Premier League

နောက်ဆုံးရ အာဆင်နယ်သတင်းများစုစည်းမှု

-အာဆင်နယ်နည်းပြ အာတီတာဟာ ချာလီ ပါတီနို အပြီးသတ်ထွက်ခွာမှုကို ခွင့်ပြုပေးသွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး လူငယ်ကွင်းလယ်ကစားသမားဟာ ဂန်းနားတွေအတွက် စီနီယာပွဲ ၂ ပွဲသာ ကစားပေးခဲ့ရာမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတုန်းက ဆန်းဒါးလန်းနဲ့ပွဲမှာ ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီနောက်ပိုင်းကတည်းက အာဆင်နယ်လူစာရင်းထဲမှာ ပုံမှန်တစ်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာ ဘလက်ပူးလ်၊ ဒီနှစ်မှာ ဆွမ်ဆီးစီးတီးတို့ကို အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ကာလရှည် အနာဂတ်က မရေမရာဖြစ်နေတာကြောင့် ပါတီနိုက လက်ရှိမှာ အသင်းကို အပြီးသတ်စွန့်ခွာဖို့ ပြင်ဆင်နေပြီး အာဆင်နယ်ကလည်း ကစားသမားရဲ့ ဆန္ဒကို ပိတ်ပင်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

-အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားဟာ အာတီတာရဲ့အသင်းကို လာမယ့်နှစ်တွေမှာ ပိုပြီးကြီးမားတဲ့ အောင်မြင်မှုရရှိလာဖို့ လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ရာသီနောက်ဆုံး ၇ ပွဲကို အမှတ်ပေးဇယားထိပ်ဆုံးက အသင်းအနေနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဖာဘရီဂတ်စ်က ဂန်းနားတွေမှာ တောက်ပတဲ့အနာဂတ်ရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဖလားရခဲ့ရင် ဘယ်လောက်အဓိပ္ပာယ်ရှိမလဲဆိုတာကို ခင်ဗျား တွေးကြည့်နိုင်တာ သိသာပါတယ်။ ဖလားရတာထက်ကို ပိုသလို ယုံကြည်မှုတွေလည်း ပြန်ရလာမှာပါ။ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကြား၊ ပရိသတ်တွေကြားနဲ့ တစ်သင်းလုံးကြားမှာ ယုံကြည်မှုတွေ ပြန်ရလာမှာပါ။ ကျွန်တော် အဲဒီမှာ ရှိနေခဲ့တဲ့အချိန်တုန်းက မိသားစုမျိုး ပြန်ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့က အားကောင်းပြီး အနိုင်ယူနိုင်တယ်ဆိုတာကို သိတယ်ဆိုတဲ့ အခိုက်အတန့်မျိုးပေါ့။ အခုအချိန်မှာ နည်းနည်းတော့ ငါတို့ အဆင်သင့်ဖြစ်ပြီလား၊ မဖြစ်သေးဘူးလားဆိုပြီး ဖြစ်နေမှာပါ။ သူတို့တွေသာ ပထမဆုံးဖလားတစ်လုံးရယူနိုင်ရင် ထိပ်တန်းဖလားတွေအားလုံးကို စိန်ခေါ်နိုင်တဲ့ အာဆင်နယ်ဖြစ်လာမယ်လို့ ယုံကြည်တယ်။”လို့ ပြောကြားခဲ့ပါတယ်။

-အာတီတာက ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ယူရီယန် တင်းဘားရဲ့ အခြေအနေနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ သူ့ကို အနည်းဆုံး ယူ-၂၃ အသင်းနဲ့ တစ်ပွဲလောက်တော့ ကစားစေချင်တယ်။ ပြီးတော့ လေ့ကျင့်ရေးမှာရောပဲ တစ်ပွဲကစားစေချင်ပါတယ်။ ဒါတွေက သူ့ကို ကျွန်တော်တို့ ပထမအသင်းထဲ ပြန်မမြင်ရခင် လုပ်ရမယ့် ခြေလှမ်းတွေပါ။ သူက လေ့ကျင့်ရေးမှာ အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်။ အခု တကယ့်ပွဲအတွက် ကြံ့ခိုင်မှု ရဖို့ပဲ လုပ်ရတော့မယ်”လို့ ပြောဆိုခဲ့ပါတယ်။

-လေ့ကျင့်ရေး အစီအစဉ်ကနေ ပျောက်ဆုံးနေခဲ့တဲ့ ဂါဘရီယဲလ် မာတီနယ်လီက ကြံ့ခိုင်မှု ပြည့်ဝလာမှာလားလို့ မေးမြန်းခံခဲ့ရချိန်မှာ အာတီတာက “ကျွန်တော်တို့ ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ တစ်ရက်အချိန်ရသေးတယ်။ မနက်ဖြန်ကျရင် အားလုံး ပါဝင်ကစားပေးနိုင်မလားဆိုတာကို ကြည့်ကြတာပေ့ါ။”လို့ ပြောဆိုခဲ့ပါတယ်။

-ပရီးမီးယားလိဂ်မှာ အသုံးပြုတော့မယ့် ဆီမီးအော်တိုမိတ် လူကျွံဘောနည်းပညာနဲ့ပတ်သက်ပြီး အာတီတာက “ဒါက အပြည့်အဝ သဘောတူညီမှုရပြီးသားလို့ ထင်တယ်။ အဲဒီတော့ ပိုပြီးကောင်းမွန်လာမယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ အဲဒါက ပိုပြီးတော့ လျင်မြန်လာမှာဖြစ်ပြီး ပိုပြီးတော့ ထိရောက်မှုရှိမယ်ထင်တယ်။ အဲဒီတော့ ကျွန်တော်တို့အတွက် အလုပ်ဖြစ်ပြီး အရမ်းအပြုသဘောဆောင်မယ်လို့ မျှော်လင့်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဂျွန်အာနီရီဆာက အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က ဒန်းနစ် ဘားကမ့်နဲ့ မီဆွတ် အိုဇေးလ်တို့ထက် ပိုပြီး ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“မာတင် အော်ဒီဂွါဒ်က ဘားကမ့်နဲ့ အိုဇေးလ်တို့ထက် ပိုပြီးပြည့်စုံတဲ့ကစားသမားပါ။ မာတင်က သူတို့လုပ်ခဲ့တာထက်ပိုပြီးတော့ လုပ်နိုင်တယ်။ သူက ဘောလုံးကိုင်ကစားရတဲ့အချိန်မှာ ပိုပြီး ပြီးပြည့်စုံတယ်။ သူ့ရဲ့ ခံစစ်စွမ်းရည်နဲ့ ခေါင်းဆောင်မှုစွမ်းရည်ကလည်း တိုးတက်လာခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဘားကမ့်က အရမ်းထူးချွန်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ သီယာရီ အွန်နရီနဲ့အတူ အာဆင်နယ်ပရိသတ်တွေက သူတို့ရဲ့ အကောင်းဆုံးကစားသမားလို့ ယူဆကြတဲ့ ကစားသမားတစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မာတင်က သူတို့နဲ့အတူ အကောင်းဆုံးလို့ သတ်မှတ်ခံရနိုင်တဲ့ အလားအလာရှိတယ်။ သူ အာဆင်နယ်ကို စွန့်ခွာတဲ့အခါ ချန်ထားမယ့် အမွေအနှစ်တွေအပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် မာတင်က ပိုပြီး ပြီးပြည့်စုံတဲ့ကစားသမားလို့ ကျွန်တော် ထင်တယ်။ ခင်ဗျား အားလုံးကို ခြုံကြည့်လိုက်ရင် သူက သူတို့အဆင့်အတန်းကို ရောက်နေပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-အာဆင္နယ္နည္းျပ အာတီတာဟာ ခ်ာလီ ပါတီႏို အၿပီးသတ္ထြက္ခြာမႈကို ခြင့္ျပဳေပးသြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး လူငယ္ကြင္းလယ္ကစားသမားဟာ ဂန္းနားေတြအတြက္ စီနီယာပြဲ ၂ ပြဲသာ ကစားေပးခဲ့ရာမွာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာတုန္းက ဆန္းဒါးလန္းနဲ႔ပြဲမွာ ပြဲဦးထြက္မွာပဲ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီေနာက္ပိုင္းကတည္းက အာဆင္နယ္လူစာရင္းထဲမွာ ပုံမွန္တစ္ေနရာရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီမွာ ဘလက္ပူးလ္၊ ဒီႏွစ္မွာ ဆြမ္ဆီးစီးတီးတို႔ကို အငွားထြက္ကစားခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ ကာလရွည္ အနာဂတ္က မေရမရာျဖစ္ေနတာေၾကာင့္ ပါတီႏိုက လက္ရွိမွာ အသင္းကို အၿပီးသတ္စြန႔္ခြာဖို႔ ျပင္ဆင္ေနၿပီး အာဆင္နယ္ကလည္း ကစားသမားရဲ႕ ဆႏၵကို ပိတ္ပင္သြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

-အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း ဖာဘရီဂတ္စ္က ဒီရာသီ ပရီးမီးယားလိဂ္ဖလားဟာ အာတီတာရဲ႕အသင္းကို လာမယ့္ႏွစ္ေတြမွာ ပိုၿပီးႀကီးမားတဲ့ ေအာင္ျမင္မႈရရွိလာဖို႔ လႈံ႕ေဆာ္ေပးႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဂန္းနားေတြဟာ ပရီးမီးယားလိဂ္ရာသီေနာက္ဆုံး ၇ ပြဲကို အမွတ္ေပးဇယားထိပ္ဆုံးက အသင္းအေနနဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ဖာဘရီဂတ္စ္က ဂန္းနားေတြမွာ ေတာက္ပတဲ့အနာဂတ္ရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဖလားရခဲ့ရင္ ဘယ္ေလာက္အဓိပၸာယ္ရွိမလဲဆိုတာကို ခင္ဗ်ား ေတြးၾကည့္ႏိုင္တာ သိသာပါတယ္။ ဖလားရတာထက္ကို ပိုသလို ယုံၾကည္မႈေတြလည္း ျပန္ရလာမွာပါ။ ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြၾကား၊ ပရိသတ္ေတြၾကားနဲ႔ တစ္သင္းလုံးၾကားမွာ ယုံၾကည္မႈေတြ ျပန္ရလာမွာပါ။ ကြၽန္ေတာ္ အဲဒီမွာ ရွိေနခဲ့တဲ့အခ်ိန္တုန္းက မိသားစုမ်ိဳး ျပန္ျဖစ္လာလိမ့္မယ္။ ကြၽန္ေတာ္တို႔က အားေကာင္းၿပီး အႏိုင္ယူႏိုင္တယ္ဆိုတာကို သိတယ္ဆိုတဲ့ အခိုက္အတန႔္မ်ိဳးေပါ့။ အခုအခ်ိန္မွာ နည္းနည္းေတာ့ ငါတို႔ အဆင္သင့္ျဖစ္ၿပီလား၊ မျဖစ္ေသးဘူးလားဆိုၿပီး ျဖစ္ေနမွာပါ။ သူတို႔ေတြသာ ပထမဆုံးဖလားတစ္လုံးရယူႏိုင္ရင္ ထိပ္တန္းဖလားေတြအားလုံးကို စိန္ေခၚႏိုင္တဲ့ အာဆင္နယ္ျဖစ္လာမယ္လို႔ ယုံၾကည္တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

-အာတီတာက ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာတဲ့ ယူရီယန္ တင္းဘားရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔ သူ႔ကို အနည္းဆုံး ယူ-၂၃ အသင္းနဲ႔ တစ္ပြဲေလာက္ေတာ့ ကစားေစခ်င္တယ္။ ၿပီးေတာ့ ေလ့က်င့္ေရးမွာေရာပဲ တစ္ပြဲကစားေစခ်င္ပါတယ္။ ဒါေတြက သူ႔ကို ကြၽန္ေတာ္တို႔ ပထမအသင္းထဲ ျပန္မျမင္ရခင္ လုပ္ရမယ့္ ေျခလွမ္းေတြပါ။ သူက ေလ့က်င့္ေရးမွာ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ခဲ့တယ္။ အခု တကယ့္ပြဲအတြက္ ႀကံ့ခိုင္မႈ ရဖို႔ပဲ လုပ္ရေတာ့မယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

-ေလ့က်င့္ေရး အစီအစဥ္ကေန ေပ်ာက္ဆုံးေနခဲ့တဲ့ ဂါဘရီယဲလ္ မာတီနယ္လီက ႀကံ့ခိုင္မႈ ျပည့္ဝလာမွာလားလို႔ ေမးျမန္းခံခဲ့ရခ်ိန္မွာ အာတီတာက “ကြၽန္ေတာ္တို႔ ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ တစ္ရက္အခ်ိန္ရေသးတယ္။ မနက္ျဖန္က်ရင္ အားလုံး ပါဝင္ကစားေပးႏိုင္မလားဆိုတာကို ၾကည့္ၾကတာေပ့ါ။”လို႔ ေျပာဆိုခဲ့ပါတယ္။

-ပရီးမီးယားလိဂ္မွာ အသုံးျပဳေတာ့မယ့္ ဆီမီးေအာ္တိုမိတ္ လူကြၽံေဘာနည္းပညာနဲ႔ပတ္သက္ၿပီး အာတီတာက “ဒါက အျပည့္အဝ သေဘာတူညီမႈရၿပီးသားလို႔ ထင္တယ္။ အဲဒီေတာ့ ပိုၿပီးေကာင္းမြန္လာမယ္ဆိုတဲ့အဓိပၸာယ္ပါ။ အဲဒါက ပိုၿပီးေတာ့ လ်င္ျမန္လာမွာျဖစ္ၿပီး ပိုၿပီးေတာ့ ထိေရာက္မႈရွိမယ္ထင္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔အတြက္ အလုပ္ျဖစ္ၿပီး အရမ္းအျပဳသေဘာေဆာင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

-လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း ဂြၽန္အာနီရီဆာက အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က ဒန္းနစ္ ဘားကမ့္နဲ႔ မီဆြတ္ အိုေဇးလ္တို႔ထက္ ပိုၿပီး ၿပီးျပည့္စုံတဲ့ ကစားသမားျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

“မာတင္ ေအာ္ဒီဂြါဒ္က ဘားကမ့္နဲ႔ အိုေဇးလ္တို႔ထက္ ပိုၿပီးျပည့္စုံတဲ့ကစားသမားပါ။ မာတင္က သူတို႔လုပ္ခဲ့တာထက္ပိုၿပီးေတာ့ လုပ္ႏိုင္တယ္။ သူက ေဘာလုံးကိုင္ကစားရတဲ့အခ်ိန္မွာ ပိုၿပီး ၿပီးျပည့္စုံတယ္။ သူ႔ရဲ႕ ခံစစ္စြမ္းရည္နဲ႔ ေခါင္းေဆာင္မႈစြမ္းရည္ကလည္း တိုးတက္လာခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဘားကမ့္က အရမ္းထူးခြၽန္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္တို႔ သိတယ္။ သီယာရီ အြန္နရီနဲ႔အတူ အာဆင္နယ္ပရိသတ္ေတြက သူတို႔ရဲ႕ အေကာင္းဆုံးကစားသမားလို႔ ယူဆၾကတဲ့ ကစားသမားတစ္ေယာက္ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ မာတင္က သူတို႔နဲ႔အတူ အေကာင္းဆုံးလို႔ သတ္မွတ္ခံရႏိုင္တဲ့ အလားအလာရွိတယ္။ သူ အာဆင္နယ္ကို စြန႔္ခြာတဲ့အခါ ခ်န္ထားမယ့္ အေမြအႏွစ္ေတြအေပၚမွာပဲ မူတည္ပါတယ္။ ဒါေပမယ့္ မာတင္က ပိုၿပီး ၿပီးျပည့္စုံတဲ့ကစားသမားလို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား အားလုံးကို ၿခဳံၾကည့္လိုက္ရင္ သူက သူတို႔အဆင့္အတန္းကို ေရာက္ေနပါၿပီ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.