Carabao & FA Match Report

အဆုံးသတ်မသေချာတဲ့ ချဲလ်ဆီးကို အခွင့်ကောင်းယူပြီး အက်ဖ်အေဗိုလ်လုပွဲတက်ခဲ့တဲ့ စီးတီး

စနေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ပွဲမှာ ဘာနာဒို ဆေးလ်ဗားက နောက်ကျအနိုင်ဂိုးကို သွင်းယူခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းက ၆၈ နှစ်အတွင်း ပထမဆုံးအကြိမ် အက်ဖ်အေဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ အသင်းဟာ ဒဏ်ရာရနေတဲ့ ဟာလန်း မပါဝင်နိုင်မှုကြောင့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်မှာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်တောင် မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးက တန်ပြန်တိုက်စစ်ကနေ နီကိုးလတ်စ် ဂျက်ခ်ဆင်နဲ့အတူ အဓိကခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ကိုး ပါလ်မာရဲ့ အလွန်ကောင်းမွန်တဲ့ ကန်ချက်ဟာ ကာကွယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းနေပုံပေါ်ခဲ့ပြီး ဂျက်ခ်ဆင်က ဒုတိယပိုင်းပြန်စပြီးနောက် ချဲလ်ဆီးအတွက် အခွင့်အရေးကောင်း ၂ ကြိမ်အထိ ရခဲ့ပေမယ့်လည်း အဆုံးမသတ်နိုင်ခဲ့တာစြဖ်ပါတယ်။

အဲဒီလွဲချော်မှုတွေက ချဲလ်ဆီးအတွက် အရင်းအနှီးကြီးမားခဲ့ကြောင်းကို ပွဲပြီးခါနီး ၆ မိနစ်အလိုမှာ ဆေးလ်ဗားက ဒီဘရိုင်းနား ချိုးပေးလိုက်တဲ့​ ဘောလုံးကို အပြင်းကန်သွင်းယူသွားချိန်မှာ သိခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးဟာ အခုဆိုရင် မေလ ၂၅ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက် သို့မဟုတ် ကိုဗင်ထရီစီးတီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စေနေန႔ညမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ပြဲမွာ ဘာနာဒို ေဆးလ္ဗားက ေနာက္က်အႏိုင္ဂိုးကို သြင္းယူခဲ့ၿပီး ဂြါဒီယိုလာရဲ႕အသင္းက ၆၈ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ အက္ဖ္ေအဗိုလ္လုပြဲကို ၂ ႀကိမ္ဆက္တိုက္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕ အသင္းဟာ ဒဏ္ရာရေနတဲ့ ဟာလန္း မပါဝင္ႏိုင္မႈေၾကာင့္ အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနခဲ့ၿပီး ပထမပိုင္း ၄၅ မိနစ္မွာ ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္ေတာင္ မလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးက တန္ျပန္တိုက္စစ္ကေန နီကိုးလတ္စ္ ဂ်က္ခ္ဆင္နဲ႔အတူ အဓိကၿခိမ္းေျခာက္မႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ကိုး ပါလ္မာရဲ႕ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္ဟာ ကာကြယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မန္စီးတီးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီး ထြက္ခြာခဲ့ရၿပီးေနာက္ပိုင္း ေျခစြမ္းပိုင္း အနည္းငယ္ က်ဆင္းေနပုံေပၚခဲ့ၿပီး ဂ်က္ခ္ဆင္က ဒုတိယပိုင္းျပန္စၿပီးေနာက္ ခ်ဲလ္ဆီးအတြက္ အခြင့္အေရးေကာင္း ၂ ႀကိမ္အထိ ရခဲ့ေပမယ့္လည္း အဆုံးမသတ္ႏိုင္ခဲ့တာျစဖ္ပါတယ္။

အဲဒီလြဲေခ်ာ္မႈေတြက ခ်ဲလ္ဆီးအတြက္ အရင္းအႏွီးႀကီးမားခဲ့ေၾကာင္းကို ပြဲၿပီးခါနီး ၆ မိနစ္အလိုမွာ ေဆးလ္ဗားက ဒီဘ႐ိုင္းနား ခ်ိဳးေပးလိုက္တဲ့​ ေဘာလုံးကို အျပင္းကန္သြင္းယူသြားခ်ိန္မွာ သိခဲ့ရတာျဖစ္ပါတယ္။

မန္စီးတီးဟာ အခုဆိုရင္ ေမလ ၂၅ ရက္ေန႔မွာ မန္ခ်က္စတာယူႏိုက္တက္ သို႔မဟုတ္ ကိုဗင္ထရီစီးတီးနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.