Match Report Premier League

သက်တောင့်သက်သာနိုင်ပွဲနဲ့ ဇယားထိပ်ဆုံးနေရာကို ပြန်တက်လှမ်းနိုင်ခဲ့တဲ့ ဂန်းနားများ

စနေနေ့ညက ဝုဗ်အိမ်ကွင်း မိုလီနာကို သွားရောက်ကစားခဲ့တဲ့ အာဆင်နယ်ဟာ ၂-၀ နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဖယားထိပ်ဆုံးနေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

ပွဲစတင်ချိန်ကတည်းက အာဆင်နယ်က ပိုမိုကောင်းမွန်တဲ့အသင်းအဖြစ်နဲ့ စတင်နိုင်ခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဝံပုလွေတွေကို ဖိအားပေး တိုက်စစ်ဆင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေဟာ အဖွင့်ဂိုးရရှိဖို့အတွက် ၄၅ မိနစ်အထိ စောင့်ဆိုင်းခဲ့ရပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ ထရော့ဆာ့ဒ်က ဒီရာသီ ၉ ဂိုးမြောက်သွင်းဂိုးကို ဂျေးဇုရဲ့ ညာတောင်ပံကနေ ပေးပို့မှုကနေတဆင့် ဂိုးအပေါ်ထောင့်ထဲကို အဆုံးသတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဒီအတိုင်းပဲ ဖြစ်ခဲ့ပြီး နောက်ထပ် ဦးဆောင်ဂိုးကို ရရှိဖို့အတွက် နာကျင်အချိန်ပိုအထိ စောင့်ခဲ့ရပြီး ၉၀+၅ မိနစ်မှာ အော်ဒီဂွါဒ်က ကနဦး ဖြတ်တင်ပေးပို့မှုက လူထိလမ်းကြောင်းပြောင်းပြီး ပြန်ရောက်လာတာကို ဂျိုးဆေးဆားနဲ့ ဂိုးတိုင်ကြားကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဝုဗ်ကို သက်တောင့်သက်သာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် စနေနေ့မှာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲ ကစားခဲ့ရတဲ့ မန်စီးတီးကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စေနေန႔ညက ဝုဗ္အိမ္ကြင္း မိုလီနာကို သြားေရာက္ကစားခဲ့တဲ့ အာဆင္နယ္ဟာ ၂-၀ နဲ႔ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဖယားထိပ္ဆုံးေနရာကို ျပန္လည္ တက္လွမ္းႏိုင္ခဲ့ပါတယ္။

ပြဲစတင္ခ်ိန္ကတည္းက အာဆင္နယ္က ပိုမိုေကာင္းမြန္တဲ့အသင္းအျဖစ္နဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ဝံပုေလြေတြကို ဖိအားေပး တိုက္စစ္ဆင္ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂန္းနားေတြဟာ အဖြင့္ဂိုးရရွိဖို႔အတြက္ ၄၅ မိနစ္အထိ ေစာင့္ဆိုင္းခဲ့ရၿပီး ပထမပိုင္း ၿပီးဆုံးခါနီးမွာ ထေရာ့ဆာ့ဒ္က ဒီရာသီ ၉ ဂိုးေျမာက္သြင္းဂိုးကို ေဂ်းဇုရဲ႕ ညာေတာင္ပံကေန ေပးပို႔မႈကေနတဆင့္ ဂိုးအေပၚေထာင့္ထဲကို အဆုံးသတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ဒီအတိုင္းပဲ ျဖစ္ခဲ့ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို ရရွိဖို႔အတြက္ နာက်င္အခ်ိန္ပိုအထိ ေစာင့္ခဲ့ရၿပီး ၉၀+၅ မိနစ္မွာ ေအာ္ဒီဂြါဒ္က ကနဦး ျဖတ္တင္ေပးပို႔မႈက လူထိလမ္းေၾကာင္းေျပာင္းၿပီး ျပန္ေရာက္လာတာကို ဂ်ိဳးေဆးဆားနဲ႔ ဂိုးတိုင္ၾကားကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ဝုဗ္ကို သက္ေတာင့္သက္သာ ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ စေနေန႔မွာ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ပြဲ ကစားခဲ့ရတဲ့ မန္စီးတီးကို ေက်ာ္ျဖတ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ယာယီ ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.