Premier League

အသည်းပေါက်မတတ် ရုန်းကြရတော့မယ့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်တိုက်ပွဲ သုံးသပ်ချက်

ယခုရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ သေချာတပ်အပ်မပြောနိုင်ပဲ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ ၃ သင်းအပြိုင်ကြဲနေဆဲဖြစ်ပြီး တန်းဆင်းရမယ့်အသင်းတွေရဲ့ တန်းဆင်းဇုန် တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာပါတယ်။

လူတန်တောင်း – 34 ပွဲကစား 25 မှတ် 8/10

မနေ့ညက ကစာခဲ့တဲ့ ဘရန့်ဖိုဒ်အသင်းနဲ့ပွဲမှာသာ ရလဒ်ကောင်းခဲ့ရင် တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အခွင့်အလမ်းများခဲ့တဲ့ လူတန်မြို့သားတို့ဟာ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့သည့်အပြင် ကစားရန်လည်း ၄ ပွဲသာ ကျန်ရှိတော့လို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
ကစားရမည့် ၄ ပွဲမှာလည်း ဝုလ်ဗ် (အဝေးကွင်း)၊ အဲဗာတန် (အိမ်ကွင်း)၊ ဝက်စ်ဟမ်း (အဝေးကွင်း)၊ ဖူလ်ဟမ် (အိမ်ကွင်း) ပွဲများဖြစ်သည့်အတွက် လူတန်အသင်းအနေနဲ့ ယခုရာသီကုန်ဆုံးချိန်မှာ တန်းဆင်းရဖို့များနေပြီလို့ ခန့်မှန်းချက်ထုတ်ချင်ပါတယ်။

ဘန်လေ – 34 ပွဲကစား 23 မှတ် 9/10

မနေ့ညက ရှက်ဖီးကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီရဲ့ ဘန်လေအသင်းဟာ တန်ဆင်းဇုန်က လွတ်ဖို့မျှော်လင့်ချက်အနည်းငယ်ပြန်ရှိလာပေမယ့် ကစားဖို ၄ ပွဲသာ ကျန်ပြီး မန်ယူနိုက်တက် (အဝေးကွင်း)၊ နယူးကာဆယ် (အိမ်ကွင်း) ၊ စပါးစ် (အဝေးကွင်း)၊ ဖောရက်စ် (အိမ်ကွင်း)များ ကစားရဖို့ရှိနေလို့ တန်ဆင်းနိုင်တဲ့အသင်းစာရင်းမှာ လူတန်နဲ့အတူ မတိမ်းမယိမ်း ထိပ်ပိုင်းလောက်က ပါဝင်နေပါတယ်။ အဲဗာတန်နဲ့ ဖောရက်စ်တို့သာ အမှားအယွင်းမရှိခဲ့ရင် ဘန်လေအသင်းအနေနဲ့ တန်းဆင်းလက်မှတ် တစ်စောင်ရသွားဖို့ ရာခိုင်နှုန်းများနေပါတယ်။

အဲဗာတန် – 32 ပွဲ 27 မှတ် 6/10

ပရီးမီးယားလိဂ်ရဲ့ ချက်ချင်းအရေးယူတဲ့ အမှတ်လျော့ပြစ်ဒဏ်ကြောင့် တန်းဆင်းဇုန် အပေါ်တဝိုက်မှာ တဝဲလည်လည်ဖြစ်နေတဲ့ အဲဗာတန်အသင်းဟာ ယနေ့ညမှာ တန်းဆင်းဇုန်တိုက်ပွဲအုပ်စုထဲပါနေတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းကို အနိုင်ကစားထားမှသာ အသက်ရှုချောင်မှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းအနေနဲ့ ပွဲကျန် ၆ ပွဲ ကစားရမည့်အထဲမှာ ရှက်ဖီးယူနိုက်တက် ၁ သင်းနဲ့သာ ပွဲချောင်ပြီး လီဗာပူးလ် (အိမ်ကွင်း)၊ အာဆင်နယ် (အဝေးကွင်း)၊ ခြေပြန်တက်လာတဲ့ ဘရန့်ဖို့ဒ် (အိမ်ကွင်း)၊ တန်းဆင်းဇုန်ရုန်းဘက် ဖောရက်စ် (အိမ်ကွင်း)၊ လူတန်တောင်း ( အဝေးကွင်း)တို့ ပါဝင်နေတဲ့အတွက် တန်းမဆင်းရဖို့အရေး အမှတ်ရသလောက်ယူနိုင်ဖို့ လိုအပ်နေပါတယ်။

နော်တင်ဟမ် ဖောရက်စ် – 33 ပွဲ 26 မှတ် – 8/10

တန်းဆင်းဇုန်ကနေ နှီးတပြားလောက်လွတ်နေသည့် နော်တင်ဟမ် ဖောရက်စ်အသင်းကတော့ လက်ကျန် ၅ ပွဲမှာ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ကျန်ပွဲတွေကတော့ အဲဗာတန် (အဝေးကွင်း)၊ ရှက်ဖီးယူနိုက်တက် ( အဝေးကွင်း)၊ ဘန်လေ ( အဝေးကွင်း) တို့ဖြစ်သည့်အတွက် ပေါ့ဆလို့မရပဲ ပေါ့ဆခဲ့လျှင် လူတန်နဲ့ ဘန်လေတို့ရဲ့ တန်းဆင်းလက်မှတ် တစ်စောင်ကို ရရှိသွားနိုင်ပါတယ်။

ရှက်ဖီးယူနိုက်တက် 10/10

ဓားတွေအနေနဲ့ ဆေးမမီနိုင်တော့ပဲ တန်းဆင်းလက်မှတ် တစ်စောင်ကို စောစောစီးစီး ရသွားပြီလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တန်းဆင်းဇုန်တိုက်ပွဲပြင်းထန်မှုက ချန်ပီယံဖြစ်မယ့်အသင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အသင်းနဲ့ ဥရောပဝင်ခွင့်ရမယ့်အသင်းများရဲ့ ကံဇာတာကိုလည်း အနည်းနဲ့အများ ရိုက်ခတ်မှု ရှိလာနိုင်သည့်အတွက် ရည်မှန်းချက်အသီးသီးထားရှိထားတဲ့ အသင်းကြီးတွေအနေနဲ့လည်း တန်းဆင်းဇုန်ထဲက အသင်းတွေကို မပေ့ါ့မဆပဲ ယှဉ်ပြိုင်ကစားရန်လိုပါကြောင်း သုံးသပ်ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယခုရာသီ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဘယ္အသင္းျဖစ္မလဲဆိုတာ ေသခ်ာတပ္အပ္မေျပာႏိုင္ပဲ မန္စီးတီး၊ အာဆင္နယ္၊ လီဗာပူးလ္တို႔ ၃ သင္းအၿပိဳင္ႀကဲေနဆဲျဖစ္ၿပီး တန္းဆင္းရမယ့္အသင္းေတြရဲ႕ တန္းဆင္းဇုန္ တိုက္ပြဲကလည္း ပိုမိုျပင္းထန္လာပါတယ္။

လူတန္ေတာင္း – 34 ပြဲကစား 25 မွတ္ 8/10

မေန႔ညက ကစာခဲ့တဲ့ ဘရန္႔ဖိုဒ္အသင္းနဲ႔ပြဲမွာသာ ရလဒ္ေကာင္းခဲ့ရင္ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ဖို႔အခြင့္အလမ္းမ်ားခဲ့တဲ့ လူတန္ၿမိဳ႕သားတို႔ဟာ အိမ္ကြင္းမွာ ဘရန္႔ဖို႔ဒ္အသင္းကို ၅ ဂိုး ၁ ဂိုးနဲ႔ ရႈံးခဲ့သည့္အျပင္ ကစားရန္လည္း ၄ ပြဲသာ က်န္ရွိေတာ့လို႔ ႐ုန္းကန္ရေတာ့မွာျဖစ္ပါတယ္။
ကစားရမည့္ ၄ ပြဲမွာလည္း ဝုလ္ဗ္ (အေဝးကြင္း)၊ အဲဗာတန္ (အိမ္ကြင္း)၊ ဝက္စ္ဟမ္း (အေဝးကြင္း)၊ ဖူလ္ဟမ္ (အိမ္ကြင္း) ပြဲမ်ားျဖစ္သည့္အတြက္ လူတန္အသင္းအေနနဲ႔ ယခုရာသီကုန္ဆုံးခ်ိန္မွာ တန္းဆင္းရဖို႔မ်ားေနၿပီလို႔ ခန႔္မွန္းခ်က္ထုတ္ခ်င္ပါတယ္။

ဘန္ေလ – 34 ပြဲကစား 23 မွတ္ 9/10

မေန႔ညက ရွက္ဖီးကို ၄ ဂိုး ၁ ဂိုးနဲ႔ ႏိုင္ခဲ့တဲ့ မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္း ကြန္ပနီရဲ႕ ဘန္ေလအသင္းဟာ တန္ဆင္းဇုန္က လြတ္ဖို႔ေမွ်ာ္လင့္ခ်က္အနည္းငယ္ျပန္ရွိလာေပမယ့္ ကစားဖို ၄ ပြဲသာ က်န္ၿပီး မန္ယူႏိုက္တက္ (အေဝးကြင္း)၊ နယူးကာဆယ္ (အိမ္ကြင္း) ၊ စပါးစ္ (အေဝးကြင္း)၊ ေဖာရက္စ္ (အိမ္ကြင္း)မ်ား ကစားရဖို႔ရွိေနလို႔ တန္ဆင္းႏိုင္တဲ့အသင္းစာရင္းမွာ လူတန္နဲ႔အတူ မတိမ္းမယိမ္း ထိပ္ပိုင္းေလာက္က ပါဝင္ေနပါတယ္။ အဲဗာတန္နဲ႔ ေဖာရက္စ္တို႔သာ အမွားအယြင္းမရွိခဲ့ရင္ ဘန္ေလအသင္းအေနနဲ႔ တန္းဆင္းလက္မွတ္ တစ္ေစာင္ရသြားဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

အဲဗာတန္ – 32 ပြဲ 27 မွတ္ 6/10

ပရီးမီးယားလိဂ္ရဲ႕ ခ်က္ခ်င္းအေရးယူတဲ့ အမွတ္ေလ်ာ့ျပစ္ဒဏ္ေၾကာင့္ တန္းဆင္းဇုန္ အေပၚတဝိုက္မွာ တဝဲလည္လည္ျဖစ္ေနတဲ့ အဲဗာတန္အသင္းဟာ ယေန႔ညမွာ တန္းဆင္းဇုန္တိုက္ပြဲအုပ္စုထဲပါေနတဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းကို အႏိုင္ကစားထားမွသာ အသက္ရႈေခ်ာင္မွာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းအေနနဲ႔ ပြဲက်န္ ၆ ပြဲ ကစားရမည့္အထဲမွာ ရွက္ဖီးယူႏိုက္တက္ ၁ သင္းနဲ႔သာ ပြဲေခ်ာင္ၿပီး လီဗာပူးလ္ (အိမ္ကြင္း)၊ အာဆင္နယ္ (အေဝးကြင္း)၊ ေျချပန္တက္လာတဲ့ ဘရန႔္ဖို႔ဒ္ (အိမ္ကြင္း)၊ တန္းဆင္းဇုန္႐ုန္းဘက္ ေဖာရက္စ္ (အိမ္ကြင္း)၊ လူတန္ေတာင္း ( အေဝးကြင္း)တို႔ ပါဝင္ေနတဲ့အတြက္ တန္းမဆင္းရဖို႔အေရး အမွတ္ရသေလာက္ယူႏိုင္ဖို႔ လိုအပ္ေနပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္ – 33 ပြဲ 26 မွတ္ – 8/10

တန္းဆင္းဇုန္ကေန ႏွီးတျပားေလာက္လြတ္ေနသည့္ ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းကေတာ့ လက္က်န္ ၅ ပြဲမွာ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ၿပီး က်န္ပြဲေတြကေတာ့ အဲဗာတန္ (အေဝးကြင္း)၊ ရွက္ဖီးယူႏိုက္တက္ ( အေဝးကြင္း)၊ ဘန္ေလ ( အေဝးကြင္း) တို႔ျဖစ္သည့္အတြက္ ေပါ့ဆလို႔မရပဲ ေပါ့ဆခဲ့လွ်င္ လူတန္နဲ႔ ဘန္ေလတို႔ရဲ႕ တန္းဆင္းလက္မွတ္ တစ္ေစာင္ကို ရရွိသြားႏိုင္ပါတယ္။

ရွက္ဖီးယူႏိုက္တက္ 10/10

ဓားေတြအေနနဲ႔ ေဆးမမီႏိုင္ေတာ့ပဲ တန္းဆင္းလက္မွတ္ တစ္ေစာင္ကို ေစာေစာစီးစီး ရသြားၿပီလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ တန္းဆင္းဇုန္တိုက္ပြဲျပင္းထန္မႈက ခ်န္ပီယံျဖစ္မယ့္အသင္း၊ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမယ့္အသင္းနဲ႔ ဥေရာပဝင္ခြင့္ရမယ့္အသင္းမ်ားရဲ႕ ကံဇာတာကိုလည္း အနည္းနဲ႔အမ်ား ႐ိုက္ခတ္မႈ ရွိလာႏိုင္သည့္အတြက္ ရည္မွန္းခ်က္အသီးသီးထားရွိထားတဲ့ အသင္းႀကီးေတြအေနနဲ႔လည္း တန္းဆင္းဇုန္ထဲက အသင္းေတြကို မေပ့ါ့မဆပဲ ယွဥ္ၿပိဳင္ကစားရန္လိုပါေၾကာင္း သုံးသပ္ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.