Match Report Premier League

ပိန္နဲသီးကယ်လို့ ဘုန်းမောက်ဆီက သရေ ၁ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တဲ့ သရဲနီများ

စနေနေ့ည နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲက မြိုင်ဆိုင်ခဲ့ပြီး ၁၆ မိနစ်မှာ ဒေါမနစ် ဆိုလန်ကီက ဆီနီဆီရဲ့ ပေးပို့မှုကနေတဆင့် ကန်ဘွာလာ ခြေချော်ပြီး မရှင်းထုတ်နိုင်လို့ ရောက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာ ရက်ရှ်ဖို့ဒ် ချေပဂိုး သွင်းယူဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း အဖိန့်လွန်ပြီး ဘယ်ခြေနဲ့ ကန်လိုက်တဲ့ ဘောလုံးကို ဂိုးပိုက်ဘေးကိုသာ ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

၃၁ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ လိုအပ်နေတဲ့ ချေပဂိုးကို ဘရူနို ဖာနန်ဒက်စ်က သွင်းယူပေးသွားခဲ့ပြီး လမ်းကြောင်းပြောင်းပြီး ရောက်လာတဲ့ ဘောလုံးကို ပေါ်တူဂီကြယ်ပွင့်က မြေမကျဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၅ မိနစ်အကြာမှာ အိမ်ရှင်ဘုန်းမောက်တို့က ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီး ဆီနီဆီရဲ့ ထိုးဖောက်မှုကနေတဆင့် ရလာတဲ့ဘောလုံးကို ကလွိုက်ဗက်က ပင်နယ်တီဧရိယာထဲဆွဲပြေးပြီး ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်အစမှာ မန်ချက်စတာယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ၆၅ မိနစ်မှာတော့ မိန်းနူးကြောင့် သရဲနီတို့ ပင်နယ်တီရခဲ့ပါတယ်။

ကော်ဘီ မိန်းနူးရဲ့ ကန်ချက်က စမစ်ရဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပြီး ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူပြီး အရေးပါတဲ့ ချေပဂိုးကို ရယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီး ၉၀+၅ မိနစ်မှာ ဒိုင်လူကြီးက ခရစ္စတီးကို ကမ်ဘွာလာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ပေမယ့်လည်း VAR က ပင်နယ်တီဧရိယာအပြင်ဘက်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် မန်ယူနိုက်တက်တို့ ကံကောင်းသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဘုန်းမောက်ဆီက သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အဆင့် ၆ နေရာက နယူးကာဆယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၇ နေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စေနေန႔ည ေနာက္ဆုံးပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဘုန္းေမာက္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ပြဲစဥ္မွာ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ပထမပိုင္းမွာ အျပန္အလွန္ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြနဲ႔ ပြဲက ၿမိဳင္ဆိုင္ခဲ့ၿပီး ၁၆ မိနစ္မွာ ေဒါမနစ္ ဆိုလန္ကီက ဆီနီဆီရဲ႕ ေပးပို႔မႈကေနတဆင့္ ကန္ဘြာလာ ေျခေခ်ာ္ၿပီး မရွင္းထုတ္ႏိုင္လို႔ ေရာက္လာတဲ့ေဘာလုံးကို ပိတ္သြင္းယူၿပီး ဦးေဆာင္ဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာမွာ ရက္ရွ္ဖို႔ဒ္ ေခ်ပဂိုး သြင္းယူဖို႔ အခြင့္အေရးရခဲ့ေပမယ့္လည္း အဖိန႔္လြန္ၿပီး ဘယ္ေျခနဲ႔ ကန္လိုက္တဲ့ ေဘာလုံးကို ဂိုးပိုက္ေဘးကိုသာ ထိမွန္သြားခဲ့တာ ျဖစ္ပါတယ္။

၃၁ မိနစ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ လိုအပ္ေနတဲ့ ေခ်ပဂိုးကို ဘ႐ူႏို ဖာနန္ဒက္စ္က သြင္းယူေပးသြားခဲ့ၿပီး လမ္းေၾကာင္းေျပာင္းၿပီး ေရာက္လာတဲ့ ေဘာလုံးကို ေပၚတူဂီၾကယ္ပြင့္က ေျမမက်ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၅ မိနစ္အၾကာမွာ အိမ္ရွင္ဘုန္းေမာက္တို႔က ျပန္လည္ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဆီနီဆီရဲ႕ ထိုးေဖာက္မႈကေနတဆင့္ ရလာတဲ့ေဘာလုံးကို ကလြိဳက္ဗက္က ပင္နယ္တီဧရိယာထဲဆြဲေျပးၿပီး ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္အစမွာ မန္ခ်က္စတာယူႏိုက္တက္က ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဖိအားေပး တိုက္စစ္ဆင္ႏိုင္ခဲ့ေပမယ့္ ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ဘဲ ၆၅ မိနစ္မွာေတာ့ မိန္းႏူးေၾကာင့္ သရဲနီတို႔ ပင္နယ္တီရခဲ့ပါတယ္။

ေကာ္ဘီ မိန္းႏူးရဲ႕ ကန္ခ်က္က စမစ္ရဲ႕ လက္နဲ႔ ထိသြားခဲ့တာေၾကာင့္ ဒိုင္လူႀကီးက ပင္နယ္တီျပစ္ဒဏ္ေဘာ သတ္မွတ္ေပးခဲ့ၿပီး ဖာနန္ဒက္စ္က အမွားအယြင္းမရွိ ကန္သြင္းယူၿပီး အေရးပါတဲ့ ေခ်ပဂိုးကို ရယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးခါနီး ၉၀+၅ မိနစ္မွာ ဒိုင္လူႀကီးက ခရစၥတီးကို ကမ္ဘြာလာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တယ္ဆိုၿပီး ပင္နယ္တီျပစ္ဒဏ္ေဘာ သတ္မွတ္ခဲ့ေပမယ့္လည္း VAR က ပင္နယ္တီဧရိယာအျပင္ဘက္မွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ မန္ယူႏိုက္တက္တို႔ ကံေကာင္းသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဘုန္းေမာက္ဆီက သေရ ၁ မွတ္သာ ရယူႏိုင္ခဲ့တာေၾကာင့္ အဆင့္ ၆ ေနရာက နယူးကာဆယ္နဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ ၇ ေနရာမွာပဲ ဆက္လက္ရပ္တည္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.