Match Report Premier League

ဖလားမှန်းလို့မရနိုင်တဲ့ အာပေတူးခြေစွမ်းနဲ့ ပဲလေ့စ်ကို ရှုံးခဲ့တဲ့ လီဗာပူးလ်

မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်ပရိသတ်တို့ဟာ တနင်္ဂနွေနေ့ ညနေက လီဗာပူးလ်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ရဲ့ ပွဲစဉ်ကြောင့် ပျော်ရွှင်ခဲ့ကြမှာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ မဆုတ်တမ်းခံစစ်ကြီးဆိုတဲ့ အန်းဖီးမှာပဲ အတီးခံခဲ့ရတာ ၂ ပွဲဆက်တိုက် ရှိလာခဲ့ပြီဖြစ်ပြီး ကလော့ပ် ထွက်ခွာနီး ကစားသမားတွေက ကျေးဇူးဆပ်နေသလားတောင် ထင်ရပါတယ်။

လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အန်းဖီးမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နောက်ထပ် ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပြီး ကလော့ပ်ရဲ့အသင်းက ပထမပိုင်းမှာ အီဘရီချီ အီဇီရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ချေပဂိုး ပြန်လည်ရှာမတွေ့ခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ အရေးကြီးတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တာကြောင့် တန်းဆင်းဇုန်ရဲ့အထက် ၈ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီး လီဗာပူးလ်နဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၃ ကြိမ်တွေ့ဆုံခဲ့ရာမှာ နိုင်ပွဲမရှိခဲ့တဲ့ စံချိန်ဆိုးကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္ပရိသတ္တို႔ဟာ တနဂၤေႏြေန႔ ညေနက လီဗာပူးလ္နဲ႔ ခရစၥတယ္ ပဲေလ့စ္တို႔ရဲ႕ ပြဲစဥ္ေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ၾကမွာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ မဆုတ္တမ္းခံစစ္ႀကီးဆိုတဲ့ အန္းဖီးမွာပဲ အတီးခံခဲ့ရတာ ၂ ပြဲဆက္တိုက္ ရွိလာခဲ့ၿပီျဖစ္ၿပီး ကေလာ့ပ္ ထြက္ခြာနီး ကစားသမားေတြက ေက်းဇူးဆပ္ေနသလားေတာင္ ထင္ရပါတယ္။

လီဗာပူးလ္ရဲ႕ ပရီးမီးယားလိဂ္ဖလား ေမွ်ာ္လင့္ခ်က္ဟာ ခရစၥတယ္ပဲေလ့စ္ကို အန္းဖီးမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ေနာက္ထပ္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး ကေလာ့ပ္ရဲ႕အသင္းက ပထမပိုင္းမွာ အီဘရီခ်ီ အီဇီရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ေခ်ပဂိုး ျပန္လည္ရွာမေတြ႕ခဲ့တာ ျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာ အေရးႀကီးတဲ့ ႏိုင္ပြဲကို ရယူႏိုင္ခဲ့တာေၾကာင့္ တန္းဆင္းဇုန္ရဲ႕အထက္ ၈ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီး လီဗာပူးလ္နဲ႔ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၁၃ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ႏိုင္ပြဲမရွိခဲ့တဲ့ စံခ်ိန္ဆိုးကို ရပ္တန႔္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.