Match Report MLS Messi

ရင်သပ်ရှုမောဖွယ်သွင်းဂိုးကို သွင်းယူပြီး ကန်းဆတ်စီးတီးနဲ့ပွဲမှာ နိုင်ပွဲရယူပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ စနေနေ့ညက ကန်းဆတ်စီးတီးကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒီရာသီ မေဂျာလိဂ်မှာ ၅ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ၇၁ မိနစ်မှာ လူးဝစ္စ ဆွာရက်ဇ်က နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်း ၆ မိနစ်မှာပဲ အိမ်ရှင် စပို့တင်း ကန်းဆတ်စီးတီးက သွန်မီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ၁၈ မိနစ်မှာ ဂိုးမက်ဇ်က မက်ဆီရဲ့ ဖန်တီးပေးပို့မှုကနေ အင်တာ မိုင်ယာမီအတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၆ မိနစ်အကြာမှာ မက်ဆီက ပင်နယ်တီဧရိယာအပြင်ဘက်က ဘယ်ခြေနဲ့ ဂိုးညာဘက်အပေါ်ထောင့်ထဲကို ရင်သပ်ရှုမောဖွယ် ကန်သွင်းယူသွားခဲ့ပြီး အင်တာ မိုင်ယာမီတို့ ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၇ မိနစ်အကြာမှာ အိမ်ရှင်တွေအတွက် သွန်မီကပဲ ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး ၇၁ မိနစ်မှာတော့ လူးဝစ္စ ဆွာရက်ဇ်က ဂိုးမက်ဇ်က ပင်နယ်တီဧရိယာထဲကို ထိုးဖောက်လာပြီးနောက် ချိုးပေးလိုက်တဲ့ဘောလုံးကို တစ်ချက်ထိ ပိတ်သွင်းယူပြီး အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အင်တာမိုင်ယာမီဟာ ပြိုင်ပွဲစုံ နောက်ဆုံး၆ ပွဲမှာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပြီဖြစ်ပြီး လီယွန်နယ် မက်ဆီကလည်း မေဂျာလိဂ် ၄ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီယြန္နယ္ မက္ဆီဟာ စေနေန႔ညက ကန္းဆတ္စီးတီးကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဒီရာသီ ေမဂ်ာလိဂ္မွာ ၅ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး ၇၁ မိနစ္မွာ လူးဝစၥ ဆြာရက္ဇ္က ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ပထမပိုင္း ၆ မိနစ္မွာပဲ အိမ္ရွင္ စပို႔တင္း ကန္းဆတ္စီးတီးက သြန္မီရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ၁၈ မိနစ္မွာ ဂိုးမက္ဇ္က မက္ဆီရဲ႕ ဖန္တီးေပးပို႔မႈကေန အင္တာ မိုင္ယာမီအတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ၆ မိနစ္အၾကာမွာ မက္ဆီက ပင္နယ္တီဧရိယာအျပင္ဘက္က ဘယ္ေျခနဲ႔ ဂိုးညာဘက္အေပၚေထာင့္ထဲကို ရင္သပ္ရႈေမာဖြယ္ ကန္သြင္းယူသြားခဲ့ၿပီး အင္တာ မိုင္ယာမီတို႔ ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၇ မိနစ္အၾကာမွာ အိမ္ရွင္ေတြအတြက္ သြန္မီကပဲ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ၇၁ မိနစ္မွာေတာ့ လူးဝစၥ ဆြာရက္ဇ္က ဂိုးမက္ဇ္က ပင္နယ္တီဧရိယာထဲကို ထိုးေဖာက္လာၿပီးေနာက္ ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို တစ္ခ်က္ထိ ပိတ္သြင္းယူၿပီး အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ အင္တာမိုင္ယာမီဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး၆ ပြဲမွာ ပထမဆုံးႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီျဖစ္ၿပီး လီယြန္နယ္ မက္ဆီကလည္း ေမဂ်ာလိဂ္ ၄ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.