Match Report Premier League

လူတန်ကို ပလူပျံနေအောင် ဂိုးသွင်းပြီး ဇယားထိပ် တက်လှမ်းခဲ့တဲ့ စီးတီး

စနေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ လူတန်တို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်တွေက ၅-၁ နဲ့ ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်အသာနဲ့ ယာယီ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်း စစချင်း ၂ မိနစ်မှာပဲ ဟာရှိုကာက ဟာလန်းရဲ့ နောက်ပြန်ကန်ချက်ကို ပိတ်ဆို့ခဲ့ရာမှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး မန်ချက်စတာစီးတီးတို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးတို့က ပထမပိုင်းတစ်ပိုင်းလုံး ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း ကာမင်းစကီးက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့်​ နောက်ထပ် ဦးဆောင်ဂိုးတွေ မရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ကပဲ အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၆၄ မိနစ်မှာ ကိုဗာချစ်က အယ်လ်ဗာရက်ဇ် ဒိုကုနဲ့ ဝမ်းတူးရိုက်ပြီး ပေးပို့လိုက်တဲ့ဘောလုံးကို မြေမကျဘော ကန်သွင်းယူပြီး နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

၆၆ မိနစ်မှာ လူတန်တို့ ချေပဂိုး သွင်းယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိခဲ့ပြီး ဝုဒ်ရိုးရဲ့ ကန်ချက်က ဂိုးဘားတန်းထိပြီး ထွက်သွားခဲ့တာကြောင့် ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပြီး ဒီဂိုးကန်သွင်းချက်က ပွဲစဉ်အတွင်း ပထမဆုံး ဂိုးပေါက်ကန်သွင်းမှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

၇၅ မိနစ်မှာတော့ ပင်နယ်တီဧရိယာထဲကို ပြေးဝင်ခဲ့တဲ့ ဒိုကုကို လူတန်နောက်ခံလူ အွန်ယဲဒီမာက လှဲချခဲ့တာကြောင့် ဒိုင်လူကြီးက မန်စီးတီးကို ပင်နယ်တီပေးခဲ့ပြီး ဟာလန်းက အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၇ မိနစ်အကြာမှာ လူတန်တို့ ချေပဂိုး တစ်ဂိုး ပြန်လည်ရရှိခဲ့ပြီး ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားခဲ့တဲ့ နူးနက်စ်ဆီက ရခဲ့တဲ့ ဘောလုံးကို ဘာကလေက ပင်နယ်တီဧရိယာထဲ ဆွဲပြေးပြီး ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၅ မိနစ်အကြာမှာ ဒိုကုက ဂဗာဒီယောလ်ပေးပို့လိုက်တဲ့ ဘောလုံးကို လူတန်နောက်ခံလူတွေကို တကိုယ်တော်အစွမ်းနဲ့ ဖြတ်ကျော်ပြီး ဂိုးအောက်ထောင့်ထဲကို ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးလို့ နာကျင်အချိန်ပို ၉၀+၃ မိနစ်မှာ မန်စီးတီးအတွက် ပဉ္စမမြောက်နဲ့ နောက်ဆုံးသွင်းဂိုးကို ဂဗာဒီယောလ်က ဒိုကုရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လူတန်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် တနင်္ဂနွေနေ့ည အက်စတန် ဗီလာနဲ့ ကစားသွားမယ့် အာဆင်နယ်ရဲ့အထက် ၂ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စေနေန႔ညမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္စီးတီးနဲ႔ လူတန္တို႔ရဲ႕ပြဲစဥ္မွာ အိမ္ရွင္ေတြက ၅-၁ နဲ႔ ဂိုးျပတ္ အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၂ မွတ္အသာနဲ႔ ယာယီ ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပထမပိုင္း စစခ်င္း ၂ မိနစ္မွာပဲ ဟာရႈိကာက ဟာလန္းရဲ႕ ေနာက္ျပန္ကန္ခ်က္ကို ပိတ္ဆို႔ခဲ့ရာမွာ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့ၿပီး မန္ခ်က္စတာစီးတီးတို႔ ဦးေဆာင္ဂိုး စတင္ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးတို႔က ပထမပိုင္းတစ္ပိုင္းလုံး ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ရယူၿပီး ဂိုးသြင္းခြင့္ေတြ ရခဲ့ေပမယ့္လည္း ကာမင္းစကီးက လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္​ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ မရခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း မန္စီးတီးတို႔ကပဲ အသာစီးနဲ႔ ကစားႏိုင္ခဲ့ၿပီး ၆၄ မိနစ္မွာ ကိုဗာခ်စ္က အယ္လ္ဗာရက္ဇ္ ဒိုကုနဲ႔ ဝမ္းတူး႐ိုက္ၿပီး ေပးပို႔လိုက္တဲ့ေဘာလုံးကို ေျမမက်ေဘာ ကန္သြင္းယူၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

၆၆ မိနစ္မွာ လူတန္တို႔ ေခ်ပဂိုး သြင္းယူႏိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနကို ေရာက္ရွိခဲ့ၿပီး ဝုဒ္႐ိုးရဲ႕ ကန္ခ်က္က ဂိုးဘားတန္းထိၿပီး ထြက္သြားခဲ့တာေၾကာင့္ ဂိုးရရွိမယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာ ျဖစ္ၿပီး ဒီဂိုးကန္သြင္းခ်က္က ပြဲစဥ္အတြင္း ပထမဆုံး ဂိုးေပါက္ကန္သြင္းမႈလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

၇၅ မိနစ္မွာေတာ့ ပင္နယ္တီဧရိယာထဲကို ေျပးဝင္ခဲ့တဲ့ ဒိုကုကို လူတန္ေနာက္ခံလူ အြန္ယဲဒီမာက လွဲခ်ခဲ့တာေၾကာင့္ ဒိုင္လူႀကီးက မန္စီးတီးကို ပင္နယ္တီေပးခဲ့ၿပီး ဟာလန္းက အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၇ မိနစ္အၾကာမွာ လူတန္တို႔ ေခ်ပဂိုး တစ္ဂိုး ျပန္လည္ရရွိခဲ့ၿပီး ပင္နယ္တီဧရိယာအျပင္ဘက္မွာ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးသြားခဲ့တဲ့ ႏူးနက္စ္ဆီက ရခဲ့တဲ့ ေဘာလုံးကို ဘာကေလက ပင္နယ္တီဧရိယာထဲ ဆြဲေျပးၿပီး ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၅ မိနစ္အၾကာမွာ ဒိုကုက ဂဗာဒီေယာလ္ေပးပို႔လိုက္တဲ့ ေဘာလုံးကို လူတန္ေနာက္ခံလူေတြကို တကိုယ္ေတာ္အစြမ္းနဲ႔ ျဖတ္ေက်ာ္ၿပီး ဂိုးေအာက္ေထာင့္ထဲကို ဝိုက္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးလို႔ နာက်င္အခ်ိန္ပို ၉၀+၃ မိနစ္မွာ မန္စီးတီးအတြက္ ပၪၥမေျမာက္နဲ႔ ေနာက္ဆုံးသြင္းဂိုးကို ဂဗာဒီေယာလ္က ဒိုကုရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ လူတန္ကို ၅-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ တနဂၤေႏြေန႔ည အက္စတန္ ဗီလာနဲ႔ ကစားသြားမယ့္ အာဆင္နယ္ရဲ႕အထက္ ၂ မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.