Match Report Premier League

ဖောရက်စ်ကို တကြောဖြတ်ပြီး ထိပ်ဆုံး ၄ နေရာထဲ တက်လှမ်းနိုင်ခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးဟာ တနင်္ဂနွေနေ့ညက နော်တင်ဟမ် ဖောရက်စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာထဲကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အန်ဂီ ပိုစတီကိုဂလူရဲ့အသင်းအတွက်တော့ ချောချောမွေ့မွေ့ စတင်နိုင်ခဲ့တဲ့ပွဲမဟုတ်ခဲ့ပေမယ့်လည်း ပထမပိုင်းမှာ မူရီလိုရဲ့ အုန်းဂိုးနဲ့ ဒုတိယပိုင်းမှာ ဗန်ဒဗင်နဲ့ ပေါ်ရိုတို့ ဆက်တိုက် သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ခရစ္စ ဝုဒ်ဟာ ပထမပိုင်းအလယ်လောက်မှာ ချေပဂိုး ပြန်သွင်းယူသွားခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးတို့ ခြိမ်းခြောက်မှု ခံခဲ့ရပေမယ့်လည်း ဒုတိယပိုင်း ၅၂ မိနစ်နဲ့ ၅၈ မိနစ်တို့မှာ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်စပါးစ်ဟာ ပွဲကစားချိန် အစောပိုင်းမှာ ပုံမှန်လုပ်နေကျ ဘောလုံးပေးပို့မှုတွေ၊ ရွေ့လျားမှုတွေနဲ့ အသာစီးရယူနိုင်ခဲ့ပေမယ့်လည်း နော်တင်ဟမ်ဖောရက်စ် နောက်ခံလူ မူရီလိုရဲ့ ကန်ချက်ကြောင့် ဂိုးပေးရလုနီးပါးဖြစ်ခဲ့ပါတယ်။

နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ မူရီလိုက တီမို ဗာနာရဲ့ အန္တရာယ်ရှိတဲ့ ဖြတ်တင်ပေးပို့မှုကို ရှင်းထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပြီး ၂၇ မိနစ် ခရစ္စ ဝုဒ်က အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ဧည့်သည်တွေအတွက် ချေပဂိုး ပြန်သွင်းယူပေးခဲ့ပါတယ်။

ခရစ္စ ဝုဒ်အနေနဲ့ စပါးစ်နဲ့ပွဲမှာ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သင့်ပေမယ့်လည်း အနီးကပ် ကန်ချက်က ဂိုးတိုင်ကို ထိမှန်သွားတာကြောင့် နော်တင်ဟမ် ဖောရက်စ်တို့ နစ်နာခဲ့ရတာ ဖြစ်ပါတယ်။

ပိုစတီကိုဂလူက ပထမပိုင်းအပြီးမှာ ကွင်းလယ် ၂ နေရာကို အပြောင်းအလဲ လုပ်ခဲ့ပြီး ဘန်တန်ကာနဲ့ ဟော့ဂျက်တို့ကို လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒဗင်နဲ့ ပေါ်ရိုတို့က ၅၂ မိနစ်ကနေ ၅၈ မိနစ်အတွင်း ဂိုးကိုယ်စီ သွင်းယူသွားခဲ့ကြပြီး ဖောရက်စ်ဟာ ပြန်လာနိုင်မယ့်ပုံ မပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် တော့တင်ဟမ်ဟော့စပါးဟာ အက်စတန် ဗီလာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၄ နေရာကို တစ်ပွဲလျော့နဲ့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဖောရက်စ်ကလည်း လူတန်ကို ဂိုးကွာခြားချက်နဲ့ အဆင့် ၁၇ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

SportsA2Z

ZAWGYI:
ေတာ့တင္ဟမ္ေဟာ့စပါးဟာ တနဂၤေႏြေန႔ညက ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာထဲကို တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အန္ဂီ ပိုစတီကိုဂလူရဲ႕အသင္းအတြက္ေတာ့ ေခ်ာေခ်ာေမြ႕ေမြ႕ စတင္ႏိုင္ခဲ့တဲ့ပြဲမဟုတ္ခဲ့ေပမယ့္လည္း ပထမပိုင္းမွာ မူရီလိုရဲ႕ အုန္းဂိုးနဲ႔ ဒုတိယပိုင္းမွာ ဗန္ဒဗင္နဲ႔ ေပၚ႐ိုတို႔ ဆက္တိုက္ သြင္းယူခဲ့တဲ့ ဂိုးေတြေၾကာင့္ အႏိုင္ ၃ မွတ္ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ခရစၥ ဝုဒ္ဟာ ပထမပိုင္းအလယ္ေလာက္မွာ ေခ်ပဂိုး ျပန္သြင္းယူသြားခဲ့တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ ၿခိမ္းေျခာက္မႈ ခံခဲ့ရေပမယ့္လည္း ဒုတိယပိုင္း ၅၂ မိနစ္နဲ႔ ၅၈ မိနစ္တို႔မွာ သြင္းယူခဲ့တဲ့ ဂိုးေတြေၾကာင့္ အဆင့္ ၄ ေနရာကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္စပါးစ္ဟာ ပြဲကစားခ်ိန္ အေစာပိုင္းမွာ ပုံမွန္လုပ္ေနက် ေဘာလုံးေပးပို႔မႈေတြ၊ ေ႐ြ႕လ်ားမႈေတြနဲ႔ အသာစီးရယူႏိုင္ခဲ့ေပမယ့္လည္း ေနာ္တင္ဟမ္ေဖာရက္စ္ ေနာက္ခံလူ မူရီလိုရဲ႕ ကန္ခ်က္ေၾကာင့္ ဂိုးေပးရလုနီးပါးျဖစ္ခဲ့ပါတယ္။

ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ မူရီလိုက တီမို ဗာနာရဲ႕ အႏၲရာယ္ရွိတဲ့ ျဖတ္တင္ေပးပို႔မႈကို ရွင္းထုတ္ဖို႔ ႀကိဳးစားရင္း ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တာျဖစ္ၿပီး ၂၇ မိနစ္ ခရစၥ ဝုဒ္က အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ ဧည့္သည္ေတြအတြက္ ေခ်ပဂိုး ျပန္သြင္းယူေပးခဲ့ပါတယ္။

ခရစၥ ဝုဒ္အေနနဲ႔ စပါးစ္နဲ႔ပြဲမွာ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့သင့္ေပမယ့္လည္း အနီးကပ္ ကန္ခ်က္က ဂိုးတိုင္ကို ထိမွန္သြားတာေၾကာင့္ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ နစ္နာခဲ့ရတာ ျဖစ္ပါတယ္။

ပိုစတီကိုဂလူက ပထမပိုင္းအၿပီးမွာ ကြင္းလယ္ ၂ ေနရာကို အေျပာင္းအလဲ လုပ္ခဲ့ၿပီး ဘန္တန္ကာနဲ႔ ေဟာ့ဂ်က္တို႔ကို လူစားဝင္ကစားေစခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါး ေနာက္ခံလူေတြျဖစ္တဲ့ ဗန္ဒဗင္နဲ႔ ေပၚ႐ိုတို႔က ၅၂ မိနစ္ကေန ၅၈ မိနစ္အတြင္း ဂိုးကိုယ္စီ သြင္းယူသြားခဲ့ၾကၿပီး ေဖာရက္စ္ဟာ ျပန္လာႏိုင္မယ့္ပုံ မေပၚခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးဟာ အက္စတန္ ဗီလာနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ ၄ ေနရာကို တစ္ပြဲေလ်ာ့နဲ႔ တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ေဖာရက္စ္ကလည္း လူတန္ကို ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၁၇ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

SportsA2Z