Match Report Premier League

မင်းတို့အားကိုးတဲ့ ဖူလ်ဟမ်က ဒါလားဆိုပြီး ဂိုးပြတ်သိပ်ပြီး ဇယားထိပ်ပြန်တက်တဲ့ မန်စီးတီး

စနေနေ့အစောပိုင်းပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့အသင်းက ၄-၀ နဲ့ ဂိုးပြတ်နိုင်ပွဲရယူပြီး အာဆင်နယ်ထက် ၂ မှတ်အသာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဘက်မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အကန်းဂျိ၊ ဒီယက်စ်၊ ဂဗာဒီယောလ်၊ အကီ၊ ကွင်းလယ်မှာ ဒီဘရိုင်းနား၊ ကိုဗာချစ်ချ်၊ ရိုဒရီ၊ ဖိုဒန်နဲ့ ဆေးလ်ဗား၊ တိုက်စစ်မှာ ဟာလန်းတို့ကို ပွဲထုတ်ခဲ့ပါတယ်။ ၁၃ မိနစ်မှာပဲ ကီဗင် ဒီရိုင်းနားနဲ့ အပေးအယူလုပ်ပြီး ဂဗာဒီယောလ်က ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့ပြီး မန်စီးတီးက ပထမဆုံးဂိုးပေါက်ကန်သွင်းမှုမှာပဲ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

၂၂ မိနစ်မှာ နေသန် အကီနာသွားလို့ ဝေါ်ကာကို ထည့်ကစားခဲ့ရပြီး အကန်းဂျိက ဗဟိုခံစစ်ကို ဝင်ကစားခဲ့ရပါတယ်။ မန်ချက်စတာစီးတီးက ဘောလုံးပိုင်ဆိုင်မှု ၃ ပုံ ၂ ပုံလောက်နဲ့ကို အသာစီး ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု အများအပြားပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း လိုအပ်ချက်အနည်းငယ်ရှိနေခဲ့လို့ နောက်ထပ်ဂိုးမရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်ချက်စတာစီးတီးကပဲ ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ပြီး လီနို လက်စွမ်းပြ ကာကွယ်နေခဲ့လို့သာ ပထမပိုင်း ပြန်စပြီး ၁၀ မိနစ်လောက်အတွင်းမှာ နောက်ထပ် ဂိုးတွေ မပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၅၉ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားက ကွင်းလယ်မှာ လှလှပပလှည့်ထွက်ပြီး ပင်နယ်တီဧရိယာဆီ ပြေးလွှားပြီးနောက် ချပေးလိုက်တဲ့ဘောလုံးကို ဖိုဒန်က ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၇၁ မိနစ်မှာ ဂဗာဒီယောလ်ကပဲ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ညာတောင်ပံကနေ ဘာနာဒို ဆေးလ်ဗား ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဂိုးတိုင်နားမှာ ရှိနေတဲ့ မန်စီးတီးနောက်ခံလူက အနီးကပ် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR က ဂဗာဒီယောလ် လူကျွံဘောဖြစ်နိုင်တယ်ဆိုပြီး အချိန်အတော်ကြာ စစ်ဆေးခဲ့ပြီး ဘာနာဒို ဆေးလ်ဗားရဲ့ ဖြတ်တင်ပေးပို့မှုကို အကန်းဂျိသာ ထိခဲ့ရင် ခရိုအေးရှားနောက်ခံလူ လူကျွံခဲ့မှာဖြစ်ပေမယ့် မထိခဲ့တဲ့အတွက် ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။

ပွဲပြီးဆုံးခါနီး လက်ကျန်မိနစ်တွေမှာလည်း အိမ်ရှင် ဖူလ်ဟမ်တို့ ဘယ်လိုမှ ပြန်မလာနိုင်တော့ဘဲ ဂိုးပေါက်ကန်သွင်းမှုတောင် မပြုလုပ်နိုင်ခဲ့ဘဲ အချိန်ပို ၉၀+၅ မိနစ်မှာ အစ်ဆာ ဒီယော့ အယ်လ်ဗာရက်ဇ်ကို ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ၂ ဝါ ၁ နီနဲ့ ထုတ်ခံခဲ့ရပြီး မန်စီးတီးက ပင်နယ်တီရခဲ့ပါတယ်။

ပင်နယ်တီကို ယူလီယန် အယ်လ်ဗာရက်ဇ်ကပဲ ကန်သွင်းယူသွားခဲ့ပြီး ဂိုးညာဘက်အောက်ထောင့်ထဲကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူသွားခဲ့ပြီး ၄-၀ နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စေနေန႔အေစာပိုင္းပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဖူလ္ဟမ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ပြဲစဥ္မွာ ဂြါဒီယိုလာရဲ႕အသင္းက ၄-၀ နဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူၿပီး အာဆင္နယ္ထက္ ၂ မွတ္အသာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဘက္မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အကန္းဂ်ိ၊ ဒီယက္စ္၊ ဂဗာဒီေယာလ္၊ အကီ၊ ကြင္းလယ္မွာ ဒီဘ႐ိုင္းနား၊ ကိုဗာခ်စ္ခ်္၊ ႐ိုဒရီ၊ ဖိုဒန္နဲ႔ ေဆးလ္ဗား၊ တိုက္စစ္မွာ ဟာလန္းတို႔ကို ပြဲထုတ္ခဲ့ပါတယ္။ ၁၃ မိနစ္မွာပဲ ကီဗင္ ဒီ႐ိုင္းနားနဲ႔ အေပးအယူလုပ္ၿပီး ဂဗာဒီေယာလ္က ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့ၿပီး မန္စီးတီးက ပထမဆုံးဂိုးေပါက္ကန္သြင္းမႈမွာပဲ ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။

၂၂ မိနစ္မွာ ေနသန္ အကီနာသြားလို႔ ေဝၚကာကို ထည့္ကစားခဲ့ရၿပီး အကန္းဂ်ိက ဗဟိုခံစစ္ကို ဝင္ကစားခဲ့ရပါတယ္။ မန္ခ်က္စတာစီးတီးက ေဘာလုံးပိုင္ဆိုင္မႈ ၃ ပုံ ၂ ပုံေလာက္နဲ႔ကို အသာစီး ကစားခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ အမ်ားအျပားျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္း လိုအပ္ခ်က္အနည္းငယ္ရွိေနခဲ့လို႔ ေနာက္ထပ္ဂိုးမရခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း မန္ခ်က္စတာစီးတီးကပဲ ဆက္လက္ဖိအားေပး ကစားႏိုင္ခဲ့ၿပီး လီႏို လက္စြမ္းျပ ကာကြယ္ေနခဲ့လို႔သာ ပထမပိုင္း ျပန္စၿပီး ၁၀ မိနစ္ေလာက္အတြင္းမွာ ေနာက္ထပ္ ဂိုးေတြ မေပးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၅၉ မိနစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗားက ကြင္းလယ္မွာ လွလွပပလွည့္ထြက္ၿပီး ပင္နယ္တီဧရိယာဆီ ေျပးလႊားၿပီးေနာက္ ခ်ေပးလိုက္တဲ့ေဘာလုံးကို ဖိုဒန္က ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၇၁ မိနစ္မွာ ဂဗာဒီေယာလ္ကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ညာေတာင္ပံကေန ဘာနာဒို ေဆးလ္ဗား ျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးကို ဂိုးတိုင္နားမွာ ရွိေနတဲ့ မန္စီးတီးေနာက္ခံလူက အနီးကပ္ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း VAR က ဂဗာဒီေယာလ္ လူကြၽံေဘာျဖစ္ႏိုင္တယ္ဆိုၿပီး အခ်ိန္အေတာ္ၾကာ စစ္ေဆးခဲ့ၿပီး ဘာနာဒို ေဆးလ္ဗားရဲ႕ ျဖတ္တင္ေပးပို႔မႈကို အကန္းဂ်ိသာ ထိခဲ့ရင္ ခ႐ိုေအးရွားေနာက္ခံလူ လူကြၽံခဲ့မွာျဖစ္ေပမယ့္ မထိခဲ့တဲ့အတြက္ ဂိုးအျဖစ္ ခြင့္ျပဳေပးခဲ့ပါတယ္။

ပြဲၿပီးဆုံးခါနီး လက္က်န္မိနစ္ေတြမွာလည္း အိမ္ရွင္ ဖူလ္ဟမ္တို႔ ဘယ္လိုမွ ျပန္မလာႏိုင္ေတာ့ဘဲ ဂိုးေပါက္ကန္သြင္းမႈေတာင္ မျပဳလုပ္ႏိုင္ခဲ့ဘဲ အခ်ိန္ပို ၉၀+၅ မိနစ္မွာ အစ္ဆာ ဒီေယာ့ အယ္လ္ဗာရက္ဇ္ကို ပင္နယ္တီဧရိယာထဲမွာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့လို႔ ၂ ဝါ ၁ နီနဲ႔ ထုတ္ခံခဲ့ရၿပီး မန္စီးတီးက ပင္နယ္တီရခဲ့ပါတယ္။

ပင္နယ္တီကို ယူလီယန္ အယ္လ္ဗာရက္ဇ္ကပဲ ကန္သြင္းယူသြားခဲ့ၿပီး ဂိုးညာဘက္ေအာက္ေထာင့္ထဲကို လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းယူသြားခဲ့ၿပီး ၄-၀ နဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.