Match Report Premier League

ချဲလ်ဆီးအတွက် ရွှေဖြစ်နေတဲ့ ကိုးပါလ်မာရဲ့ စူပါဟက်ထရစ်နဲ့ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ တနင်္လာနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ်မှာ အဲဗာတန်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ ကိုးပါလ်မာရဲ့ သွင်းဂိုး ၄ ဂိုး၊ ဂျက်ဆင်နဲ့ ဂီးလ်ခရစ္စတို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။

ကိုးပါလ်မာဟာ ချဲလ်ဆီးအသင်းကို ၆-၀ နဲ့ နိုင်ပွဲရရှိအောင် ဦးဆောင်နိုင်ခဲ့ပြီး အဲဗာတန်ရဲ့ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်ဖို့ မျှော်လင့်ချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်တိုက်စစ်ကစားသမားအတွက် ဂိုးပေါက်ရှာတွေ့ဖို့ အချိန်အများကြီး မယူခဲ့ရဘဲ ပထမပိုင်း ၁၈ မိနစ်အတွင်း ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပထမဆုံးဂိုးကို ပင်နယ်တီဧရိယာအပြင်ဘက်ကနေ လှလှပပ ဝိုက်ကန်သွင်းခဲ့ပြီးနောက် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ပွဲကစားချိန် မိနစ် ၃၀ မပြည့်ခင်မှာ ဟက်ထရစ် ပြည့်မြောက်ခဲ့ပြီး ပစ်ဖို့ဒ်ရဲ့ ကြီးမားတဲ့အမှားကျူးလွန်ခဲ့ပြီးနောက် နောက်ထပ် ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း မပြီးဆုံးခင်မှာ နီကိုးလတ်စ် ဂျက်ခ်ဆင်က စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ တန်ပိုအနည်းငယ်ကျသွားခဲ့ပေမယ့်လည်း ချဲလ်ဆီးကတော့ တာကောစကီးက မာဒူအဲခီကို ပြစ်ဒဏ်ကျူးလွန်ပြီးနောက် ပင်နယ်တီရခဲ့ရာကနေ ပါလ်မာက စူပါဟက်ထရစ် ပြည့်မြောက်စေမယ့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ မကန်ခင်မှာ ပွဲအနည်းငယ် ဖြစ်ခဲ့သေးပြီး ဂျက်ခ်ဆင်နဲ့ မာဒူအဲခီတို့ သူကန်မယ်၊ ငါကန်မယ် လုကြပြီး အသင်းခေါင်းဆောင် ဂယ်လေဂါက ကြားဝင်ပြီး ပါလ်မာကိုပဲ ပေးကန်ခဲ့တာဖြစ်ပါတယ်။

လူစားဝင် လူငယ်ကစားသမား အယ်လ်ဖီ ဂီးလ်ခရစ္စက မိနစ် ၉၀ မှာ ၆ ဂိုးမြောက် သွင်းဂိုးကို သွင်းယူသွားခဲ့ပြီး စူပါဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ကိုးပါလ်မာဟာ အဲဗာတန်နဲ့ပွဲမှာ စံချိန်ဟောင်းတွေ လိုက်မီခဲ့သလို စံချိန်သစ်တွေလည်း ရေးထိုးနိုင်ခဲ့ပါတယ်။

ပါလ်မာဟာ ပရီးမီးယားလိဂ်ပွဲတစ်ပွဲအတွင်း ၄ ဂိုးအထိ သွင်းယူဖူးတဲ့ ကစားသမားစာရင်းမှာ ဖရန့်ခ် လမ်းပတ်၊ ဟက်ဆဲလ်ဘိန့်ခ်၊ ဗီရယ်လီတို့နဲ့အတူ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၀ မတ်လတုန်းက လမ်းပတ်နောက်ပိုင်း တစ်ပွဲတည်း ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသော ချဲလ်ဆီးကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမား ၂ ဦးတည်းသာ ၂ ပွဲဆက်တိုက် အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အရင်တုန်းက ဒီဒီယာ ဒရော့ဂ်ဘာ၊ လက်ရှိမှာတော့ ကိုး ပါလ်မာက သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပါလ်မာဟာ တူညီတဲ့ရာသီအတွင်း ဟက်ထရစ် ၂ ပွဲဆက်တိုက် ရယူနိုင်ခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ဆုံး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ ၂ ပွဲမှာ သွင်းဂိုး ၇ ဂိုး၊ ဟက်ထရစ် ၂ ကြိမ် ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ မန်စီးတီးကြယ်ပွင့် အာလင်း ဟာလန်းနဲ့ (၂၀ ဂိုး) ပထမနေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိုး ပါလ်မာဟာ ၂၀၁၈-၂၀၁၉ ရာသီတုန်းက အီဒင် ဟာဇက်နောက်ပိုင်း တစ်ရာသီအတွင်း သွင်းဂိုး ၂၀ နဲ့ အထက်သွင်းယူနိုင်တဲ့ ပထမဆုံးသော ချဲလ်ဆီး ကစားသမားဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးဟာ တနလၤာေန႔ညက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အဲဗာတန္နဲ႔ ရင္ဆိုင္ခဲ့တဲ့ပြဲစဥ္မွာ ကိုးပါလ္မာရဲ႕ သြင္းဂိုး ၄ ဂိုး၊ ဂ်က္ဆင္နဲ႔ ဂီးလ္ခရစၥတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဂိုးျပတ္ႏိုင္ပြဲရရွိခဲ့ပါတယ္။

ကိုးပါလ္မာဟာ ခ်ဲလ္ဆီးအသင္းကို ၆-၀ နဲ႔ ႏိုင္ပြဲရရွိေအာင္ ဦးေဆာင္ႏိုင္ခဲ့ၿပီး အဲဗာတန္ရဲ႕ ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္တိုက္စစ္ကစားသမားအတြက္ ဂိုးေပါက္ရွာေတြ႕ဖို႔ အခ်ိန္အမ်ားႀကီး မယူခဲ့ရဘဲ ပထမပိုင္း ၁၈ မိနစ္အတြင္း ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ပထမဆုံးဂိုးကို ပင္နယ္တီဧရိယာအျပင္ဘက္ကေန လွလွပပ ဝိုက္ကန္သြင္းခဲ့ၿပီးေနာက္ ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို အနီးကပ္ ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ပြဲကစားခ်ိန္ မိနစ္ ၃၀ မျပည့္ခင္မွာ ဟက္ထရစ္ ျပည့္ေျမာက္ခဲ့ၿပီး ပစ္ဖို႔ဒ္ရဲ႕ ႀကီးမားတဲ့အမွားက်ဴးလြန္ခဲ့ၿပီးေနာက္ ေနာက္ထပ္ ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း မၿပီးဆုံးခင္မွာ နီကိုးလတ္စ္ ဂ်က္ခ္ဆင္က စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ တန္ပိုအနည္းငယ္က်သြားခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးကေတာ့ တာေကာစကီးက မာဒူအဲခီကို ျပစ္ဒဏ္က်ဴးလြန္ၿပီးေနာက္ ပင္နယ္တီရခဲ့ရာကေန ပါလ္မာက စူပါဟက္ထရစ္ ျပည့္ေျမာက္ေစမယ့္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီ မကန္ခင္မွာ ပြဲအနည္းငယ္ ျဖစ္ခဲ့ေသးၿပီး ဂ်က္ခ္ဆင္နဲ႔ မာဒူအဲခီတို႔ သူကန္မယ္၊ ငါကန္မယ္ လုၾကၿပီး အသင္းေခါင္းေဆာင္ ဂယ္ေလဂါက ၾကားဝင္ၿပီး ပါလ္မာကိုပဲ ေပးကန္ခဲ့တာျဖစ္ပါတယ္။

လူစားဝင္ လူငယ္ကစားသမား အယ္လ္ဖီ ဂီးလ္ခရစၥက မိနစ္ ၉၀ မွာ ၆ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူသြားခဲ့ၿပီး စူပါဟက္ထရစ္ သြင္းယူႏိုင္ခဲ့တဲ့ ကိုးပါလ္မာဟာ အဲဗာတန္နဲ႔ပြဲမွာ စံခ်ိန္ေဟာင္းေတြ လိုက္မီခဲ့သလို စံခ်ိန္သစ္ေတြလည္း ေရးထိုးႏိုင္ခဲ့ပါတယ္။

ပါလ္မာဟာ ပရီးမီးယားလိဂ္ပြဲတစ္ပြဲအတြင္း ၄ ဂိုးအထိ သြင္းယူဖူးတဲ့ ကစားသမားစာရင္းမွာ ဖရန႔္ခ္ လမ္းပတ္၊ ဟက္ဆဲလ္ဘိန႔္ခ္၊ ဗီရယ္လီတို႔နဲ႔အတူ ရပ္တည္ႏိုင္ခဲ့ၿပီး ၂၀၁၀ မတ္လတုန္းက လမ္းပတ္ေနာက္ပိုင္း တစ္ပြဲတည္း ၄ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးေသာ ခ်ဲလ္ဆီးကစားသမား ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကစားသမား ၂ ဦးတည္းသာ ၂ ပြဲဆက္တိုက္ အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အရင္တုန္းက ဒီဒီယာ ဒေရာ့ဂ္ဘာ၊ လက္ရွိမွာေတာ့ ကိုး ပါလ္မာက သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပါလ္မာဟာ တူညီတဲ့ရာသီအတြင္း ဟက္ထရစ္ ၂ ပြဲဆက္တိုက္ ရယူႏိုင္ခဲ့တာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ေနာက္ဆုံး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့တဲ့ ၂ ပြဲမွာ သြင္းဂိုး ၇ ဂိုး၊ ဟက္ထရစ္ ၂ ႀကိမ္ ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ မန္စီးတီးၾကယ္ပြင့္ အာလင္း ဟာလန္းနဲ႔ (၂၀ ဂိုး) ပထမေနရာမွာ ပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ကိုး ပါလ္မာဟာ ၂၀၁၈-၂၀၁၉ ရာသီတုန္းက အီဒင္ ဟာဇက္ေနာက္ပိုင္း တစ္ရာသီအတြင္း သြင္းဂိုး ၂၀ နဲ႔ အထက္သြင္းယူႏိုင္တဲ့ ပထမဆုံးေသာ ခ်ဲလ္ဆီး ကစားသမားျဖစ္လာခဲ့ၿပီလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.