Carabao & FA Premier League

အက်ဖ်အေဗိုလ်လုပွဲရလဒ်ကို အံ့အားသင့်ဖွယ် ခန့်မှန်းလိုက်တဲ့ သရဲနီဟောင်း ဆားဗေ့ချ်

အက်ဖ်အေဖလားဗိုလ်လုပွဲဟာ စနေနေ့ ဝင်ဘလေကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း ရော်ဘီ ဆားဗေ့ချ်က မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်က ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာကို ခန့်မှန်းခဲ့ပါတယ်။

မန်ချက်စတာစီးတီးအတွက်တော့ ဝင်ဘလေက ပွဲစဉ်ဟာ နောက်ထပ်စံချိန်မှတ်တမ်းသစ် ရေးထိုးနိုင်မယ့် အခွင့်အရေးဖြစ်ပြီး ပြည်တွင်းဖလား ၂ လုံး ၂ နှစ်ဆက်တိုက် အနိုင်ရခဲ့တဲ့ ပထမဆုံးသော အသင်းအဖြစ် အင်္ဂလိပ်ဘောလုံးသမိုင်းမှာ မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက်တော့ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက် နောက်ဆုံး အခွင့်အရေးဖြစ်လာမှာဖြစ်ပြီး အဲဒီထက်ပိုအရေးကြီးတာက ဒီပွဲမှာသာ အနိုင်ရခဲ့ရင် အဲရစ် တန်ဟက်အနေနဲ့ လာမယ့်ရာသီအသင်းမှာ ဆက်ရှိနေဖို့ အခွင့်အရေးပိုများသွားမှာဖြစ်ပါတယ်။

“ဒါက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ နောက်ထပ် မန်ချက်စတာဒါဘီပွဲပဲ။ ဝင်ဘလေမှာ ၂ နှစ်ဆက်တိုက် မန်ချက်စတာဒါဘီဖြစ်လာမှာပါ။ ဘယ်သူ ဖလားရသွားမလဲဆိုရင် ခင်ဗျား မန်စီးတီးလို့ပဲ တွေးမှာပါ။ ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၂ ပွဲပဲ ရှုံးပွဲရှိခဲ့တဲ့အသင်းလေ။ သူတို့တွေက ပရီးမီးယားလိဂ်နောက်ဆုံး ၁၃ ပွဲမှာ ၄ ပွဲပဲ အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်သွားမှာပါ။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ် ဂိုးကွာခြားချက် အနုတ်အပြဆုံးနဲ့ အနိမ့်ဆုံးအဆင့်ရပ်တည်မှုနဲ့ ရာသီပြီးဆုံးခဲ့တာပါ။

ဒါတွေအားလုံးက မန်ချက်စတာစီးတီးဖလားလို့ ညွှန်ပြနေတာဖြစ်ပေမယ့် ဂိုးဘယ်လောက်များများနဲ့ပြီးမလဲဆိုတာကို ကြီးမားတဲ့ မေးခွန်းထုတ်စရာပါ။ မန်ယူနိုက်တက်သာ အနိုင်ရသွားခဲ့ရင်တော့ အံ့ဩစရာကြီးဖြစ်လာပါလိမ့်မယ်။ ဝီဂန်က ဝင်ဘလေမှာ မန်စီးတီးကို အနိုင်ယူခဲ့တုန်းကလိုမျိုးပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလိုဖြစ်မယ်လို့ မထင်ဘူး။ သူတို့တွေ ဖလား ၂ လုံးရသွားလိမ့်မယ်။ သက်တောင့်သက်သာကို အနိုင်ရသွားလိမ့်မယ်။ ကျွန်တော်ကတော့ မန်ချက်စတာစီးတီး ၄ ဂိုး၊ မန်ချက်စတာယူနိုက်တက် ၁ ဂိုးလို့ ခန့်မှန်းပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အက္ဖ္ေအဖလားဗိုလ္လုပြဲဟာ စေနေန႔ ဝင္ဘေလကြင္းမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ၾကယ္ပြင့္ေဟာင္း ေရာ္ဘီ ဆားေဗ့ခ်္က မန္ခ်က္စတာစီးတီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္က ဘယ္လိုရလဒ္ထြက္ေပၚလာမလဲဆိုတာကို ခန႔္မွန္းခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအတြက္ေတာ့ ဝင္ဘေလက ပြဲစဥ္ဟာ ေနာက္ထပ္စံခ်ိန္မွတ္တမ္းသစ္ ေရးထိုးႏိုင္မယ့္ အခြင့္အေရးျဖစ္ၿပီး ျပည္တြင္းဖလား ၂ လုံး ၂ ႏွစ္ဆက္တိုက္ အႏိုင္ရခဲ့တဲ့ ပထမဆုံးေသာ အသင္းအျဖစ္ အဂၤလိပ္ေဘာလုံးသမိုင္းမွာ မွတ္တမ္းဝင္သြားမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အတြက္ေတာ့ ယူ႐ိုပါလိဂ္ဝင္ခြင့္ရဖို႔အတြက္ ေနာက္ဆုံး အခြင့္အေရးျဖစ္လာမွာျဖစ္ၿပီး အဲဒီထက္ပိုအေရးႀကီးတာက ဒီပြဲမွာသာ အႏိုင္ရခဲ့ရင္ အဲရစ္ တန္ဟက္အေနနဲ႔ လာမယ့္ရာသီအသင္းမွာ ဆက္ရွိေနဖို႔ အခြင့္အေရးပိုမ်ားသြားမွာျဖစ္ပါတယ္။

“ဒါက အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ေနာက္ထပ္ မန္ခ်က္စတာဒါဘီပြဲပဲ။ ဝင္ဘေလမွာ ၂ ႏွစ္ဆက္တိုက္ မန္ခ်က္စတာဒါဘီျဖစ္လာမွာပါ။ ဘယ္သူ ဖလားရသြားမလဲဆိုရင္ ခင္ဗ်ား မန္စီးတီးလို႔ပဲ ေတြးမွာပါ။ ၿပိဳင္ပြဲစုံ ၄၅ ပြဲမွာ ၂ ပြဲပဲ ရႈံးပြဲရွိခဲ့တဲ့အသင္းေလ။ သူတို႔ေတြက ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၃ ပြဲမွာ ၄ ပြဲပဲ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္သြားမွာပါ။ မန္ခ်က္စတာယူႏိုက္တက္က ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္မွာ ပထမဆုံးအႀကိမ္ ဂိုးကြာျခားခ်က္ အႏုတ္အျပဆုံးနဲ႔ အနိမ့္ဆုံးအဆင့္ရပ္တည္မႈနဲ႔ ရာသီၿပီးဆုံးခဲ့တာပါ။

ဒါေတြအားလုံးက မန္ခ်က္စတာစီးတီးဖလားလို႔ ၫႊန္ျပေနတာျဖစ္ေပမယ့္ ဂိုးဘယ္ေလာက္မ်ားမ်ားနဲ႔ၿပီးမလဲဆိုတာကို ႀကီးမားတဲ့ ေမးခြန္းထုတ္စရာပါ။ မန္ယူႏိုက္တက္သာ အႏိုင္ရသြားခဲ့ရင္ေတာ့ အံ့ဩစရာႀကီးျဖစ္လာပါလိမ့္မယ္။ ဝီဂန္က ဝင္ဘေလမွာ မန္စီးတီးကို အႏိုင္ယူခဲ့တုန္းကလိုမ်ိဳးေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အဲဒီလိုျဖစ္မယ္လို႔ မထင္ဘူး။ သူတို႔ေတြ ဖလား ၂ လုံးရသြားလိမ့္မယ္။ သက္ေတာင့္သက္သာကို အႏိုင္ရသြားလိမ့္မယ္။ ကြၽန္ေတာ္ကေတာ့ မန္ခ်က္စတာစီးတီး ၄ ဂိုး၊ မန္ခ်က္စတာယူႏိုက္တက္ ၁ ဂိုးလို႔ ခန႔္မွန္းပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.