Premier League

သရဲနီတွေနဲ့ ချဲလ်ဆီးတို့တိုင်ပတ်ဦးမယ့် ဒီအပတ်ပွဲတွေအတွက် ဆပ်တန်ဟောကိန်းများ

နယူးကာဆယ်-စပါးစ်

နယူးကာဆယ်က ဝက်စ်ဟမ်းကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲတုန်း ကျွန်တော်ရှိနေခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ဂိုးအနည်းငယ်ကို ကျွန်တော် မျှော်လင့်ထားတယ်။ နယူးကာဆယ်က ပြီးခဲ့တဲ့အပတ်တုန်းက ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲကို မမြင်ခဲ့ဘူး။ ဒါပေမယ့် အရမ်းကောင်းတဲ့ရလဒ်ပါ။ အဲဒါက သူတို့တွေ အခု ဇယားအပေါ်ကို တက်ဖို့ ကြိုးစားနေပြီဆိုတဲ့အဓိပ္ပာယ်ပါ။ စပါးစ်ရဲ့ ပစ်မှတ်က အဆင့် ၄ နေရာမှာ ပြီးဆုံးဖို့ ဖြစ်ပြီး ဒီပွဲမှာ သရေ ၁ မှတ်နဲ့ ကျေနပ်မှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၂-၃)

ဘရန့်တ်ဖို့ဒ်-ရှက်ဖီး

ရှက်ဖီးက ရမှတ်တွေရဖို့ တိုက်ပွဲဝင်နေတုန်းဆိုပေမယ့် သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ မျှော်လင့်ချက်နည်းနည်းလေးရှိရင်တောင်မှ ကျွန်တော်ကတော့ မထင်ပါဘူး။ ပြီးခဲ့တဲ့အပတ် ချဲလ်ဆီးနဲ့ပွဲမှာ ရခဲ့တဲ့ အမှတ်က ရှက်ဖီးရဲ့ ၄ ပွဲမှာ ၃ ပွဲမြောက်သရေပွဲပါ။ ဒါပေမယ့် သူတို့က ဇယားအောက်ခြေမှာ ရှိနေရတာကြောင့် ပရီးမီးယားလိဂ်မှာရှင်သန်ကျန်ရစ်ဖို့ နိုင်ပွဲတွေ မဖြစ်မနေလိုနေပါပြီ။ ဘရန့်တ်ဖို့ဒ်ရဲ့ ပြီးခဲ့တဲ့ရလဒ်တွေကို ကြည့်လိုက်ရင်လည်း ရှက်ဖီးနဲ့ အလားတူပဲ။ ဒါပေမယ့် ကွာတာက ပျားတွေက တန်းဆင်းဇုန်အထက်မှာပါ။ သူတို့အတွက် အန္တရာယ်မရှိပေမယ့် ဒီပွဲနိုင်ရင်လည်း သူတို့အတွက် ကြီးမားတဲ့ရလဒ်ဖြစ်မှာပါ။ သူတို့တွေက ရှက်ဖီးထက် တိုက်စစ်ပိုင်းမှာ အရည်အသွေးပိုရှိတယ်။ အဲဒါကပဲ စကားပြောသွားမယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၀)

ဘန်လေ-ဘရိုက်တန်

ဇယားကိုကြည့်ရင် ဘန်လေက နောက်ဆုံး ၆ ပွဲကနေ နိုင်ပွဲ ၄ ပွဲလောက်ရမှ တန်းမဆင်းရမှာပါ။ ဒါက သူတို့တွေ ဒီရာသီကစားခဲ့တဲ့ ၃၂ ပွဲက နိုင်ပွဲအရေအတွက်နဲ့ တူနေပါတယ်။ အဲဒီတော့ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်လာတော့မှာပါ။ သူတို့တွေ ဒီပွဲကနေ တခုခုတော့ ရနိုင်မှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

မန်စီးတီး-လူတန်

မန်စီးတီးက ဒီရာသီအစောပိုင်း ကန်နေးလ်ဝေါ့သ်ရုဒ်မှာ လူတန်ကို အနိုင်ယူခဲ့ပြီးတော့ အက်ဖ်အေဖလားမှာလည်း ဖြုတ်ပစ်နိုင်ခဲ့တယ်။ ဒီပွဲက ဒီရာသီ သူတို့ ၂ သင်းနောက်ဆုံးတွေ့တဲ့ပွဲပါ။ စီးတီးကပဲ သက်တောင့်သက်သာအနိုင်ရသွားမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၃-၀)

ဖောရက်စ်-ဝုဗ်

ဖောရက်စ်အတွက် ပြီးခဲ့တဲ့အပတ်က စပါးစ်နဲ့ပွဲက ရှုံးပွဲကနေ ပြန်လာဖို့ လိုပါတယ်။ ကျွန်တော် အမြဲတွေးခဲ့တာက ဝုဗ်က စုဖွဲ့မှုကောင်းတယ်။ ဒါပေမယ့်လည်း သူတို့တွေက နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့တယ်။ ဝုဗ်နည်းပြ ဂယ်ရီ အိုနေးလ်က ဝက်စ်ဟမ်းကို ရှုံးတဲ့ပွဲမှာ နောက်ကျဂိုးကို ပယ်ဖျက်ခံရလို့ ဒေါသထွက်နေဦးမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

ဘုန်းမောက်-မန်ယူနိုက်တက်

မန်ယူနိုက်တက်နည်းပြ တန်ဟက်က ဘရန့်တ်ဖို့ဒ်၊ ချဲလ်ဆီး၊ လီဗာပူးလ်တို့နဲ့ ပွဲတွေကို အနိုင်ရခဲ့သင့်တယ်လို့ ပြောတယ်။ အဲဒီလိုပြောတာက သူတို့တွေ တွေ့ဆုံတဲ့တစ်ကြိမ်ချင်းစီက အချက်တွေအပေါ်မှာ မူတည်ပြီးပြောတာတဲ့။ ကျွန်တော်ကတော့ ဘယ်ပွဲကို သူကြည့်ပြောတာလဲ သိချင်ပါတယ်။ လီဗာပူးလ်နဲ့ပွဲကိုကြည့်ရင် တစ်ပွဲလုံး သူတို့ ခံနေရတယ်။ ဘရန့်တ်ဖို့ဒ်ကလည်း အခွင့်အရေးတွေ ဖြုန်းခဲ့တယ်။ ချဲလ်ဆီးနဲ့ပွဲမှာလည်း ကိုင်ဆေဒို နောက်ပြန်တလွဲပေးခဲ့လို့ သူတို့ကံကောင်းသွားတာပါ။ ဘုန်းမောက်က ဒီဇင်ဘာတုန်းက အိုးထရက်ဖို့ဒ်မှာ ၃-၀ နဲ့ အနိုင်ရတုန်းက အရမ်းကောင်းခဲ့တယ်။ သူတို့တွေ ဒီပွဲမှာလည်း ထပ်လုပ်နိုင်မယ်ထင်ပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

လီဗာပူးလ်-ပဲလေ့စ်

လီဗာပူးလ်အတွက် မဖြစ်မနေအနိုင်ကစားရမယ့်ပွဲပါ။ သူတို့တွေ ယူရိုပါလိဂ်မှာ အတ္တလန္တာကို အန်းဖီးမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်ခဲ့ကြမှာပါ။ အဲဒါကို အားအဖြစ် ပြန်သုံးရမယ်။ ကလော့ပ်ရဲ့အသင်းမှာ ပြဿနာတစ်ခုရှိတာက ဆာလားက ဒဏ်ရာကပြန်လာကတည်းက အရင်တုန်းကလို မထက်မြက်ဘူးဖြစ်နေတယ်။ အခွင့်အရေးတွေ လွဲခဲ့တယ်။ ပဲလေ့စ်က ဘန်လေကို အနိုင်ရပြီးကတည်းက နောက်ဆုံး ၅ ပွဲစလုံး နိုင်ပွဲမရခဲ့ဘူး။ သူတို့တွေ ရမှတ်အချို့ရဖို့လိုတယ်။ အဲဒါမှ တန်းဆင်းဇုန်နဲ့ ရှောင်လွှဲနိုင်မှာပါ။ ဒါပေမယ့် အန်းဖီးမှာတော့ မရနိုင်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၃-၀)

ဝက်စ်ဟမ်း-ဖူလ်ဟမ်

ဘိုဝင်ရဲ့ဒဏ်ရာက ဝက်စ်ဟမ်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တယ်ဆိုတာ လေဗာကူဆင်ကို ကြာသပတေးနေ့ညက ယူရိုပါလိဂ်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲက သက်သေပါပဲ။ ဒီပွဲကတော့ သရေလောက်ပဲ သွားပါလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၂)

အာဆင်နယ်-အက်စတန်ဗီလာ

အာဆင်နယ်က ဘိုင်ယန်နဲ့ ကစားခဲ့တဲ့ပွဲက စွမ်းဆောင်ရည်အတွက် နည်းနည်း ဝေဖန်ခံခဲ့ရတယ်။ ဒါပေမယ့် သူတို့ကစားတာ မဆိုးပါဘူး။ ဂန်းနားတွေအတွက် ဒီပွဲက နည်းနည်း အန္တရာယ်များတဲ့ပွဲဖြစ်ပြီး အူနိုင်းက အမ်းမရိတ်စ်ကို ပြန်လာမှာပါ။ ခရစ္စမတ်မတိုင်ခင်က ဗီလာက သူတို့ကို အနိုင်ယူခဲ့ပြီး သူတို့တွေက တိုက်စစ်ပိုင်းမှာ အရမ်းအန္တရာယ်ရှိတဲ့အသင်းပါ။ ဗီလာက ဒီပွဲမှာလည်း ဂိုးရမှာ သေချာပေမယ့် အာဆင်နယ်ထက်တော့ ပိုမသွင်းနိုင်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၃-၁)

ချဲလ်ဆီး-အဲဗာတန်

ချဲလ်ဆီးပွဲဆိုရင် ထုံးစံအတိုင်းပဲ ဒီပွဲအတွက် ဘာပြောရမလဲ မသိဘူး။ သူတို့တွေရလဒ်ကို ပြန်ကြည့်ရင် လိဂ်မှာ ၇ ပွဲအထိ ရှုံးပွဲမရှိဘူး။ ဒါပေမယ့် အဲဒီထဲက ၄ ပွဲကို သရေကျခဲ့တယ်။ အဲဗာတန်က ပိုချက်တီနိုရဲ့အသင်းကို ဂွတ်ဒီဆင်ပါ့ခ်တုန်းက အနိုင်ယူခဲ့တယ်။ဒါပေမယ့် အဲဗာတန်က ပြီးခဲ့တဲ့အပတ်က ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲရခဲ့တယ်။ ဘန်လေကို အနိုင်ယူခဲ့တာက သူတို့အတွက် ကြီးမားတဲ့ရလဒ်ပါ။ ဒါပေမယ့် သူတို့တွေ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အဲဒီအတိုင်း လိုက်လုပ်နိုင်ဖို့ လိုတယ်။ ချဲလ်ဆီးက ပိုချက်တီနိုပြောသလိုပဲ တိုးတက်နေဆဲအသင်းဖြစ်တာကြောင့် ဒီပွဲမှာ အဲဗာတန်က ၁ မှတ်ရယူသွားမယ့်ဘက်က ကျွန်တော်ရှိပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္-စပါးစ္

နယူးကာဆယ္က ဝက္စ္ဟမ္းကို ၄-၃ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲတုန္း ကြၽန္ေတာ္ရွိေနခဲ့ၿပီး ဒီတစ္ႀကိမ္မွာလည္း ဂိုးအနည္းငယ္ကို ကြၽန္ေတာ္ ေမွ်ာ္လင့္ထားတယ္။ နယူးကာဆယ္က ၿပီးခဲ့တဲ့အပတ္တုန္းက ဖူလ္ဟမ္ကို အႏိုင္ရခဲ့တဲ့ပြဲကို မျမင္ခဲ့ဘူး။ ဒါေပမယ့္ အရမ္းေကာင္းတဲ့ရလဒ္ပါ။ အဲဒါက သူတို႔ေတြ အခု ဇယားအေပၚကို တက္ဖို႔ ႀကိဳးစားေနၿပီဆိုတဲ့အဓိပၸာယ္ပါ။ စပါးစ္ရဲ႕ ပစ္မွတ္က အဆင့္ ၄ ေနရာမွာ ၿပီးဆုံးဖို႔ ျဖစ္ၿပီး ဒီပြဲမွာ သေရ ၁ မွတ္နဲ႔ ေက်နပ္မွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၃)

ဘရန႔္တ္ဖို႔ဒ္-ရွက္ဖီး

ရွက္ဖီးက ရမွတ္ေတြရဖို႔ တိုက္ပြဲဝင္ေနတုန္းဆိုေပမယ့္ သူတို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ ဆက္ေနဖို႔ ေမွ်ာ္လင့္ခ်က္နည္းနည္းေလးရွိရင္ေတာင္မွ ကြၽန္ေတာ္ကေတာ့ မထင္ပါဘူး။ ၿပီးခဲ့တဲ့အပတ္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ရခဲ့တဲ့ အမွတ္က ရွက္ဖီးရဲ႕ ၄ ပြဲမွာ ၃ ပြဲေျမာက္သေရပြဲပါ။ ဒါေပမယ့္ သူတို႔က ဇယားေအာက္ေျခမွာ ရွိေနရတာေၾကာင့္ ပရီးမီးယားလိဂ္မွာရွင္သန္က်န္ရစ္ဖို႔ ႏိုင္ပြဲေတြ မျဖစ္မေနလိုေနပါၿပီ။ ဘရန႔္တ္ဖို႔ဒ္ရဲ႕ ၿပီးခဲ့တဲ့ရလဒ္ေတြကို ၾကည့္လိုက္ရင္လည္း ရွက္ဖီးနဲ႔ အလားတူပဲ။ ဒါေပမယ့္ ကြာတာက ပ်ားေတြက တန္းဆင္းဇုန္အထက္မွာပါ။ သူတို႔အတြက္ အႏၲရာယ္မရွိေပမယ့္ ဒီပြဲႏိုင္ရင္လည္း သူတို႔အတြက္ ႀကီးမားတဲ့ရလဒ္ျဖစ္မွာပါ။ သူတို႔ေတြက ရွက္ဖီးထက္ တိုက္စစ္ပိုင္းမွာ အရည္အေသြးပိုရွိတယ္။ အဲဒါကပဲ စကားေျပာသြားမယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၀)

ဘန္ေလ-ဘ႐ိုက္တန္

ဇယားကိုၾကည့္ရင္ ဘန္ေလက ေနာက္ဆုံး ၆ ပြဲကေန ႏိုင္ပြဲ ၄ ပြဲေလာက္ရမွ တန္းမဆင္းရမွာပါ။ ဒါက သူတို႔ေတြ ဒီရာသီကစားခဲ့တဲ့ ၃၂ ပြဲက ႏိုင္ပြဲအေရအတြက္နဲ႔ တူေနပါတယ္။ အဲဒီေတာ့ အႏၲရာယ္ရွိတဲ့အေျခအေနျဖစ္လာေတာ့မွာပါ။ သူတို႔ေတြ ဒီပြဲကေန တခုခုေတာ့ ရႏိုင္မွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

မန္စီးတီး-လူတန္

မန္စီးတီးက ဒီရာသီအေစာပိုင္း ကန္ေနးလ္ေဝါ့သ္႐ုဒ္မွာ လူတန္ကို အႏိုင္ယူခဲ့ၿပီးေတာ့ အက္ဖ္ေအဖလားမွာလည္း ျဖဳတ္ပစ္ႏိုင္ခဲ့တယ္။ ဒီပြဲက ဒီရာသီ သူတို႔ ၂ သင္းေနာက္ဆုံးေတြ႕တဲ့ပြဲပါ။ စီးတီးကပဲ သက္ေတာင့္သက္သာအႏိုင္ရသြားမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၀)

ေဖာရက္စ္-ဝုဗ္

ေဖာရက္စ္အတြက္ ၿပီးခဲ့တဲ့အပတ္က စပါးစ္နဲ႔ပြဲက ရႈံးပြဲကေန ျပန္လာဖို႔ လိုပါတယ္။ ကြၽန္ေတာ္ အၿမဲေတြးခဲ့တာက ဝုဗ္က စုဖြဲ႕မႈေကာင္းတယ္။ ဒါေပမယ့္လည္း သူတို႔ေတြက ေနာက္ဆုံး ၅ ပြဲမွာ ၁ ပြဲပဲ အႏိုင္ရခဲ့တယ္။ ဝုဗ္နည္းျပ ဂယ္ရီ အိုေနးလ္က ဝက္စ္ဟမ္းကို ရႈံးတဲ့ပြဲမွာ ေနာက္က်ဂိုးကို ပယ္ဖ်က္ခံရလို႔ ေဒါသထြက္ေနဦးမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

ဘုန္းေမာက္-မန္ယူႏိုက္တက္

မန္ယူႏိုက္တက္နည္းျပ တန္ဟက္က ဘရန႔္တ္ဖို႔ဒ္၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔နဲ႔ ပြဲေတြကို အႏိုင္ရခဲ့သင့္တယ္လို႔ ေျပာတယ္။ အဲဒီလိုေျပာတာက သူတို႔ေတြ ေတြ႕ဆုံတဲ့တစ္ႀကိမ္ခ်င္းစီက အခ်က္ေတြအေပၚမွာ မူတည္ၿပီးေျပာတာတဲ့။ ကြၽန္ေတာ္ကေတာ့ ဘယ္ပြဲကို သူၾကည့္ေျပာတာလဲ သိခ်င္ပါတယ္။ လီဗာပူးလ္နဲ႔ပြဲကိုၾကည့္ရင္ တစ္ပြဲလုံး သူတို႔ ခံေနရတယ္။ ဘရန႔္တ္ဖို႔ဒ္ကလည္း အခြင့္အေရးေတြ ျဖဳန္းခဲ့တယ္။ ခ်ဲလ္ဆီးနဲ႔ပြဲမွာလည္း ကိုင္ေဆဒို ေနာက္ျပန္တလြဲေပးခဲ့လို႔ သူတို႔ကံေကာင္းသြားတာပါ။ ဘုန္းေမာက္က ဒီဇင္ဘာတုန္းက အိုးထရက္ဖို႔ဒ္မွာ ၃-၀ နဲ႔ အႏိုင္ရတုန္းက အရမ္းေကာင္းခဲ့တယ္။ သူတို႔ေတြ ဒီပြဲမွာလည္း ထပ္လုပ္ႏိုင္မယ္ထင္ပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

လီဗာပူးလ္-ပဲေလ့စ္

လီဗာပူးလ္အတြက္ မျဖစ္မေနအႏိုင္ကစားရမယ့္ပြဲပါ။ သူတို႔ေတြ ယူ႐ိုပါလိဂ္မွာ အတၱလႏၲာကို အန္းဖီးမွာ ဂိုးျပတ္ရႈံးနိမ့္ခဲ့လို႔ စိတ္ပ်က္ခဲ့ၾကမွာပါ။ အဲဒါကို အားအျဖစ္ ျပန္သုံးရမယ္။ ကေလာ့ပ္ရဲ႕အသင္းမွာ ျပႆနာတစ္ခုရွိတာက ဆာလားက ဒဏ္ရာကျပန္လာကတည္းက အရင္တုန္းကလို မထက္ျမက္ဘူးျဖစ္ေနတယ္။ အခြင့္အေရးေတြ လြဲခဲ့တယ္။ ပဲေလ့စ္က ဘန္ေလကို အႏိုင္ရၿပီးကတည္းက ေနာက္ဆုံး ၅ ပြဲစလုံး ႏိုင္ပြဲမရခဲ့ဘူး။ သူတို႔ေတြ ရမွတ္အခ်ိဳ႕ရဖို႔လိုတယ္။ အဲဒါမွ တန္းဆင္းဇုန္နဲ႔ ေရွာင္လႊဲႏိုင္မွာပါ။ ဒါေပမယ့္ အန္းဖီးမွာေတာ့ မရႏိုင္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၀)

ဝက္စ္ဟမ္း-ဖူလ္ဟမ္

ဘိုဝင္ရဲ႕ဒဏ္ရာက ဝက္စ္ဟမ္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့တယ္ဆိုတာ ေလဗာကူဆင္ကို ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္မွာ ရႈံးနိမ့္ခဲ့တဲ့ပြဲက သက္ေသပါပဲ။ ဒီပြဲကေတာ့ သေရေလာက္ပဲ သြားပါလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၂)

အာဆင္နယ္-အက္စတန္ဗီလာ

အာဆင္နယ္က ဘိုင္ယန္နဲ႔ ကစားခဲ့တဲ့ပြဲက စြမ္းေဆာင္ရည္အတြက္ နည္းနည္း ေဝဖန္ခံခဲ့ရတယ္။ ဒါေပမယ့္ သူတို႔ကစားတာ မဆိုးပါဘူး။ ဂန္းနားေတြအတြက္ ဒီပြဲက နည္းနည္း အႏၲရာယ္မ်ားတဲ့ပြဲျဖစ္ၿပီး အူႏိုင္းက အမ္းမရိတ္စ္ကို ျပန္လာမွာပါ။ ခရစၥမတ္မတိုင္ခင္က ဗီလာက သူတို႔ကို အႏိုင္ယူခဲ့ၿပီး သူတို႔ေတြက တိုက္စစ္ပိုင္းမွာ အရမ္းအႏၲရာယ္ရွိတဲ့အသင္းပါ။ ဗီလာက ဒီပြဲမွာလည္း ဂိုးရမွာ ေသခ်ာေပမယ့္ အာဆင္နယ္ထက္ေတာ့ ပိုမသြင္းႏိုင္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၁)

ခ်ဲလ္ဆီး-အဲဗာတန္

ခ်ဲလ္ဆီးပြဲဆိုရင္ ထုံးစံအတိုင္းပဲ ဒီပြဲအတြက္ ဘာေျပာရမလဲ မသိဘူး။ သူတို႔ေတြရလဒ္ကို ျပန္ၾကည့္ရင္ လိဂ္မွာ ၇ ပြဲအထိ ရႈံးပြဲမရွိဘူး။ ဒါေပမယ့္ အဲဒီထဲက ၄ ပြဲကို သေရက်ခဲ့တယ္။ အဲဗာတန္က ပိုခ်က္တီႏိုရဲ႕အသင္းကို ဂြတ္ဒီဆင္ပါ့ခ္တုန္းက အႏိုင္ယူခဲ့တယ္။ဒါေပမယ့္ အဲဗာတန္က ၿပီးခဲ့တဲ့အပတ္က ၂၀၂၄ ခုႏွစ္အတြင္း ပထမဆုံးႏိုင္ပြဲရခဲ့တယ္။ ဘန္ေလကို အႏိုင္ယူခဲ့တာက သူတို႔အတြက္ ႀကီးမားတဲ့ရလဒ္ပါ။ ဒါေပမယ့္ သူတို႔ေတြ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အဲဒီအတိုင္း လိုက္လုပ္ႏိုင္ဖို႔ လိုတယ္။ ခ်ဲလ္ဆီးက ပိုခ်က္တီႏိုေျပာသလိုပဲ တိုးတက္ေနဆဲအသင္းျဖစ္တာေၾကာင့္ ဒီပြဲမွာ အဲဗာတန္က ၁ မွတ္ရယူသြားမယ့္ဘက္က ကြၽန္ေတာ္ရွိပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.