေဟာ ကစားသမားခေါ်ယူမှုနဲ့ အခြား ရင်းနှီးမြှုပ်နှံမှုတွေအပေါ် သုံးစွဲတဲ့ ငွေကြေးကို ခြေရာခံတဲ့ ငွေကြေးစီးဆင်းမှုစာရင်းရှင်းတမ်းရဲ့ ရင်းနှီးမြှုပ်နှံခြင်းမှ ငွေသားစီးဆင်းမှု ကဏ္ဍအောက်မှာ မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပေါင်သန်း ၁၀၀ ကို အရစ်ကျ ၃ ကြိမ်ပေးချေရမှာဖြစ်တာကြောင့် တစ်ကြိမ်ကို​ ပေါင် ၃၃.၃ သန်းပေးချေရမှာဖြစ်ပြီး အစောပိုင်းက ပြောခဲ့သလို ဇွန်လ ၁ ရက်နေ့နောက်ပိုင်းမှဆိုရင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ထဲ ဝင်သွားမှာမို့လို့ FFP ကို စိုးရိမ်စရာမရှိပါဘူ။

ဒါကြောင့် အာဆင်နယ်က ဘရူနို ဂီမာရေးစ်ကို စာချုပ်လျော်ကြေး ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်တဲ့အင်အားမရှိဘူးလို့ သတင်းမီဒီယာအချို့ ဖော်ပြနေတဲ့ သတင်းတွေက မှန်ကန်မှုမရှိဘဲ စာချုပ်လျော်ကြေးကို ချိန်သားကိုက် အသက်သွင်းဖို့သာ လိုအပ်နေတာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
UOL Esporte ရဲ႕ ေဖာ္ျပခ်က္အရ ဘ႐ူႏို ဂီမာေရးစ္ရဲ႕ ေပါင္သန္း ၁၀၀ တန္ စာခ်ဳပ္ပါေလ်ာ္ေၾကးဟာ ဇြန္လ ၂၄ ရက္ေန႔အထိ အသက္ဝင္ေနဦးမယ္လို႔ သိရၿပီး နယူးကာဆယ္ကြင္းလယ္ၾကယ္ပြင့္ဟာ ဒီေႏြရာသီမွာ အာဆင္နယ္ကို ေျပာင္းဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ဂီမာေရးစ္ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေစ်းႀကီးလြန္းတယ္ဆိုေပမယ့္လည္း အရစ္က်ေပးေခ်မႈ ၃ ခုနဲ႔ ေပးေခ်ႏိုင္မွာျဖစ္ၿပီး အာဆင္နယ္အေနနဲ႔ နယူးကာဆယ္ၾကယ္ပြင့္ကို ေခၚယူႏိုင္တဲ့ ဘ႑ာေရးအေျခအေန ရွိေနပါတယ္။ အာဆင္နယ္ရဲ႕ ဘ႑ာေရးႏွစ္ဟာ ဇြန္လ ၁ ရက္ေန႔ကေန ေနာက္ႏွစ္ ေမလ ၃၁ ရက္ေန႔အထိျဖစ္ၿပီး ဘ႐ူႏို ဂီမာေရးစ္ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၁၀၀ ဟာ ၂၀၂၄ ခုႏွစ္ ဇြန္လ ၂၄ ရက္ေန႔အထိ အသက္ဝင္ေနဦးမွာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အေနနဲ႔ စာခ်ဳပ္ေလ်ာ္ေၾကးကို အခ်ိန္ကိုက္ အသက္သြင္းႏိုင္ဖို႔က အေရးႀကီးၿပီး ဘာေၾကာင့္လဲဆိုရင္ ဘ႑ာႏွစ္ဟာ ေငြေၾကးလႊဲေျပာင္းမႈအက်ိဳးဆက္နဲ႔ FFP ၿငိႏိုင္ေျခကို အဆုံးအျဖတ္ေပးႏိုင္တာေၾကာင့္ပါ။

အာဆင္နယ္သာ ေမလ ၃၁ ရက္ေန႔ မတိုင္ခင္ စာခ်ဳပ္ေလ်ာ္ေၾကးကို အသက္သြင္းလိုက္ရင္ေတာ့ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္ထဲ ဝင္သြားမွာျဖစ္တာေၾကာင့္ ပထမအရစ္က်ေပးေခ်မႈက ၂၀၂၃-၂၀၂၄ ေငြစာရင္းထဲမွာ မွတ္တမ္းဝင္သြားမွာျဖစ္တဲ့အတြက္ ဘ႑ာေရးအက်ိဳးသက္ေရာက္မႈေတြရွိလာႏိုင္ပါတယ္။

ဇြန္လ ၁ ရက္ေန႔ေနာက္ပိုင္းမွာ စာခ်ဳပ္ေလ်ာ္ေၾကးကို အသက္သြင္းၿပီး ဥပမာအားျဖင့္ ဇြန္လ ၁၀ ရက္ေန႔မွာ ပထမဆုံးအရစ္က်ေပးေခ်မႈျပဳလုပ္မယ္ဆိုရင္ေတာ့ ေငြေၾကးလႊဲေျပာင္းမႈက ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္ထဲ အက်ဳံးဝင္သြားမွာျဖစ္လို႔ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္မွာပဲ အက်ိဳးသက္ေရာက္မႈရွိမွာျဖစ္ပါတယ္။

အသင္းတစ္သင္းက ကစားသမားတစ္ေယာက္ကို ေခၚယူတဲ့အခါမွာ ေျပာင္းေ႐ႊ႕ေၾကးကို ခ်က္ခ်င္း ေပးေခ်ရမွာမဟုတ္ဘဲ အဲဒီအစား ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းအေပၚမူတည္ၿပီး ေငြေပးေခ်မႈကို သတ္မွတ္တာျဖစ္ပါတယ္။ ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းၾကာခ်ိန္အေပၚ ကစားသမားရဲ႕ကုန္က်စရိတ္က ကစားသမားရဲ႕ တန္ဖိုးနဲ႔ တစ္ႏွစ္ကို ေပးေခ်ရမယ့္ပမာဏကို ေရာင္ျပန္ဟပ္မွာျဖစ္ပါတယ္။

ဥပမာတြက္ျပရရင္ ေျပာင္းေ႐ႊ႕ေၾကးက ေပါင္သန္း ၁၀၀ နဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္မယ္ဆိုရင္ ႏွစ္စဥ္ကုန္က်စရိတ္က တစ္ႏွစ္ကို ေပါင္သန္း ၂၀ ျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္က ဘ႐ူႏို ဂီမာေရးစ္ကို စာခ်ဳပ္ေလ်ာ္ေၾကးေပါင္သန္း ၁၀၀ ေပးၿပီး ၅ ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူမယ္ဆိုရင္ သူတို႔ရဲ႕ အက်ိဳးအျမတ္ထဲက တစ္ႏွစ္ကို ေပါင္သန္း ၂၀ ကုန္က်မွာျဖစ္ပါတယ္။

စာခ်ဳပ္ေလ်ာ္ေၾကးကို ေပးေခ်မႈက ၃ ႀကိမ္အရစ္က်ေပးေခ်ရမႈကလည္း အသင္းရဲ႕ ေငြေၾကးစီးဆင္းမႈအေပၚ အက်ိဳးသက္ေရာက္မႈရွိေစမွာျဖစ္ပါတယ္။ ဒီေပးေခ်မႈေတြဟာ ကစားသမားေခၚယူမႈနဲ႔ အျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြအေပၚ သုံးစြဲတဲ့ ေငြေၾကးကို ေျခရာခံတဲ့ ေငြေၾကးစီးဆင္းမႈစာရင္းရွင္းတမ္းရဲ႕ ရင္းႏွီးျမႇဳပ္ႏွံျခင္းမွ ေငြသားစီးဆင္းမႈ က႑ေအာက္မွာ မွတ္တမ္းဝင္သြားမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေပါင္သန္း ၁၀၀ ကို အရစ္က် ၃ ႀကိမ္ေပးေခ်ရမွာျဖစ္တာေၾကာင့္ တစ္ႀကိမ္ကို​ ေပါင္ ၃၃.၃ သန္းေပးေခ်ရမွာျဖစ္ၿပီး အေစာပိုင္းက ေျပာခဲ့သလို ဇြန္လ ၁ ရက္ေန႔ေနာက္ပိုင္းမွဆိုရင္ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္ထဲ ဝင္သြားမွာမို႔လို႔ FFP ကို စိုးရိမ္စရာမရွိပါဘူ။

ဒါေၾကာင့္ အာဆင္နယ္က ဘ႐ူႏို ဂီမာေရးစ္ကို စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူႏိုင္တဲ့အင္အားမရွိဘူးလို႔ သတင္းမီဒီယာအခ်ိဳ႕ ေဖာ္ျပေနတဲ့ သတင္းေတြက မွန္ကန္မႈမရွိဘဲ စာခ်ဳပ္ေလ်ာ္ေၾကးကို ခ်ိန္သားကိုက္ အသက္သြင္းဖို႔သာ လိုအပ္ေနတာျဖစ္ေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.