Match Report Premier League

နွားမနင်းဘဲ ငှက်ကျားဗျင်းလို့ ကုန်ခဲ့တဲ့ ပိုစတီကိုဂလူရဲ့စပါးခင်း

စနေနေ့နေ့လယ်အစောပိုင်းမှာ ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်ငှက်ကျားတွေက အလက်ဇန်းဒါး အီဆက်ခ်ရဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းခြေစွမ်းကောင်းကြောင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ပိုမိုအားကောင်းလာခဲ့ပြီဖြစ်ပါတယ်။

အီဆက်ခ်ဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ် ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး အန်သိုနီ ဂေါ်ဒွန်နဲ့ ဖေဘီယံ ရှားတို့ကလည်း အိမ်ရှင်တွေအတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။

တော့တင်ဟမ်ဟော့စပါးအတွက် တီမို ဗာနာက ဂိုးသွင်းယူဖို့ အခွင့်အရေးကောင်း ၂ ကြိမ်အထိ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း စိတ်ပျက်စရာ အဆုံးသတ်ကြောင့် ဧည့်သည်တို့ သိက္ခာဆယ်ဂိုးလေးတောင် မရခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ရဲ့ အလွန်ကြီးမားတဲ့ နိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ယနေ့ည ဘုန်းမောက်နဲ့ ကစားရမယ့် မန်ယူနိုက်တက်ထက် ၁ မှတ်အသာစီး ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကတော့ အက်စတန် ဗီလာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၅ နေရာကို ကျဆင်းခဲ့ရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စေနေန႔ေန႔လယ္အေစာပိုင္းမွာ ကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ စပါးတို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ငွက္က်ားေတြက အလက္ဇန္းဒါး အီဆက္ခ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ဂိုးသြင္းေျခစြမ္းေကာင္းေၾကာင့္ ဂိုးျပတ္အႏိုင္ရခဲ့ၿပီး လာမယ့္ရာသီ ဥေရာပဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ပိုမိုအားေကာင္းလာခဲ့ၿပီျဖစ္ပါတယ္။

အီဆက္ခ္ဟာ ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး အိမ္ကြင္း စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ၆ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆြီဒင္ တိုက္စစ္မႉးဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၂၄ ပြဲမွာ ၁၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး အန္သိုနီ ေဂၚဒြန္နဲ႔ ေဖဘီယံ ရွားတို႔ကလည္း အိမ္ရွင္ေတြအတြက္ ဂိုးေတြ သြင္းယူေပးခဲ့ၾကပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ တီမို ဗာနာက ဂိုးသြင္းယူဖို႔ အခြင့္အေရးေကာင္း ၂ ႀကိမ္အထိ ပိုင္ဆိုင္ခဲ့ေပမယ့္လည္း စိတ္ပ်က္စရာ အဆုံးသတ္ေၾကာင့္ ဧည့္သည္တို႔ သိကၡာဆယ္ဂိုးေလးေတာင္ မရခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ရဲ႕ အလြန္ႀကီးမားတဲ့ ႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၆ ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ယေန႔ည ဘုန္းေမာက္နဲ႔ ကစားရမယ့္ မန္ယူႏိုက္တက္ထက္ ၁ မွတ္အသာစီး ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးကေတာ့ အက္စတန္ ဗီလာနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ ၅ ေနရာကို က်ဆင္းခဲ့ရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.