Premier League

မန်စီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ အက်ဖ်အေဆီမီးပွဲအပါအဝင် ဒီအပတ်ပွဲတွေအတွက် ဆပ်တန်ရဲ့ဟောကိန်းများ

လူတန်- ဘရန့်တ်ဖို့ဒ်

လူတန်က ရာသီကုန်ဖို့ ၅ ပွဲပဲ လိုတော့တာဆိုတော့ သူတို့ ပရီးမီးယားလိဂ်မှာ ဆက်နေဖို့အတွက် ရတဲ့အခွင့်အရေးကို အရယူရမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့အပတ်တွေမှာ အခွင့်အရေးတွေကို မလွဲချော်ခဲ့ဘူးဆိုရင် သူတို့က ခုထက်ပိုအားကောင်းတဲ့နေရာမှာ ရှိနေမှာပါ။ လူတန်အတွက် အောက်ဆုံး ၃ သင်းထဲကနေ တက်နိုင်ဖို့အတွက် အခွင့်အရေးကောင်းမို့လို့ ဒီပွဲက ပွဲကြီးပွဲကောင်းဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကိုလည်း တန်းဆင်းဇုန်တိုက်ပွဲထဲ ပြန်ဆွဲခေါ်နိုင်မယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့ကို သက်တောင့်သက်သာမဖြစ်အောင် လုပ်နိုင်မယ်။ ပျားတွေက အရင်အပတ်က ရှက်ဖီးကို အနိုင်ရပြီးတာတောင် စိတ်မချရသေးဘူး။ သူတို့တွေ နောက်ထပ် နိုင်ပွဲတစ်ပွဲလောက်လိုသေးတာဖြစ်နိုင်တယ်။ ဒီပွဲမှာတော့ မရဘူးလို့ ကျွန်တော်မြင်တယ်။ နှစ်သင်းစလုံးက ဂိုးတော့သွင်းနိုင်မယ်။ ဒါပေမယ့် အဖြေကပေါ်မှာမဟုတ်ဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

ရှက်ဖီး-ဘန်လေ

နှစ်သင်းစလုံးက အရင်အပတ်က ကိုယ့်ဒုက္ခကိုယ်ရှာခဲ့တာက တစ်ပုံစံတည်းပဲ။ ပြီးခဲ့တဲ့အပတ်က အရီဂျာနတ် မူရစ်ရဲ့ နောက်ဆုံးအမှားက ဘရိုက်တန်ကို ချေပဂိုး ပေးခဲ့ရလို့ ဘန်လေအတွက် စိတ်မကောင်းဖြစ်ခဲ့တယ်။ ဘန်လေက ဒီတစ်ကြိမ်တော့ ကောင်းကောင်းလုပ်နိုင်မယ်ထင်တယ်။ ဒီရာသီအစောပိုင်းတုန်းက တာ့ဖ်မိုးမှာ ရှက်ဖီးကို ၅-၀ နဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲမှာလည်း သူတို့ပဲ အနိုင်ရမယ်လို့ ထင်တယ်။
ခန့်မှန်းပွဲပြီးရလဒ်(၁-၂)

မန်စီးတီး-ချဲလ်ဆီး(အက်ဖ်အေဆီမီးဖိုင်နယ်)

မန်စီးတီးက ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်ကနေ မပြုတ်ခဲ့သင့်ဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ ခြေတူကစားနိုင်ခဲ့ပြီး အဲဒီပွဲမှာ ကံမကောင်းလို့ ရှုံးနိမ့်ခဲ့တာပါ။ သူတို့တွေအနေနဲ့ လျင်လျင်မြန်မြန်နဲ့ နိုင်ပွဲပြန်ယူနိုင်ဖို့ အရေးကြီးတယ်။ စီးတီးရဲ့ အခု အဓိကအာရုံစိုက်မှုက အင်္ဂလိပ်ဘောလုံးလိဂ်သမိုင်းရဲ့ ၁၃၆ နှစ်အတွင်း ၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ပဲ။ ဒီစံချိန်က ကြီးမားတဲ့အောင်မြင်မှုဖြစ်လိမ့်မယ်။ ဥရောပပြိုင်ပွဲက ထွက်လိုက်ရတာလည်း အဲဒါကို အာရုံစိုက်ဖို့ အကူအညီဖြစ်ပါလိမ့်မယ်။ ပပ်က ဖလားနဲ့ပတ်သက်လာရင် လောဘကြီးတယ်။ အက်ဖ်အေဖလားကိုလည်း သူ ကိုင်မြှောက်ချင်ပါလိမ့်မယ်။ ချဲလ်ဆီးက ဒီရာသီမှာ စီးတီးနဲ့ ၂ ကြိမ်အထိ သရေကျခဲ့တယ်။ သူတို့တွေက ပါလ်မာအသင်းထဲပါရင် အန္တရာယ်ရှိပေမယ့် ဒီပွဲမှာတော့ မန်စီးတီးကို အန္တရာယ်ပေးနိုင်မှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၃-၀)

ဝုဗ်-အာဆင်နယ်

အာဆင်နယ်အတွက် ပွဲကြီးပွဲကောင်းပဲ။ ဒီပွဲက နောက်ဆုံး ၄ ပွဲအထိ နိုင်ပွဲပျောက်နေခဲ့တဲ့ သူတို့အတွက် နိုင်ပွဲပြန်ရဖို့အတွက် အကူအညီဖြစ်စေမယ့်ပွဲပါ။ အက်စတန်ဗီလာကို ရှုံးခဲ့တဲ့ပွဲမှာ ဂန်းနားတွေက တည်ငြိမ်မှု ကင်းမဲ့နေခဲ့တယ်ဆိုပေမယ့် အူနိုင်းရဲ့အသင်းမှာ ကစားသမားကောင်းတွေ ရှိတယ်။ ဂန်းနားတွေက မိုလီနာကွင်းမှာ နိုင်ပွဲရှာတွေ့သွားမယ်လို့ ထင်ပါတယ်။ အဲဒီလိုဖြစ်ဖို့လည်း မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးကို ဆက်တိုက်နိုင်ပွဲတွေနဲ့ ဖလားလွယ်လွယ် မရသွားစေချင်လို့ပါ။
ခန့်မှန်းပွဲပြီးရလဒ်(၀-၁)

အဲဗာတန်-ဖောရက်စ်

ဒီပွဲက အမှတ်နုတ်ခံရသူများ ဒါဘီလို့တောင် ပြောရလိမ့်မယ်။ သူတို့ ၂ သင်းစလုံးဆီကနေ ဘာမျှော်လင့်ရမလဲဆိုတာ သိဖို့ ခက်တဲ့ပွဲပါ။ အဲဗာတန်က ဒီပွဲမှာ ချဲလ်ဆီးကို ၆-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို ဒေါသတကြီး ဖောက်ခွဲပြီး အနိုင်ရသွားနိုင်တယ်လို့ ထင်တယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

အက်စတန်ဗီလာ-ဘုန်းမောက်

ဗီလာရဲ့ စပါးနဲ့ စတုတ္ထနေရာအတွက် တိုက်ပွဲက စောင့်ကြည့်ရမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အမ်မရီရဲ့အသင်းက ဒီပွဲမှာ အနိုင်ရရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြီးမားတဲ့နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းနိုင်တာဖြစ်ပါလိမ့်မယ်။ ဘုန်းမောက်က ဒီရာသီအစောပိုင်းတုန်းက ဗီလာနဲ့ ၂-၂ သရေကျခဲ့တယ်။ ဒီပွဲမှာလည်း နောက်ထပ်တစ်ကြိမ် ခက်ခဲတဲ့ပွဲဖြစ်လာမယ်လီု့ထင်တယ်။ ဒါပေမယ့်လည်း အက်စတန် ဗီလာရဲ့အသင်းက ရာသီအစောပိုင်းတုန်းကနဲ့ လုံးဝ မတူညီတော့ဘဲ ယုံကြည်မှုတွေ မိုးထိုးနေပြီး အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်နေပါပြီ။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

ပဲလေ့စ်-ဝက်စ်ဟမ်း

ပဲလေ့စ်က လီဗာပူးလ်ကိုတောင် အနိုင်ကစားခဲ့တာနော်။ နည်းပြသစ် အိုလီဗာ ဂလက်စ်နာကတော့ သူ့ရဲ့ အမှတ်အသားတစ်ခုလုပ်နိုင်ဖို့ နောက်ရာသီအထိ ဆက်လုပ်ပြရမှာပါ။ ဒါပေမယ့် လီဗာပူးလ်ကို နိုင်တာကတော့ ကောင်းမွန်တဲ့စတင်မှုပါ။ ဝက်စ်ဟမ်းကတော့ ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ကနေ ပြုတ်ခဲ့ပြီး နောက်ရာသီမှာ ဥရောပဝင်ခွင့်ရဖို့အတွက် အခွင့်အရေးက ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ဆဲလ်ဟတ်စ်ပါ့ခ်မှာ သူတို့အတွက် အနိုင်ရလဒ်မျှော်လင့်လို့တော့ ရနိုင်မှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

ကိုဗင်ထရီ-မန်ယူနိုက်တက်(အက်ဖ်အေဆီမီး)

ကိုဗင်ထရီက ချန်ပီယံရှစ်မှာ အကောင်းဆုံးပုံစံရှိမနေဘဲ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲရှုံးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က အိပ်ရာဝင်ပုံပြင်ဆန်တဲ့ကိစ္စတွေကို ယုံကြည်တဲ့သူပါ။ အဲဒီတော့ ဒီပွဲမှာလည်း နည်းနည်းလောက် အိပ်မက်မက်ခွင့်ပေးပါ။ ၁၉၈၇ ဗိုလ်လုပွဲတုန်းက အရမ်းကောင်းတဲ့ အမှတ်တရတစ်ခု ကျွန်တော့်မှာ ရှိခ့တယ်။ ကိတ် ဟူချန်ရဲ့ဒိုင်ဗင်ထိုး ခေါင်းတိုက်ချက်ကြောင့် စပါးကို ကိုဗင်ထရီက အနိုင်ရခဲ့ပြီး အက်ဖ်အေဖလားရခဲ့တယ်။ သူတို့တွေသာ ဒီပွဲမှာ အနိုင်ရခဲ့ရင် ကောင်းမွန်တဲ့နေ့တစ်နေ့ ဖြစ်လာပါလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

ဖူလ်ဟမ်-လီဗာပူးလ်

လီဗာပူးလ်က ဖူလ်ဟမ်ကို အန်းဖီးမှာ ကစားတဲ့ လိဂ်ပွဲမှာ ၄-၃ နဲ့ အနိုင်ရခဲ့တယ်။ ကာရာဘောင်းဆီမီး ပထမအကျော့မှာ ၂-၁ နဲ့ အိမ်ကွင်းအနိုင်ရတယ်။ ဒုတိယအကျော့ ခရာဗင်ကော့တေ့ချ်မှာ ၁-၁ သရေကျခဲ့တယ်။ ဒီပွဲက ကလော့ပ်ရဲ့အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလားမျှော်လင့်ချက်ကို အသက်ဆက်နိုင်ဖို့အတွက် မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲပါ။ ဒါပေမယ့်လည်း သူတို့တွေ အတ္တလန္တာနဲ့ပွဲမှာ အားနည်းချက်တွေကို ပြသခဲ့ပြီး ဖူလ်ဟမ်က သူတို့ကို အပြစ်ပေးနိုင်ဖို့ လုံလုံလောက်လောက်ကောင်းမွန်ပါတယ်။ နောက်ထပ်သရေတစ်ပွဲကို ကျွန်တော်တို့ မြင်ရနိုင်ပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လူတန္- ဘရန႔္တ္ဖို႔ဒ္

လူတန္က ရာသီကုန္ဖို႔ ၅ ပြဲပဲ လိုေတာ့တာဆိုေတာ့ သူတို႔ ပရီးမီးယားလိဂ္မွာ ဆက္ေနဖို႔အတြက္ ရတဲ့အခြင့္အေရးကို အရယူရမွာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့အပတ္ေတြမွာ အခြင့္အေရးေတြကို မလြဲေခ်ာ္ခဲ့ဘူးဆိုရင္ သူတို႔က ခုထက္ပိုအားေကာင္းတဲ့ေနရာမွာ ရွိေနမွာပါ။ လူတန္အတြက္ ေအာက္ဆုံး ၃ သင္းထဲကေန တက္ႏိုင္ဖို႔အတြက္ အခြင့္အေရးေကာင္းမို႔လို႔ ဒီပြဲက ပြဲႀကီးပြဲေကာင္းျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ကိုလည္း တန္းဆင္းဇုန္တိုက္ပြဲထဲ ျပန္ဆြဲေခၚႏိုင္မယ္။ ဒါမွမဟုတ္ အနည္းဆုံးေတာ့ သူတို႔ကို သက္ေတာင့္သက္သာမျဖစ္ေအာင္ လုပ္ႏိုင္မယ္။ ပ်ားေတြက အရင္အပတ္က ရွက္ဖီးကို အႏိုင္ရၿပီးတာေတာင္ စိတ္မခ်ရေသးဘူး။ သူတို႔ေတြ ေနာက္ထပ္ ႏိုင္ပြဲတစ္ပြဲေလာက္လိုေသးတာျဖစ္ႏိုင္တယ္။ ဒီပြဲမွာေတာ့ မရဘူးလို႔ ကြၽန္ေတာ္ျမင္တယ္။ ႏွစ္သင္းစလုံးက ဂိုးေတာ့သြင္းႏိုင္မယ္။ ဒါေပမယ့္ အေျဖကေပၚမွာမဟုတ္ဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

ရွက္ဖီး-ဘန္ေလ

ႏွစ္သင္းစလုံးက အရင္အပတ္က ကိုယ့္ဒုကၡကိုယ္ရွာခဲ့တာက တစ္ပုံစံတည္းပဲ။ ၿပီးခဲ့တဲ့အပတ္က အရီဂ်ာနတ္ မူရစ္ရဲ႕ ေနာက္ဆုံးအမွားက ဘ႐ိုက္တန္ကို ေခ်ပဂိုး ေပးခဲ့ရလို႔ ဘန္ေလအတြက္ စိတ္မေကာင္းျဖစ္ခဲ့တယ္။ ဘန္ေလက ဒီတစ္ႀကိမ္ေတာ့ ေကာင္းေကာင္းလုပ္ႏိုင္မယ္ထင္တယ္။ ဒီရာသီအေစာပိုင္းတုန္းက တာ့ဖ္မိုးမွာ ရွက္ဖီးကို ၅-၀ နဲ႔ အႏိုင္ရခဲ့တယ္။ ဒီပြဲမွာလည္း သူတို႔ပဲ အႏိုင္ရမယ္လို႔ ထင္တယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၂)

မန္စီးတီး-ခ်ဲလ္ဆီး(အက္ဖ္ေအဆီမီးဖိုင္နယ္)

မန္စီးတီးက ဗုဒၶဟူးေန႔က ခ်န္ပီယံလိဂ္ကေန မျပဳတ္ခဲ့သင့္ဘူး။ ရီးရဲလ္မက္ဒရစ္နဲ႔ ေျခတူကစားႏိုင္ခဲ့ၿပီး အဲဒီပြဲမွာ ကံမေကာင္းလို႔ ရႈံးနိမ့္ခဲ့တာပါ။ သူတို႔ေတြအေနနဲ႔ လ်င္လ်င္ျမန္ျမန္နဲ႔ ႏိုင္ပြဲျပန္ယူႏိုင္ဖို႔ အေရးႀကီးတယ္။ စီးတီးရဲ႕ အခု အဓိကအာ႐ုံစိုက္မႈက အဂၤလိပ္ေဘာလုံးလိဂ္သမိုင္းရဲ႕ ၁၃၆ ႏွစ္အတြင္း ၄ ႏွစ္ဆက္တိုက္ ခ်န္ပီယံျဖစ္တဲ့ ပထမဆုံးအသင္းျဖစ္လာဖို႔ပဲ။ ဒီစံခ်ိန္က ႀကီးမားတဲ့ေအာင္ျမင္မႈျဖစ္လိမ့္မယ္။ ဥေရာပၿပိဳင္ပြဲက ထြက္လိုက္ရတာလည္း အဲဒါကို အာ႐ုံစိုက္ဖို႔ အကူအညီျဖစ္ပါလိမ့္မယ္။ ပပ္က ဖလားနဲ႔ပတ္သက္လာရင္ ေလာဘႀကီးတယ္။ အက္ဖ္ေအဖလားကိုလည္း သူ ကိုင္ေျမႇာက္ခ်င္ပါလိမ့္မယ္။ ခ်ဲလ္ဆီးက ဒီရာသီမွာ စီးတီးနဲ႔ ၂ ႀကိမ္အထိ သေရက်ခဲ့တယ္။ သူတို႔ေတြက ပါလ္မာအသင္းထဲပါရင္ အႏၲရာယ္ရွိေပမယ့္ ဒီပြဲမွာေတာ့ မန္စီးတီးကို အႏၲရာယ္ေပးႏိုင္မွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၀)

ဝုဗ္-အာဆင္နယ္

အာဆင္နယ္အတြက္ ပြဲႀကီးပြဲေကာင္းပဲ။ ဒီပြဲက ေနာက္ဆုံး ၄ ပြဲအထိ ႏိုင္ပြဲေပ်ာက္ေနခဲ့တဲ့ သူတို႔အတြက္ ႏိုင္ပြဲျပန္ရဖို႔အတြက္ အကူအညီျဖစ္ေစမယ့္ပြဲပါ။ အက္စတန္ဗီလာကို ရႈံးခဲ့တဲ့ပြဲမွာ ဂန္းနားေတြက တည္ၿငိမ္မႈ ကင္းမဲ့ေနခဲ့တယ္ဆိုေပမယ့္ အူႏိုင္းရဲ႕အသင္းမွာ ကစားသမားေကာင္းေတြ ရွိတယ္။ ဂန္းနားေတြက မိုလီနာကြင္းမွာ ႏိုင္ပြဲရွာေတြ႕သြားမယ္လို႔ ထင္ပါတယ္။ အဲဒီလိုျဖစ္ဖို႔လည္း ေမွ်ာ္လင့္တယ္။ ဘာလို႔လဲဆိုေတာ့ မန္စီးတီးကို ဆက္တိုက္ႏိုင္ပြဲေတြနဲ႔ ဖလားလြယ္လြယ္ မရသြားေစခ်င္လို႔ပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၀-၁)

အဲဗာတန္-ေဖာရက္စ္

ဒီပြဲက အမွတ္ႏုတ္ခံရသူမ်ား ဒါဘီလို႔ေတာင္ ေျပာရလိမ့္မယ္။ သူတို႔ ၂ သင္းစလုံးဆီကေန ဘာေမွ်ာ္လင့္ရမလဲဆိုတာ သိဖို႔ ခက္တဲ့ပြဲပါ။ အဲဗာတန္က ဒီပြဲမွာ ခ်ဲလ္ဆီးကို ၆-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို ေဒါသတႀကီး ေဖာက္ခြဲၿပီး အႏိုင္ရသြားႏိုင္တယ္လို႔ ထင္တယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

အက္စတန္ဗီလာ-ဘုန္းေမာက္

ဗီလာရဲ႕ စပါးနဲ႔ စတုတၳေနရာအတြက္ တိုက္ပြဲက ေစာင့္ၾကည့္ရမယ့္ ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး အမ္မရီရဲ႕အသင္းက ဒီပြဲမွာ အႏိုင္ရရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႀကီးမားတဲ့ေနာက္ထပ္ေျခလွမ္းတစ္လွမ္း လွမ္းႏိုင္တာျဖစ္ပါလိမ့္မယ္။ ဘုန္းေမာက္က ဒီရာသီအေစာပိုင္းတုန္းက ဗီလာနဲ႔ ၂-၂ သေရက်ခဲ့တယ္။ ဒီပြဲမွာလည္း ေနာက္ထပ္တစ္ႀကိမ္ ခက္ခဲတဲ့ပြဲျဖစ္လာမယ္လီု႔ထင္တယ္။ ဒါေပမယ့္လည္း အက္စတန္ ဗီလာရဲ႕အသင္းက ရာသီအေစာပိုင္းတုန္းကနဲ႔ လုံးဝ မတူညီေတာ့ဘဲ ယုံၾကည္မႈေတြ မိုးထိုးေနၿပီး အႏိုင္ရဖို႔ လုံေလာက္တဲ့ အခြင့္အေရးေတြ ဖန္တီးႏိုင္ေနပါၿပီ။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

ပဲေလ့စ္-ဝက္စ္ဟမ္း

ပဲေလ့စ္က လီဗာပူးလ္ကိုေတာင္ အႏိုင္ကစားခဲ့တာေနာ္။ နည္းျပသစ္ အိုလီဗာ ဂလက္စ္နာကေတာ့ သူ႔ရဲ႕ အမွတ္အသားတစ္ခုလုပ္ႏိုင္ဖို႔ ေနာက္ရာသီအထိ ဆက္လုပ္ျပရမွာပါ။ ဒါေပမယ့္ လီဗာပူးလ္ကို ႏိုင္တာကေတာ့ ေကာင္းမြန္တဲ့စတင္မႈပါ။ ဝက္စ္ဟမ္းကေတာ့ ၾကာသပေတးေန႔မွာ ယူ႐ိုပါလိဂ္ကေန ျပဳတ္ခဲ့ၿပီး ေနာက္ရာသီမွာ ဥေရာပဝင္ခြင့္ရဖို႔အတြက္ အခြင့္အေရးက ရွိေနပါေသးတယ္။ ဒါေပမယ့္လည္း ဆဲလ္ဟတ္စ္ပါ့ခ္မွာ သူတို႔အတြက္ အႏိုင္ရလဒ္ေမွ်ာ္လင့္လို႔ေတာ့ ရႏိုင္မွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

ကိုဗင္ထရီ-မန္ယူႏိုက္တက္(အက္ဖ္ေအဆီမီး)

ကိုဗင္ထရီက ခ်န္ပီယံရွစ္မွာ အေကာင္းဆုံးပုံစံရွိမေနဘဲ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲရႈံးခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္က အိပ္ရာဝင္ပုံျပင္ဆန္တဲ့ကိစၥေတြကို ယုံၾကည္တဲ့သူပါ။ အဲဒီေတာ့ ဒီပြဲမွာလည္း နည္းနည္းေလာက္ အိပ္မက္မက္ခြင့္ေပးပါ။ ၁၉၈၇ ဗိုလ္လုပြဲတုန္းက အရမ္းေကာင္းတဲ့ အမွတ္တရတစ္ခု ကြၽန္ေတာ့္မွာ ရွိခ့တယ္။ ကိတ္ ဟူခ်န္ရဲ႕ဒိုင္ဗင္ထိုး ေခါင္းတိုက္ခ်က္ေၾကာင့္ စပါးကို ကိုဗင္ထရီက အႏိုင္ရခဲ့ၿပီး အက္ဖ္ေအဖလားရခဲ့တယ္။ သူတို႔ေတြသာ ဒီပြဲမွာ အႏိုင္ရခဲ့ရင္ ေကာင္းမြန္တဲ့ေန႔တစ္ေန႔ ျဖစ္လာပါလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

ဖူလ္ဟမ္-လီဗာပူးလ္

လီဗာပူးလ္က ဖူလ္ဟမ္ကို အန္းဖီးမွာ ကစားတဲ့ လိဂ္ပြဲမွာ ၄-၃ နဲ႔ အႏိုင္ရခဲ့တယ္။ ကာရာေဘာင္းဆီမီး ပထမအေက်ာ့မွာ ၂-၁ နဲ႔ အိမ္ကြင္းအႏိုင္ရတယ္။ ဒုတိယအေက်ာ့ ခရာဗင္ေကာ့ေတ့ခ်္မွာ ၁-၁ သေရက်ခဲ့တယ္။ ဒီပြဲက ကေလာ့ပ္ရဲ႕အသင္းအတြက္ ပရီးမီးယားလိဂ္ဆုဖလားေမွ်ာ္လင့္ခ်က္ကို အသက္ဆက္ႏိုင္ဖို႔အတြက္ မျဖစ္မေန အႏိုင္ကစားရမယ့္ပြဲပါ။ ဒါေပမယ့္လည္း သူတို႔ေတြ အတၱလႏၲာနဲ႔ပြဲမွာ အားနည္းခ်က္ေတြကို ျပသခဲ့ၿပီး ဖူလ္ဟမ္က သူတို႔ကို အျပစ္ေပးႏိုင္ဖို႔ လုံလုံေလာက္ေလာက္ေကာင္းမြန္ပါတယ္။ ေနာက္ထပ္သေရတစ္ပြဲကို ကြၽန္ေတာ္တို႔ ျမင္ရႏိုင္ပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.